
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံရုံးမှ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၂၀.၇.၂၀၂၆)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့ရှိဆေးဆိုင်များအား အာဟာရဖြည့်စွက်စာများ ရောင်းချမှုအခြေအနေအားနယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံမှ ဆေးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော၂၀၁၉ပါ ဥပဒေ ပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ လိုက်နာဆောင်ရွက်ကြရန် အာဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ထားသိုသိမ်းဆည်းမှုအညွှန်းအတိုင်း ထားသိုရောင်းချ ကြရန် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း စစ်ဆေးရောင်းချကြရန် ဆေးဆိုင်ပိုင်ရှင်များအား သတိပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
