Main menu

HighLight News

Powered by Drupal

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ  ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၆.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းများအား  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည်  ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မိသားစုတစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းများတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/ မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာ ထောက်ခံချက်များရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် လမ်းမတော်(မ)ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းသို့ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၅.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ အနော်ရထာလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းသို့ သွားရောက်၍ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက မုန့်ဖတ် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော မုန့်ဖတ်များအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/ မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသောစံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၈.၂၀၂၅) ရက် နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ(၁၀၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း ကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် စိန်ရတနာ ၁  ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ (၁)ရပ်ကွက်ရှိ စိန်ရတနာ ၁ ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

            အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများ ပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် စိန်ရတနာ၂  ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ (၁)ရပ်ကွက်ရှိ စိန်ရတနာ၂ ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

           အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့်အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် ပွင့်သစ်ကျော် ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ စက်မှုဇုံရှိ ငွေဇင်ယော်ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

             အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

မြောင်းမြမြို့နယ် ရွှေဇင်ယော် ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

             အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများ ပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့်အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် စိန်ရတနာ ၃ ဆန်စက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ စိန်ရတနာ ၃ ဆန်စက်  သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

          အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများ ပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့်အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် မနောသုခ ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာရှိ မနောသုခ ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

              အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် ခိုင်ရတနာ  ဆန်စက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ ခိုင်ရတနာဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

           အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News