Main menu

HighLight News

Powered by Drupal

မြန်မာဂိုးဒင်းရော့ခ်အင်တာနေရှင်နယ် ကုမ္ပဏီသို့ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့ (၀၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေနှင့် ဒေါ်သင်းစံပယ်ဦးတို့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လှိုင်မြို့နယ်ရှိ အမှတ်(၁၈)၊ ၆ လွှာ၊ ICT Park ၊ လှိုင်တက္ကသိုလ်၊ ကန်ပတ်လမ်းရှိ မိတ္တူကူးစက်၊ ငွေရေစက်၊ Printer၊ အရောင်း ဆိုင်သို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင် ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်မာဂိုးဒင်းရော့ခ်အင်တာနေရှင်နယ် ကုမ္ပဏီသို့ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့ (၀၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေနှင့် ဒေါ်သင်းစံပယ်ဦးတို့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လှိုင်မြို့နယ်ရှိ အမှတ်(၁၈)၊ ၆ လွှာ၊ ICT Park ၊ လှိုင်တက္ကသိုလ်၊ ကန်ပတ်လမ်းရှိ မိတ္တူကူးစက်၊ ငွေရေစက်၊ Printer၊ အရောင်းဆိုင်သို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင် ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လူသုံးကုန်ပစ္စည်းအရောင်းဆိုင်သို့ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေ နှင့် ဒေါ်သင်းစံပယ်ဦးတို့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လှိုင်မြို့နယ်ရှိ The Leaf Residence Tower C-108 ၊(၇) ရပ်ကွက်၊ ဓမ္မသုခကျောင်းလမ်းရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ အစည်းအဝေး ကျင်းပ

   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာန၊ အစည်းအဝေးခန်းမ၌ (၁၆.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။

           ထိုသို့ကျင်းပရာတွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးအောင်ဘော်မှ ရွေးကောက်ပွဲကျင်းပရန် မဲရုံမှူးစာရင်းများ ကြိုတင်ပြုလုပ်ရန်၊ ရွေးကောက်ပွဲကိုယ်စားလှယ်မှ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆင့်ပွားသင်တန်းများအား ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်နိုင်ရေး၊ ရပ်ကွက်များ၌ ထားရှိမည့်မဲရုံများတွင် တာဝန်ချထားရေးကိစ္စရပ်များနှင့် ရုံးများတွင် အမှိုက်ပုံးများအား ဝါ၊ စိမ်း၊ နီ၊ ပြာဖြင့် အတွဲလိုက်ဝယ်ယူသုံးစွဲရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်(၂)ဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           (၁၆.၆.၂၀၂၅)ရက်နေ့ ညနေ (၀၄:၅၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်(၂)ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော တောင်ငူလမ်း ရှိ ငွေဇင်ယော်နှင့် နဒီကျော်ဆိုင်ရှင်များမှ မိုးတွင်းကာလဖြစ်သောကြောင့် အိမ်ဆောက်သူများ နည်းပါးသဖြင့် အရောင်းအဝယ်အေးပါကြောင်း၊ ဈေးနှုန်းများကိုလည်း ဝယ်ယူဈေးထက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချပါကြောင်း၊ ဝယ်ယူသူများအဆင်ပြေစေရန် ဈေးမှန်၊ ပစ္စည်းမှန်ဖြင့် ရောင်းချပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အုပ်ချုပ်ရေးမှူးက ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်ရောင်းချခြင်းရှိက ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အမှတ်(၁၆)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          (၁၆.၆.၂၀၂၅)ရက်နေ့ ညနေ (၀၄:၂၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်ရှိ အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်း၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျော်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီလာဉီး၊ သောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်ဉီးပါ(၅)ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၁၆)ရပ်ကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန် ရည်ရွယ်ချက်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     (၁၆.၆.၂၀၂၅)ရက်နေ့ ညနေ (၀၃:၄၀) နာရီအချိန်တွအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးဦးထွန်းထွန်းလင်း၊ ရဲမှူးမောင်မောင်ကျော်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီလာဦး၊ သောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်လျက် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၁၄)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ မိဘမေတ္တာ-၂၊ ချောင်းသာလမ်းရှိ ရွှေကမ္ဘာနှင့်မန္တလေးလမ်းရှိ ဆွေကောင်းလျှံဆိုင်များသို့ စစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းလည်းမရှိပါကြောင်း သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးပြီး သိုလှောင်ထားခြင်းလည်း မရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

   

အမှတ်(၉)ရပ်ကွက်ရှိ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        (၁၆.၆.၂၀၂၅)ရက်နေ့ ညနေ (၀၃:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် လှိုင်သာယာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်း၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီလာဦး၊ သောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်ဉီးပါ(၅)ဉီးနှင့် အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းအဖွဲ့ဖြင့် စစ်ကိုင်းလမ်းပေါ်ရှိ ဦးမျိုး၊ မင်းဘူးလမ်းရှိ ဉီးသန့်ဇော်ဆိုင်များတွင် ရောင်းချနေသော ဈေးနှုန်းများမှာ ဝယ်ယူဈေးထက်သင့်တင့်မျှတသော အမြတ်သာယူ၍ ရောင်းပါကြောင်း ဝယ်ယူသူများ အဆင်ပြေအောင် ဆောင်ရွက်ပေးပါကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်းမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ၊ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျောက်ပန်းတောင်းမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး

       မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမှ   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ(၆)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီ အချိန်တွင် စံပြရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

             အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေး လုပ်ငန်းရှင်များက ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ် အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်း အချိုးအစား၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ၊ ဥပဒေပါပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှလည်းတိုင် ကြားနိုင်ခြင်း၊ Consumer Call Center ဖုန်းနံပါတ် (1535)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာနအကြောင်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများ နှင့်ဥပဒေ အကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာသောလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေး နွေးခဲ့ကြသည်။ အဆိုပါအသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင်(၆၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)          

ကျောက်ပန်းတောင်းမြို့ပေါ်ရှိပဲကြော်လုပ်ငန်းအား ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၃.၆.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ “အေးချမ်းမြ” ပဲကြော်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန် ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဘေးထွက် ဆိုးကျိုးသို့မဟုတ်ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ စသည့်ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီသော ကုန်စည်များ ရောင်းချမှုရှိ/မရှိအားစစ်ဆေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာ ကွယ်ရေးဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းနှင့်စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့်ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ဖော်ပြရမည်ဖြစ်သလို ဖြန့်ဖြူးရောင်းချသူများမှာလည်း အဆိုပါအချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များသာ ရောင်းချရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်မှုပြုလုပ်ကြရန် ဆွေးနွေးဟောပြောခဲ့သည်။

           အဆိုပါ ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းကို နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်မှုပြီးစီးကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News