Main menu

HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

            (၇-၈-၂၀၂၅) ရက် နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်နှင့် (၇)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိတို့ကို မြို့နယ်မြေပြင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးအောင်လွင်က မြို့နယ်အတွင်း ရောင်းချနေသော ဈေးနှုန်းများကို အပတ်စဉ် စာရင်းကောက်ခြင်း၊ ဈေးနှုန်းသုံးသပ်ခြင်း၊ သင်တင့်မျှတသောဈေးဖြင့် ရောင်းချနိုင်ရန်ကြပ်မတ်ခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

DOCA(ဧရာဝတီ)

ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို (၇.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က မအူပင်မြို့နယ်အတွင်းလိုက်လံစစ်ဆေးကြောင်းသိရသည်။

              အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းသံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံး သံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ပြည်ပနိုင်ငံများမှ တင်သွင်း၍လည်းကောင်း၊ ပြည်တွင်းထုတ်လုပ်၍လည်းကောင်း စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေ ရေးလိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၆.၈.၂၀၂၅) ရက်နေ့၊ နေလယ် (၁၂း၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်မီးသတ်အရာရှိတို့နှင့် အတူ  လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီဆိုင်သို့ သွားရောက်၍ ဓာတ်ဆီ 92/95 ဈေးနှုန်း၊ ဒီဇယ်ဈေးနှုန်းများ မှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိနှင့် ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝင်ရောက်မှုအခြေအနေ၊ လက်ကျန်အခြေအနေများကို အမျိုးအစားအလိုက် (၁) တန်ချင်း သတ်မှတ်ပေတံများဖြင့် စစ်ဆေးပြီး၊ တောင်သူများ စိုက်ပျိုးရာသီနီးကပ်လာသဖြင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မော်တော်ယာဉ်နှင့် ရေယာဉ်များကို ပုံမှန်ရောင်းချရန် သယ်ယူရောင်းချခွင့်မရှိသောပုံးများနှင့် သယ်ယူရောင်းချခြင်းကို လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်ယူနစ်အတိုင်း ရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ တောင်သူများအား MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

             ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၅.၈.၂၀၂၅) ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်သူ (၁၅၇) ဦးအား ဆန်/ စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ၊ သိုလှောင်ရုံအရွယ်အစားအလိုက် မှတ်ပုံတင်ကြေးကောက်ခံမှု၊ ဆန်တန်ချိန် (၂၅၀၀) အထက် သိုလှောင်ရုံများဖြစ်ရန်လိုအပ်ကြောင်း၊ မိမိပိုင် ဆန်/ စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးရလဒ်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျုံပျော်မြို့နယ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ စိုက်ပျိုးစရိတ်ချေးငွေလာရောက်ထုတ်ယူသည့် တောင်သူများအား MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

           ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့  စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသည့် တောင်သူ (၁၅၀) ဦးအား (MYRO) မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး၊ မှတ်ပုံတင်ရန် သတ်မှတ်ထားသော ပမာဏထက် သိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ထားပါက အရေးယူခံရကြောင်းမှာ မဟုတ်မမှန်သတင်းများသာဖြစ်ကြောင်း အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျေးလက်နေပြည်သူများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် ရောင်းချပေးနေမှု အခြေအနေ နှင့် စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

                    ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးသို့ စိုက်စရိတ်ချေးငွေ လာရောက်ထုတ်ယူသည့် ကျေးရွာအုပ်စုအလိုက်ပြည်သူ (၁၅၀)ဦးခန့်သို့ စားအုန်းဆီ ထုတ်ယူခွင့် စာအုပ်ဖြင့် (၁၀)ရက်လျှင်တစ်ကြိမ် ဝယ်ယူရရှိမှု ရှိ၊ မရှိ ဝယ်ရစျေးနှုန်း၊ အလေးချိန် ပြည့်ဝစွာရရှိမှုရှိ၊ မရှိ အခြေအနေများ မေးမြန်းဆွေးနွေးပြီး စာအုပ်ပြုလုပ်ရန် ကျန်ရှိသော ပြည်သူများမှ ဆက်လက်တင်ပြဆောင်ရွက်သွားရန်၊ စားအုန်းဆီရောင်းချဖြန့်ဖြူးနေမှုနှင့် နယ်အရောက် ရောင်းချရန်စျေးနှုန်း သတ်မှတ်ပေးထားပြီး သတ်မှတ်စျေးနှုန်းဖြင့် (၁၀)ရက် တစ်ကြိမ် ဝယ်ယူရရှိစေရေး ရှင်းလင်း ဆွေးနွေးပြီး စားသုံးသူအခွင့်အရေး နစ်နာမှုရှိပါက ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ.မ.က ရွှေဘိုတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

             (၇.၈.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရွှေဘိုတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၄၁) ဦးတို့အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောင်းကော်မတီအဖွဲ့များနှင့် အတူ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍  ကျောင်းအသိပညာပေးဟောပြောခဲ့ပါသည်။

            ထိုသို့ ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ လူငယ်နှင့် ရည်မှန်းချက် အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်၊ နန်းလုံးကြိုင် အ.လ.က ကျောင်း စားသုံးသူအသိပညာပေးဟောပြောခြင်း

           ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး သည် (၇.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အ.လ.က နန်းလုံးကြိုင်ကျောင်းတွင် ဆရာ/ ဆရာမ (၁၂) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၁၈) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်နှင့် စားသုံးသူများ ရရှိနိုင်မည့် စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့်အချက်များ၊ စားသုံးသူများ ပစ္စည်းဝယ်ယူသုံးစွဲရာတွင် မည်သည်တို့ကိုကြည့်၍ ဝယ်ယူရမည်ကို ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက် လွယ်အောင် ရှင်းလင်းပြောကြား၍ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် စားသုံးသူအသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ MyRo မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တောင်သူများသိရှိနိုင်ရေး အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၈.၂၀၂၅) ရက် နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်သူ(၉၇)ဦးအား MyRo မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ သိုလှောင်ပါက အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်း ၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား တောင်သူများသိရှိနိုင်ရေး အသေးစိတ် အသိပညာ ပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၇.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြန်အောင် မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ဟင်းသီးဟင်းရွက် ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News