
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ ၃.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများသည် ဒဂုံမြို့နယ်နှင့် ဗဟန်းမြို့နယ်များသို့ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ သို့သွားရောက်၍ စားအုန်းဆီများသတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် အပြည့်အဝရောင်းချမှု ရှိ/ မရှိနှင့် အိမ်ထောင်စုစာရင်း(သို့)စာအုပ်စနစ်ဖြင့် ရောင်းချပေးရာတွင် ပြည်သူများပိုမိုအဆင်ပြေစွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမဖြစ်ပေါ်စေရေး၊ ဆီအရည်အသွေးမှန်ကန်မှုရှစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
