ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူဈေးကွက်၌ မေလ(စတုတ္ထပတ်)တွင် ထောပတ်ပဲ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မေလတွင် ထောပတ်ပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထောပတ်ပဲကို ပခုက္ကူ ခရိုင်အတွင်းရှိ ကျွန်းများ၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ် လျက်ရှိ ပါသည်။ ပခုက္ကူခရိုင်တွင် ထောပတ်ပဲ စိုက်ပျိုးဧကမှာ (၂၃၀၀) ကျော်ရှိပြီး ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူ တည်၍ တစ်ဧကအထွက်နှုန်းမှာ တင်း(၂၀)မှ (၂၅)တင်းထိ ထွက်ရှိကြောင်း၊ တစ်ဧကလျှင် တစ်တင်း စိုက်ပျိုးရကြောင်း၊ ထောပတ်ပဲကို သီတင်းကျွတ်မှ စတင်စိုက်ပျိုးကြပြီး တပေါင်းတန်ခူးတွင် အသီး များခူးဆွတ်ရကြောင်း တောင်သူများထံမှ သိရှိသည်။ ထောပတ်ပဲကို စတင်စိုက်ပျိုးချိန်မှစ၍ တစ်လခွဲ အကြာတွင် အပွင့်များစတင်ပွင့်ပြီး အပွင့်ပွင့်ချိန်တွင် အသီး အားတိုးဆေး ကောမတ်မြေဩဇာ ကျွေးရကြောင်း၊ တစ်ဧကလျှင် လုပ်သားခ၊ မျိုးအပါအဝင် ကျပ်(၄)သိန်းကျော် ကုန်ကျကြောင်း စိုက်တောင်သူများထံမှ သိရှိရပါသည်။

              ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊  မေလ (စတုတ္ထပတ်)တွင် ကျွန်းထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ် (၇၀၅၀၀) ၊ ယောထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၇၁၀၀၀)ဈေးဖြစ်ပြီး  (ပထမပတ်)တွင် ကျွန်း ထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ်(၆၄၀၀၀)၊ ယောထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၆၅၀၀၀) ဖြစ်ခဲ့ ၍ယခင်(ပထမပတ်)နှင့် နှိုင်းယှဉ်ပါကတစ်တင်းလျှင် ကျပ် (၁၀၀၀၀)ခန့် ဈေးကျနေပြီး နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ (၃၀၀ မှ ၁၀၀၀)ထိ ဝင်ရောက်ခဲ့ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည် အောက်ပိုင်းသို့တစ်လလျှင် အိတ်ရေအားဖြင့်  (၄၀၀၀)ကျော် တင်ပို့နေကြောင်း၊ ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ရေစကြိုမြို့နယ်အတွင်း မတ်ပဲစိုက်တောင်သူများ တွက်ခြေကိုက်လျက်ရှိ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပဲစဉ်းငုံ၊မြေပဲ၊နှမ်း၊ပဲတီစိမ်း၊ CP ပြောင်းဖူးစေ့၊ ထောပတ်ပဲနှင့် မတ်ပဲ သီးနှံများကို အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ ရေစကြို မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ချင်းတွင်းမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာ များတွင် သီးထပ်အဖြစ် နွေမတ်ပဲ သီးနှံများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုး ကြပါသည်။ ကူတုတ်ကျေးရွာတွင်  ဧက (၁၀၀)ခန့် စိုက်ပျိုးထားရှိပြီး () ဧက စိုက်ပျိုးထားရှိသည့် တောင်သူ ဦးဝင်းထွန်းမှ ယခင်နှစ်က  () ဧက စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခ စုစုပေါင်းကုန်ကျ စရိတ်မှာ ကျပ် () သိန်း မှ ကျပ် (၁၀) သိန်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် () ဧက စိုက်ပျိုး စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၁၀) သိန်း မှ ကျပ် (၁၅) သိန်းခန့် ကုန်ကျကြောင်း ပြောကြားချက်အရ သိရှိရပါသည်။

မတ်ပဲ () ဧက ထွက်ရှိမှုအနေဖြင့် ရာသီဥတုအခြေအနေအပေါ်မှုတည်၍ အထွက်တင်းများ ကွာခြားလျက်ရှိပါသည်။ ယခင်နှစ်က မိမိအနေဖြင့် ()ဧကခန့် စိုက်ပျိုးခဲ့ရာ () ဧကလျှင် (၂၂)တင်း ခန့် ထွက်ရှိခဲ့ပြီး ()တင်းလျှင် ကျပ် (၉၀၀၀၀)ဖြင့် ရောင်းချခဲ့ရသည့်အတွက် အကျိုးအမြတ် ကျပ် () သိန်းခန့် ရရှိခဲ့ပါသည်။ယခုနှစ်အနေဖြင့် ရာသီဥတုအခြေအနေကောင်းသောကြောင့် () ဧကကို အထွက် (၂၅) တင်း ထွက်ရှိခဲ့ပြီး မတ်ပဲ () တင်းလျှင် ဈေးနှုန်းကျပ် (၉၃၀၀၀) ဖြင့် ရောင်းချခဲ့ရ သည့်အတွက် အကျိုးအမြတ်အနေဖြင့် () ဧက ကျပ် (၈၂၅၀၀၀)ခန့်ရရှိကြောင်း ကူတုတ်ကျေးရွာ ရှိ မတ်ပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၃၈၇ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် ၇,၃၈၇ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၆-၅-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၆-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ပန်းတောင်းမြို့နယ်အတွင်း နံနံပင်စိုက်ပျိုးထွက်ရှိမှု

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်၊ သောင်ပြင်ကွင်း တောင်သူ ဦးမျိုးဇော် နံနံပင် စိမ်းမြမြ စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ စိုက်ပျိုးမြေမှာ (၁) ဧက စိုက်ပျိုးပြီး မျိုးမှာ စိမ်းမြမြမျိုးဖြစ်ပါသည်။ စိုက်ပျိုးမြေတစ်ဧကတွင် နံနံ (၅)ထုတ် ကုန်ကျကြောင်း သိရပါသည်။ မျိုး တစ်ထုတ်မှာ ကျပ် ၂၄ဝဝဝ ဖြစ်ပြီး (၅) ထုတ်မှာ ကျပ် ၁၂ဝဝဝဝ ရှိကြောင်း သိရပါသည်။ ထွန်ယက်ခမှာ ကျပ် ၄ဝဝဝဝ ကုန်ကျပါသည်။ နံနံပင် မျိုးစေ့ပက်ဖျန်းစရိတ်မှာ တစ်မနက် ကျပ် ၇ဝဝဝ ကုန်ကျပြီး (၃) ယောက်ငှားရပါသည်။ (၃)ယောက်ငှားခမှာ ကျပ် (၂၁ဝဝဝ) ကုန်ကျကြောင်း သိရပါသည်။ တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၂၄၇ဝဝဝ) ခန့်ကုန်ကျကြောင်း သိရပါသည်။ အထွက်နှုန်းခန့်မှန်း တွက်ချက်မှုအရ တစ်ဧကမှာ ပိဿာ (၂၅၀) ထွက်ရှိပြီး ယခုပေါက်ဈေးမှာ တစ်ပိဿာ ကျပ် ၂ဝဝဝ နှုန်း ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ စိုက်ပျိုးတောင်သူ၏ တစ်ဧကအကျိုးအမြတ်ရရှိမှုမှာ ကျပ် ၂၅၃ဝဝဝ ရရှိခဲ့ကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်၍ မြေကောင်းရင် ကောင်းသလိုထွက်ရှိ၍ ဈေးနှုန်းအတက် အကျပေါ်မူတည်၍လည်း ဈေးကောင်းရင်ကောင်းသလို အကျိုးအမြတ်ရရှိ၍ ဈေးနှုန်းနည်းလျှင် အကျိုးအမြတ်နည်းပါးကြောင်း သိရှိရပါသည်။

            သို့ဖြစ်ပါ၍ မြေတစ်ဧကတွင် နံနံပင် စိမ်းမြမြ (၅)ထုတ်ကုန်ကျကြောင်း သိရှိရပါသည်။ နံနံမျိုးစေ့ တစ်ထုတ်တွင် ကျပ် ၂၄ဝဝဝ ရှိကြောင်း သိရပါသည်။ ထွန်ယက်ပြီး မျိုးစေ့ပက်ဖျန်းဖို့ ဘောင်ဆွဲငှားခမှာ တစ်ယောက်ကို ကျပ် ၇ဝဝဝ နှင့် (၅)ယောက်ငှားရပါသည်။ အလုပ်သမားငှားခမှာ ကျပ် ၃၅ဝဝဝ ကုန်ကျ ပါသည်။ အောက်ခံဆေးမှာ ရွှေနင်္ဂါး  တစ်ပိဿာ ကျပ် ၄ဝဝဝ ဖြစ်ပြီး တစ်ဧကမှာ (၃) ကြိမ် ပက်ဖျန်း၍ ကုန်ကျစရိတ်မှာ ကျပ် ၁၂ဝဝဝ ကုန်ကျပါသည်။ ထွန်ယက်ခမှာ တစ်ဧက ကျပ် ၄ဝဝဝဝ ကုန်ကျကြောင်း သိရှိရပါသည်။ အပင်အားဆေးမှာ ရွှေမင်္ဂလာ တစ်ထုတ် ကျပ် ၂၅ဝဝ ပေးရပြီး (၂) ကြိမ် ပက်ဖျန်း၍ ကျပ် ၅ဝဝဝ ကုန်ကျကြောင်း သိရှိရပါသည်။ အလုပ်သများဆေးဖျန်းခ စရိတ်မှာ တစ်မနက် ကျပ် ၇ဝဝဝနှုန်း နှင့် (၂) ယောက်ငှားပြီး ကျပ် ၁၄ဝဝဝ ကုန်ကျပါသည်။ နံနံပင်စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၁၂၄၇ဝဝဝ ကုန်ကျကြောင်းသိရပါသည်။ အထွက်ခန့်မှန်းတွက်ချက်မှုအရ နံနံပင် တစ်ဧကမှာ ပိဿာ (၂၅၀) ထွက်ရှိ ပါသည်။ ယခုပေါက်ဈေးမှာ တစ်ပိဿာကို ကျပ် ၂ဝဝဝ နှုန်းနှင့် ကျပ် ၅ဝဝဝဝဝ တွက်ချက်ရပါသည်။ စိုက်ပျိုးတောင်သူ၏ အကျိုးအမြတ်ရရှိမှုမှာ ကျပ် ၂၅၃ဝဝဝ ရရှိကြောင်း သိရှိရပါသည်။

          အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်၍ မြေကောင်းလျှင် ကောင်းသလို ထွက်ရှိပြီး မြေ မကောင်းလျှ် အထွက်နည်း၍ ဈေးနှုန်းမှာလည်း ဈေးကောင်းလျှင် ကောင်းသလို အကျိုးအမြတ်များပြီး ဈေးနည်းလျှင် အကျိုးအမြတ်နည်းပါးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်အတွင်း ရွှေဖရုံစိုက်ပျိုးထွက်ရှိမှု

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြေဝါကုန်းကျေးရွာ တောင်ပိုကုန်းအုပ်စု တောင်သူ ဦးမျိုးသူ ရွှေဖရုံစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ စိုက်ပျိုးမြေ (၁) ဧကတွင် မျှားနီ (ပစ်တိုင်းထောင်) မျိုး (၆) ထုတ်ကုန်ကျကြောင်း သိရှိရပါသည်။ မျှားနီ (ပစ်တိုင်းထောင်) တစ်ထုတ်လျှင် ကျပ် (၄၃ဝဝဝ) ရှိကြောင်း တစ်ဧက မျိုးစေ့ ကျပ် ၂၅၈ဝဝဝ ကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧက ထွန်ယက်ခမှာ ကျပ် (၇ဝဝဝဝ) ကုန်ကျပြီး ပျိုးပင်စိုက်ခမှာ တစ်မနက် ကျပ် ၇ဝဝဝ ကုန်ကျပြီး ပျိုးပင် စိုက်ခမှာ တစ်မနက် ကျပ် ၇ဝဝဝ နှင့် (၅) ယောက်ငှားခမှာ ကျပ် (၃၅ဝဝဝ) ကုန်ကျပါသည်။ တစ်ဧက ပျိုးပင်စိုက်ငှားခမှာ (၄) ရက် ငှားရပြီး ကျပ် ၁၄ဝဝဝဝ ကုန်ကျပါသည်။ တစ်ဧက ရွှေဖရုံအောက်ခံဆေး မှာ ရွှေနင်္ဂါး တစ်ပိဿာ ကျပ် ၄၀၀၀နှင့် (၄) ကြိမ်ပက်ဖျန်း၍ ကျပ် ၁၆ဝဝဝ ကုန်ကျ၍ အပင်အားဆေးမှာ ရွှေမင်္ဂလာ တစ်ထုတ် ကျပ် ၂၅ဝဝ နှင့် (၄) ကြိမ်ပက်ဖျန်းစရိတ်မှာ ကျပ် ၁ဝဝဝဝ၊ အားဆေး ပက်ဖျန်း စရိတ်မှာ တစ်မနက် ကျပ် ၇ဝဝဝနှုန်းနှင့် အလုပ်သမား (၄) ယောက်ငှားရပြီး ကျပ် ၂၈ဝဝဝ ကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကစုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် (၅၂၂ဝဝဝ) ကုန်ကျပါသည်။ တစ်ဧက  အထွက်ခန့်မှန်းမှုမှာ ရွှေဖရုံသီးကို အလုံးရေနှင့်မရောင်းရဘဲ ပိဿာနှင့်ရောင်းရသဖြင့် တစ်ဧကကို (၁၂၀၀) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ ယခုပေါက်ဈေးမှာ ရွှေဖရုံသီး တစ်ပိဿာ ကျပ် ၉၀၀ နှုန်း ဖြင့် ကျပ် ၁၀၈ဝဝဝဝ ကျပ် တွက်ချက်ရပါသည်။ စိုက်ပျိုးတောင်သူ၏ အကျိုးအမြတ်ရရှိမှုမှာ ကျပ် ၅၅၈ဝဝဝ ရရှိကြောင်း သိရှိရပါသည်။အထွက်နှုန်းမှာလည်း စိုက်ပျိုးမြေပေါ်မူတည်၍ မြေကောင်းလျှင် ကောင်းသလို အကျိုးအမြတ်ရပြီး ဈေးကောင်းလျှင် အကျိုးအမြတ်များပြီး ဈေးနည်းလျှင် အကျိုးအမြတ်နည်းပါးကြောင်း သိရှိရ ပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်အတွင်း သခွားစိုက်ပျိုးထွက်ရှိမှု

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်၊ သောင်ပြင်ကွင်းနေ တောင်သူ ဦးစန်းမြင့်သည် သခွားစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ စိုက်ပျိုးမြေမှာ တစ်ဧက စိုက်ပျိုးပြီး မျိုးမှာ (၃၈၀) သခွားအရှည်သီးဖြစ်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးမြေ တစ်ဧကတွင် (၃၈၀) သခွားအရှည်သီး (၁၅) ထုတ် ကုန်ကျကြောင်း သိရှိရပါသည်။ မျိုး တစ်ထုတ်မှာ ကျပ် ၁၂ဝဝဝ ဖြစ်ပြီး (၁၅) ထုတ်မှာ ကျပ် ၁၈ဝဝဝဝ ရှိကြောင်း သိရပါသည်။ ထွန်ယက်ခမှာ ကျပ် ၆ဝဝဝဝ ကုန်ကျပါသည်။ သခွားမျိုးစေ့ချငှားခမှာ တစ်မနက်လျှင် ကျပ် ၇ဝဝဝနှုန်းနှင့် (၅)ယောက် ငှားရပါသည်။ (၅)ယောက်ငှားခစရိတ်မှာ ကျပ် ၃၅ဝဝဝ ကျပ်ကုန်ကျကြောင်း သိရှိရပါသည်။  (၅)ယောက်ငှားစရိတ်မှာ (၃) ရက်ငှားရပါသည်။ (၃)ရက်ငှားခ စရိတ်မှာ ကျပ် ၁ဝ၅ဝဝဝ ကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၃၈၅၅ဝဝ ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ အထွက်နှုန်းခန့်မှန်းတွက်ချက်မူအရ (၁) ဧကမှာ သခွားသီးအလုံးရေ ၂၁ဝဝဝ ထွက်ရှိပြီး ယခုပေါက်ဈေးမှာ သခွားသီးတစ်လုံး (၄၅) ကျပ်နှုန်းနှင့် ရောင်းချ ရကြောင်း သိရှိရပါသည်။ သခွားသီးတစ်လုံး ကျပ် ၄၅ နှုန်းဖြင့် ရရှိမှုမှာ ကျပ် (၈၄ဝဝဝဝ) ရရှိပြီး တစ်ဧက အကျိုးအမြတ်ရရှိမှုမှာ ကျပ် (၄၅၄၅ဝဝ) ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဈေးနှုန်းအတက်အကျ ပေါ်မူတည် ၍လည်း ဈေးနှုန်းကောင်းရင်ကောင်းသလို အကျိုးအမြတ်များပြီး ဈေးနှုန်းနည်းလျှင် အကျိုးအမြတ် နည်းပါးကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ မြေတစ်ဧကတွင် (၃၈၀) သခွားအရှည်သီး (၁၅) ထုတ်ကုန်ကျကြောင်း သိရှိရပါသည်။ သခွားအရှည်သီး (၁) ထုတ်လျှင် ကျပ် ၁၂ဝဝဝ ရှိကြောင်း သိရှိရပါသည်။ ထွန်ယက်ပြီး မျိုးစေ့ပက်ဖျန်း၊ ဘောင်ဆွဲငှားခမှာ တစ်ယောက်ကို တစ်မနက် ကျပ် ၇၀၀၀ နှုန်းဖြင့် (၅) ယောက်ငှားရမ်းရပါသည်။ (၁)ယောက်ငှားခမှာ ကျပ် ၃၅ဝဝဝ ကုန်ကျပြီး (၃) ရက်ငှားခမှာ ကျပ် ၁၀၅ဝဝဝ ကုန်ကျပါသည်။ အောက်ခံဆေးမှာ ရွှေနဂါး တစ်ပိဿာ ကျပ် ၄ဝဝဝ ကျပ်ဖြစ်ပြီး တစ်ဧကမှာ (၃) ကြိမ် ပက်ဖျန်း၍ ကုန်ကျစရိတ်မှာ ကျပ် ၁၂ဝဝဝ ကုန်ကျပါသည်။ ထွန်ယက်ခ တစ်ဧကမှာ ကျပ် ၆ဝဝဝဝ ကုန်ကျပါသည်။ အပင်အားဆေးမှာ ရွှေမင်္ဂလာ (၁) ထုတ် ကျပ် ၂၅ဝဝ နှုန်းဖြင့် (၃) ကြိမ် ပက်ဖျန်းစရိတ်မှာ ကျပ် ၇၅ဝဝ ကုန်ကျကြောင်း သိရှိရပါသည်။ အလုပ်သမားဆေးဖျန်းစရိတ်မှာ တစ်မနက် ကျပ် ၇ဝဝဝနှုန်းနှင့် (၃) ယောက်ငှားခမှာ ကျပ် ၂၁ဝဝဝ ကုန်ကျပါသည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၃၈၅၅ဝဝ ကုန်ကျ ကြောင်း သိရှိရပါသည်။ အထွက်ခန့်မှန်းတွက်ချက်မှုအရ တစ်ဧက သခွားသီးအလုံးရေ (၂၁ဝဝဝ) ထွက်ရှိ ပြီး ယခုပေါက်ဈေးမှာ သခွားသီးတစ်လုံး ကျပ် (၄၀)နှုန်းဖြင့် ကျပ် (၈၄ဝဝဝဝ) တွက်ချက်ရပါသည်။ စိုက်ပျိုးတောင်သူ၏ အကျိုးအမြတ်ရရှိမှုမှာ ကျပ် (၄၅၄၅ဝဝ) ရရှိကြောင်း သိရှိရပါသည်။အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်၍ မြေကောင်းလျှင် ကောင်းသလို ထွက်ရှိပြီး မြေမကောင်း လျှင် အထွက်နည်း၍ ဈေးနှုန်းမှာလည်း ဈေးကောင်းလျှင် ကောင်းသလို အကျိုးအမြတ်များပြီး ဈေးနှုန်း နည်းလျှင် အကျိုးအမြတ်နည်းပါးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်ရှိ မိုးပြောင်းစိုက်ပျိုးထားရှိမှုအခြေအနေ

            တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ဝါးတီးကျေးရွာအုပ်စု၊ညောင်ပင်ရွာမှ ကျေးလက်နေပြည်သူ များသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဒေသတွင်းအများဆုံး စားသုံးကြပြီး ဈေးကွက်ဝင်၍ အာဟာရဓါတ်  ကြွယ်ဝသော ပြောင်းဖူးသီးနှံကို အားထားစိုက်ပျိုးကြသည်။

               ပြောင်းဖူးတွင် အဖြူမျိုး (ဖန်စီချိတ်) နှင့် အဝါမျိုး (King) ဟူ၍ နှစ်မျိုးရှိပြီး အချိန်မရွေးစိုက်၍ ရသည်ဆိုသော်လည်း မိုးရာသီစိုက်ပျိုးရခြင်းသည် ရေးသွင်းရန်မလိုသည့်အတွက် ကုန်ကျစရိတ်သက်သာ စေပါသည်။

              ပြောင်းဖူးသီးနှံကို ဧပြီလကုန်မှမေလဆန်းပိုင်းတွင် စိုက်ပျိုးထားပြီး ဇူလိုင်လ ကုန်တွင် ရောင်းချ နိုင်မည်ဖြစ်သည်။ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးအစေ့(၃၀၀၀)ပါ ၄ ထုတ် စိုက်ပျိုးရကြောင်း၊ မျိုး၊ ထွန်ယက်ခ၊ လုပ်သားခနှင့်သွင်းအားစု ကုန်ကျစရိတ်ပေါင်း ၁၂၅၀၀၀၀ ကျပ်ကုန်ကျကြောင်း၊ ဖြစ်ထွန်း လာသော သီးနှံများကို ကုန်သည်/ပွဲစားများက အပင်အရေအတွက်ဖြင့်တွက်၍ အခင်းပြတ် ဝယ်ယူကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် “သီးနှံဖြိုင်လျှင်ဈေးကွက်ယိုင်လာ” သည်ဖြစ်ကြောင်း တောင်သူများထံမှ သိရှိသည်။

              ယခင်နှစ်က ပြောင်းဖူးအကြီး တစ်ဖူးလျှင် ၈၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာတွင် ကုန်ကျစရိတ်နုတ်ပြီး  ကျပ်သိန်း(၅၀)ဝန်းကျင်ခန့် အမြတ်ရရှိခဲ့ကြောင်း၊ယခုနှစ် ဈေးကောင်းရမည်ဆိုပါက အကျိုးအမြတ်ပိုရရှိနိုင်ကြောင်း၊ မိုးရာသီတွင် စိုက်ပျိုးရသော ပြောင်းသီးနှံသည် ကုန်ကျစရိတ်သက်သာသော်လည်း အနှံထွက်ချိန်တွင် မိုးရွာသွန်းမှုများ ရှိသဖြင့် အပျက်အစီးများရှိနိုင်ကြောင်းပြောင်းစိုက်ပျိုးသည့် ကျေးလက်နေတောင်သူတစ်ဦးထံမှသိရှိရသည်။

DOCA(ပဲခူး)

ညောင်ဦးမြို့နယ်၏ နွေစပါးစိုက်ပျိုးမှု

             ညောင်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးကိုစိုက်ပျိုးရန် လျားထားမှုအနေဖြင့်(၅၁၁)ဧက ရှိပြီး၊ မျိုးကွဲအလိုက်စိုက်ပျိုးပြီးစီးမှုအနေဖြင့် မနောသုခ(၇၈)ဧက၊ ဆင်းသုခ(၁၃၂)ဧက၊ GW-11 (၁၀)ဧက၊ စုစုပေါင်း(၂၂၀)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။

          နွေစပါးကို မတ်လတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းမှုစတင်ရိတ်သိမ်းကြကြောင်း၊ ညောင်ဦးမြို့နယ်ရှိ မြစ်ရေတင်(၃)ခုဖြစ်သော လက်ပံခြေပေါ်၊ ငါးသရောက်၊ သူကောင်းတည် စသည့်မြစ်ရေတင်များဖြင့် စိုက်ပျိုးလျက်ရှိပြီး၊ စပါးမျိုးများအနေဖြင့် မနောသုခ၊ ဆင်းသုခ၊ GW-11 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ နှင့် ရေသွင်းခအပါအဝင် စုစုပေါင်း(၁၀၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ(၈၅)တင်းခန့်ထွက်ရှိခဲ့ပြီး စပါးတစ်တင်းလျှင်(၂၅၀၀၀)ကျပ်နှုန်း ရှိခဲ့ရာ အကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ စပါးအထွက်နှုန်းနှင့် ဈေးနှုန်းဈေးကွက်ကောင်းလျှင် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း လက်ပံခြေပေါ်ကျေးရွာရှိ စပါးစိုက်တောင်သူများထံမှ သိရသည်။

DOCA(မန္တလေး)

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၄၂၃ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် 7,၄၂၃ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း