ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီစာကန်စွန်းဥဈေးနှုန်းဈေးကွက်

             ကန်စွန်းဥမျိုးအနေဖြင့်ရွှေဝါနှင့်ငချိတ်မျိုး ဟူ၍နှစ်မျိုးရှိပါသည်။  ကန်စွန်းဥကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်၊ သာကူနဲ့ကျိုစားတာဖြစ်ဖြစ်စားလို့ရသလို ဒီလိုအမျိုးမျိုးလုပ်စားလို့ရတဲ့ ကန်စွန်းဥကစားကောင်းရုံတင်တင်သာမက ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပေးပါသည်။ အတွင်းသားက လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြပြီး အရသာကချိုပြီး အသားကခပ်မွမွလေးရှိပြီး အာလူးလိုမဟုတ်ဘဲ ရှည်မြောမြောပါ အရွယ်အသားကတော့ ခပ်ရွယ်ရွယ်ကနေ အကြီးကြီးအထိ အမျိုးမျိုးရှိနိုင်ပါသည်။ ကန်စွန်းဥမှာပါတဲ့အမျှင်ဓါတ်က အစာခြေစနစ်ကိုကျန်းမာစေနိုင်သလို အူတွေကိုလှုပ်ရှားမှု ကောင်းမွန်စေပါသည်။ အစာအိမ်အနာတွေကို သိသိသာသာသက်သာစေပြီး  ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်ထဲမှာ အက်ဆစ်ဖြစ်ပေါ်မှု နည်းစေတာကြောင့် အစာအိမ်အနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ် လို့သိရပါသည်။

          ထို့ပြင်ကန်စွန်းဥ ပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင်လက်လီဈေး ကျပ်(၁၈၀၀ - ၂၀၀၀) လက်ကားဈေး ကျပ်(၈၀၀ - ၁၅၀၀)ပေါက်ဈေးဖြင့်ရောင်းချရ၍ စိုက်တောင်သူများဈေးကောင်းရရှိပြီး အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း ကန်စွန်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုက်ကြီးမြို့နယ်အတွင်း ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

               ၂၈.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အတွင်း စားသုံးသူပြည်သူများ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဖောင်ကြီးလမ်းဆုံ၊ တောင်ပေါ်လမ်း လမ်းဆုံ၊ ဈေးပြင်ပအများပြည်သူအသွားအလာများသောနေရာ လမ်းဆုံလမ်းခွနေရာများတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

          ထိုသို့ ဖြန့်ဖြူးရောင်းခဲ့ရာတွင် တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ် (၁၀)လုံး (၃၇၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် (၁၀)လုံးနှုန်းဖြင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ နေရာအနှံတွင် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

              ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၆.၁၁.၂၀၂၄) မှ (၃.၁၂.၂၀၂၄) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၆၀၆၈) အိတ်၊ ပေါ်ကျွဲ (၁၆၁၈၅) အိတ်၊ ဧည့်မထ (၁၀၆၇၄၀) အိတ်၊ ဆန်ကွဲ (၃၁၁၄၄) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၈၄၃၅) အိတ်နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၆၂၅၅) အိတ်၊ ငစိန် (၁၃၄၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များမှ ဧည့်မထ (၂၂၇၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

             ၂.၁၂.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၂၀၀၊ ညောင်ဦးဆေးရှယ်  ကျပ်  ၇၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၁၀၀၊ ပခုက္ကူကြမ်း ကျပ်  ၇၂၀၀၊ ၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀ မှ အများဆုံး ကျပ် ၈၅၀၀ ၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၁၀၀၊ ကြံသကာ(သကြားရော) အနိမ့်ဆုံးဈေး ကျပ် ၅၄၀၀ မှ အများဆုံး ကျပ် ၅၅၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ၊ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၉၅၀၀ မှ ကျပ် ၁၃၀၀၀ ၊ ပြည်တွင်းသကြား အနိမ့်ဆုံးဈေး ကျပ် ၄၈၀၀ မှ ကျပ် ၅၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

             ၂.၁၂.၂၀၂၄ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်၌ ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၄၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၀၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၀၀၀၀ ၊ ဖျာပုံချိုသေးရိုးရိုးကျပ် ၇၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုးကျပ် ၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၇၅၀၀၀ ၊ ငါးရံ့ခြောက်လတ်ကျပ် ၆၀၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၅၀၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ် ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံး ကျပ် ၆၀၀၀၊ ငါးနှပ်ချိုကြီးရှယ် ကျပ် ၃၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၀၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀  ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

              ရန်ကုန်တိုင်းဒေသကြီးသို့  ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ နိုဝင်ဘာလ (၂၅) ရက်မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၆၀၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၄၀၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာ ကျပ် ၂၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၃၀၀၊ အကြီးမှာ ကျပ် ၃၆၀၀၊ ရှယ်မှာ ကျပ် ၄၀၀၀၊  မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၇၀၀၊ အကြီးမှာ ကျပ် ၃၂၀၀၊ ရှယ်မှာ ကျပ် ၃၆၀၀၊ တောင်သာကြက်သွန်နီ(အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀၀၊ အကြီးမှာ ကျပ် ၃၀၀၀၊ ရှယ်မှာ ကျပ် ၃၅၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/ နီနှင့် အာလူးဈေးနှုန်းများ

              ၃.၁၂.၂၀၂၄ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ တစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၁၂၅၀၀၊  အောင်ပန်းထူး-၃ ကျပ် ၁၄၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၅၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၁၆၀၀၀၊ ကြက်သွန်နီဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် အမြင့်ဆုံးဈေး ၄၃၀၀ မှ အနိမ့်ဈေး ကျပ် ၄၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် အမြင့်ဆုံးဈေး ကျပ် ၃၈၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၇၀၀၊  ဆိပ်ဖြူလတ်သန့် ကျပ် ၃၃၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၂၀၀၊ မြင်းခြံ ရှယ် ကျပ် အမြင့်ဆုံးဈေးကျပ် ၄၃၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၄၀၀၀၊ လတ်ကြီး အမြင့်ဆုံးဈေး ကျပ် ၃၇၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀၊  လတ်သန့်  အမြင့်ဆုံးဈေး ကျပ် ၃၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၈၀၀၊ လတ်ချော ကျပ် အမြင့်ဆုံးဈေး ကျပ် ၂၃၀၀ မှ အနိမ့်ဆုံးဈေးကျပ် ၂၁၀၀၊ ၊ တောင်သာ ရှယ် ကျပ် ၃၈၀၀၊ တောင်သာလတ်ကြီး ကျပ် ၃၃၀၀၊ တောင်သာလတ်သန့် ကျပ် ၂၆၀၀၊ တောင်သာလတ်ချော ကျပ် ၁၇၀၀၊ ပခုက္ကူလတ်ကြီး ကျပ် ၃၈၀၀၊ ပခုက္ကူလတ်ချော ကျပ် ၂၅၀၀၊ အာလူး တစ်ပိဿာဈေးနှုန်း အောင်ပန်း(A-1) ကျပ် ၆၀၀၀၊ အောင်ပန်း(OK) ကျပ် ၇၀၀၀၊ အောင်ပန်း(S-1) ကျပ် ၈၀၀၀၊ အောင်ပန်း(S-2) ကျပ် ၉၀၀၀၊ တရုတ်အာလူး ကျပ် ၉၀၀၀ ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

                ၃.၁၂.၂၀၂၄ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ် ၆၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ် ၆၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀၊ မိုးထောင်မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၄၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၁၄၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

              ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၆.၁၁.၂၀၂၄)ရက်နေ့မှ (၃၀.၁၁.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၉)ခုနှင့် စားအုန်းဆီတန်ချိန် (၃၂၉၈.၅၈၆)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဟင်းနုနွယ်စျေးကွက်

     ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသောဟင်းရွက်ဖြစ်သည့်အပြင် ဗီ‌တာမင်-အေနှင့်သံဓါတ်ကြွယ်ဝသည့် ဟင်းရွက်ဖြစ်သည်။ ဟင်းနုနွယ်အမျိုးအစားမှာ အနီရောင်နှင့်အစိမ်း ရောင်ရှိပြီး အများအားဖြင့် ဟင်းနုနွယ်အစိမ်းရောင်ကိုသာ စိုက်ပျိုးလျက်ရှိပါသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့်မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် သင်္ကြန်အပြီး မေလနှင့်ဇွန်လ၊  အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အများအပြား အောင်မြင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

     ဟင်းနုနွယ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ယခုကာလတွင် ထားဝယ်မြို့နယ်ရှိကျေးရွာများတွင် ဟင်းနုနွယ်များ အများအပြားစိုက်ပျိုးလျကိရှိပြီး စျေးကွက်ရောင်းတန်းဝင် အရွယ်အစားဖြစ်လာလျှင် အပင်လိုက်နှုတ်ယူစွတ်ခူးကာ ထားဝယ်မြို့ပေါ်ရှိစျေးများတွင် အစီးသေးတစ်စီးလျှင် ၄၀၀/၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကာ ရာသီပေါ်စားသောက်ကုန်သီးနှံတစ်ခုအဖြစ် ဒေသခံဟင်းသီးဟင်းရွက်စိုက်သူများ ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း