
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအချက်အချာကျပြီးအေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့သည် ဟင်းသီးဟင်းရွက်နှင့် သီးနှံစုံထွက်ရှိရာ အဓိကကုန်စည်ဒိုင်ကြီး ဖြစ်ပါသည်။ ထိုသီးနှံများထဲတွင် နေ့စဉ်စားသောက်မှုပုံစံတိုင်းအတွက် မရှိမဖြစ်လိုအပ်ပြီး စီးပွာရေး အရ အလွန်အရေးပါသည့် “ကြက်သွန်ဖြူ”သည် အောင်ပန်းဒေသ၏ စီးပွားအဖြစ် စိုက်ပျိုးကျသည့် သီးနှံ တစ်ခုအဖြစ် ရပ်တည်နေပါသည်။
အောင်ပန်းဒေသတွင် ကြက်သွန်ဖြူကို များသောအားဖြင့်မိုးနှောင်းပိုင်း(သို့) ဆောင်းဦးအစ (အောက် တိုဘာ/နိုဝင်ဘာ)လများတွင် စတင်စိုက်ပျိုးကြသည်။စိုက်ခင်းများကို ဘောင်စနစ်ဖြင့် စနစ်တကျဖော်ကာ၊ ဒေသမျိုးစေ့ဖြစ်သည့် ဥတစ်လုံးမျိုး(သို့)မြန့်မာရိုးရာ ကြက်သွန်ဖြူများကို စိုက်ပျိုးကြသည်။စိုက်ပျိုးပြီးနောက် ကောက်ရိုး(သို့)မြက်ခြောက်များဖြင့် ဖုံးအုပ်ခြင်းစနစ်ကို အသုံး ပြု၍ မြေဆီလွှာအဆီဓာတ်ကို ထိန်းသိမ်းကြသည်။ ရိတ်သိမ်းချိန် စိုက်ပျိုးပြီး ၄လမှ ၅လအကြား (ဖေဖော်ဝါရီ/မတ်လ)နွေဦးအစတွင် ရိတ်သိမ်း ချိန်သို့ ရောက်ရှိသည်။ အောင်ပန်းထွက် ကြက်သွန်ဖြူ များသည် အခွံထူပြီး အနံ့စူးရှကာ အဆီဓာတ်ပြည့်ဝသ ဖြင့် အထားခံခြင်းကြောင့် နာမည်ကျော်သည်။
အောင်ပန်းမြို့သည် ရှမ်းပြည်နယ်၏ အကြီးဆုံးသီးနှံစုဆောင်းရာ ကုန်စည်ဒိုင်ဖြစ်သည့် အားလျော်စွာ ကြက်သွန်ဖြူဈေးကွက်လှုပ်ခတ်မှုသည် တစ်နိုင်ငံလုံး၏ ကြက်သွန်ဖြူဈေးနှုန်းအပေါ် သက်ရောက်မှုရှိသည်။ ရိတ်သိမ်းပြီးနောက် တောင်သူများနှင့် ပွဲရုံများသည် ကြက်သွန်ဖြူများကို အရွယ်အစားအလိုက် စနစ်တကျခွဲခြားကြသည်။ ထူးထူး/ထိပ်စသည် ဥအလုံးကြီးပြီးသန့်စင်ကာ ဈေးအမြင့်ဆုံးရသည်။အလတ်စသည် အိမ်သုံးအတွက် အဝယ်များဆုံးဖြစ်သည်။အသေးသည်ဈေး အသက်သာဆုံးဖြစ်ပြီး စားသောက်ဆိုင်များနှင့်ချင်း၊ ကြက်သွန်ဖြူ အနှစ်လုပ်ငန်းများကအများဆုံး ဝယ်ယူသည်။ အောင်ပန်းကုန်စည်ဒိုင်မှတစ်ဆင့် ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)၊ မန္တလေးနှင့် အောက်ပြည်အောက်ရွာ မြို့ကြီးများနှင့် နေ့စဉ် မော်တော် ယာဉ်ကြီးများဖြင့် စီးဆင်းဖြန့်ချီပါသည်။
ပြည်ပမှကြက်သွန်ဖြူများ ဈေးကွက်အသွင်းသို့ ဥအလုံးကြီးပြီး အခွံနွှာရလွယ်သည့် ကြက်သွန် ဖြူများအလုံးအရင်း ဝင်ရောက်လာချိန်တွင် ပြည်တွင်းမှကြက်သွန်ဖြူ ဈေးနှုန်းအနည်းငယ် လှုပ်ခတ်လေ့ရှိသည်။သို့သော်လည်း မြန့်မာ့ဟင်းလျာချက်ပြုတ်ရာတွင် အနံ့နှင့်အရသာပိုမိုပြင်းရှ သည့် အောင်ပန်းကြက် သွန်ဖြူကိုသာ အိမ်ရှင်မများနှင့် စာဖိုမှူးများက ပိုမိုရွေးချယ်ကြဆဲဖြစ်သည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းလျော့ချိန်တွင်ဈေးကောင်းရတတ်သော်လည်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင် ရေးစရိတ်များကြောင့် တောင်သူရရှိသည့် အကျိုးအမြတ်မှာ တစ်ခါတစ်ရံ ကွာဟချက်ရှိနေတတ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်မြို့၏ ကြက်သွန်ဖြူစိုက်ပျိုးစီးပွားရေးသည် ဒေသခံ တောင်သူများနှင့် ကုန်သည်ပွဲစားများစွာ၏ ဝမ်းစာရေးကိုဖန်တီးပေးထားသည့် အသက်သွေးကြော လုပ်ငန်းတစ်ခု ဖြစ်သည်။ စိုက်ပျိုးစရိတ်မြင့်မားမှုနှင့် ဈေးကွက်အတတ်အကျ စိန်ခေါ်မှုများရှိနေ စေကာမူ၊ မိမိတို့ မြေမှထွက်ရှိသည့် ကြက်သွန်ဖြူ၏ ထူးခြားသော အရည်အသွေး (အနံ့ပြင်းရှမှုနှင့် အထားခံမှု)ကြောင့် အောင်ပန်းကြက်သွန်ဖြူသည် မြန်မာ့သီးနှံဈေးကွက်တွင် “ရွှေကဲ့သို့အဖိုးတန် သည့်ငွေသီး” အဖြစ် ဆက်လက်၍ နေရာယူထားဦး မည်ဖြစ်ပါသည်။DOCa(ရှမ်း)
