ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါက်မြို့နယ်ရှိ မြေပဲစိုက်တောင်သူများမှာ သီးနှံအထွက်နှုန်းကောင်း၍ အဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အခြေပြု လုပ်ကိုင်လျက်ရှိပြီး ဆီထွက်သီးနှံဖြစ်သည့်မြေပဲသီးနှံကို မေလကုန် ဇွန်လဆန်းပိုင်း၌ စိုက်ပျိုးခဲ့ရာ ယခုအခါ သီးနှံများ နုတ်သိမ်းနေသည်ကို တွေ့ရှိရပါသည်။ ပေါက်မြို့နှင့် အနီးတဝိုက်သွားလာ၍ ရသည့်မြေပဲစိုက်ရွာများဖြစ်သော သရက်တော၊ ဆူးပုတ်ခုံ၊ စမ်းရေခုံ၊ လင်ထောင်၊ မျှားပိုင်း ဒေသများ၌ ခူးဆွတ်နေကြသည့်နေရာသို့ သွားရောက်၍လေ့လာခဲ့ပါသည်။ လင်ထောင် ကျေးရွာမှ မြေပဲစိုက် တောင်သူဦးဘိုကြီးနှင့် တွေ့ဆုံမေးမြန်းရာ အဓိကစိုက်ပျိုးသည့်ပဲမျိုးများမှာ မကွေး-၁၁ နှင့် ဆင်းပဒေသာ ၁၆ တို့ကို စိုက်ပျိုးကြောင်း၊ ယခု မြေပဲများနုတ်သိမ်းပြီးစီးပါက ဆင်းပဒေသာ-၁၆ (ဒေသအခေါ်)လုံးပုမျိုးကို ပြန်လည်စိုက်ပျိုးမည်ဖြစ်ကြောင်းသိရပါသည်။

     မြေပဲစိုက်ရွာများတွင် လုပ်သားများရှားပါးလာသဖြင့် မြို့ပေါ်မှ အလုပ်သမားများ ငှား၍ ခူးဆွတ်ရကြောင်း၊ လုပ်အားခအနေဖြင့် မြေပဲ(၁)တင်းခူးဆွတ်လျှင် (၄)ပြည်ပေးရပြီး တောင်သူ အတွက်(၁၂)ပြည်ကျန်ရှိကြောင်း၊ ယခုနှစ်တွင် မိုးလေဝသ မှန်ကန်ပြီး ရာသီဥတုကောင်းမွန်သဖြင့် (၁)ဧကလျှင် တောင်သူအတွက် တင်း(၅၀)နီးပါးကျန်ရှိကြောင်း သိရပါသည်။ (၁)ဧကကုန်ကျစရိတ် မှာ ကျပ်(၁၅)သိန်းဝန်းကျင်အထိ ကုန်ကျပြီး စုစုပေါင်းဝင်ငွေမှာ ကျပ် (၄၀) သိန်း နီးပါးရရှိပါသည်။ တောင်သူတစ်ဦး၏ အသားတင်အကျိုးအမြတ်မှာ  တစ်ဧကလျှင် ကျပ်(၂၀)သိန်းမှ(၂၅)သိန်း ဝန်းကျင် အထိ ကျန်ရှိကြောင်း မြေပဲစိုက်တောင်သူထံမှ သိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ ဈေးကွက်အတွင်း ရာသီပေါ်ဩဇာသီးများ ဝင်ရောက်လာပြီး ဈေးနှုန်းသင့်တင့်စွာဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ ရပ်ကွက်ဈေးများနှင့် အရောင်းအဝယ်ပြုလုပ်သည့်နေရာ များတွင် မိုးတွင်းကာလနှောင်းပိုင်းနှင့် စက်တင်ဘာလ အလယ်ပိုင်းတို့၌ ရာသီပေါ်သစ်သီးဝလံ တစ်မျိုးဖြစ်သော ဩဇာသီးများ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဒေသခံ သစ်သီးရောင်းဝယ်လုပ်ကိုင်သူများထံမှသိရသည်။

          ဩဇာသီးသည် မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ မိုးတွင်းကာလများတွင် အထူးပေါများပြီး အာဟာရဓာတ်ကြွယ်ဝကာ ချိုမြိန်သောအရသာကြောင့် စားသုံးသူပြည်သူများ နှစ်သက်စွာ စားသုံးကြ သည့် သစ်သီးတစ်မျိုးဖြစ်သည်။ ဩဇာသီးတွင် ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ မဂ္ဂနီဆီယမ်နှင့်ပိုတက်ဆီယမ် စသည့် သတ္ထုဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ဩဇာသီးစားသုံးခြင်း၏ အကျိုးရလဒ်သည် ကိုယ်ခံအား စနစ်ကိုမြှင့်တင်ပေးခြင်း၊ အစာခြေစနစ်ကိုအထောက်အကူပြုခြင်းနှင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်း ပေးနိုင်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များကို ပေးစွမ်းနိုင်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော သစ်သီးတစ်မျိုးအဖြစ် သိရသည်။ စက်တင်ဘာလအတွင်း မကွေးဈေးကွက်သို့ ရာသီပေါ် ဩဇာသီများ ပုံမှန်ဝင်ရောက်မှုကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် အလွယ်တကူစားသုံးနိုင်ပြီဖြစ် ကြောင်း သိရသည်။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) အတွင်း မကွေးမြို့၊ ရန်ပယ်ဈေးအတွင်း ရောင်းချလျက်ရှိသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊ အလုံးကြီး (၁)လုံးလျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိပြီး ဩဇာသီး၏ အရွယ်အစားနှင့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးသည်များထံ မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်၌  စက်တင်ဘာလ (ဒုတိယပတ်)တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပဲမျိုးစုံအဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ စိုက်ပျိုး သော သီးနှံများမှာ ပဲစဉ်းငုံနီ၊မတ်ပဲ၊ကုလားပဲ၊ပဲတီစိမ်း၊ ပဲနောက်၊ပဲကြီး နှင့်ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ၊နှမ်းမျိုးစုံ တို့ကို အဓိကစိုက်ပျိုးကြသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် အများဆုံး အရောင်း အဝယ်များ သော သီးနှံများမှာ  ပဲစဉ်းငုံနီ၊ပဲတီစိမ်း၊ကုလားပဲမျိုးစုံနှင့် နှမ်းတို့ကို ဥပုသ်နေ့မှလွဲ၍  ကုန်စည်ဒိုင် သာမက  မြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရ ပါသည်။

           ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းနှင့် အရောင်းအဝယ် ဖြစ်မှု မှာ ပဲစဉ်း ငုံနီ  တစ်တင်းလျှင် ကျပ် (၁၀၇၆၀၀)၊မတ်ပဲ တစ်တင်းလျှင်ကျပ် (၉၀၀၀၀ မှ ၁၀၁၀၀၀)၊ ပဲနောက်စိမ်း တစ်တင်း လျှင်ကျပ် ( ၇၉၀၀၀-၈၁၀၀၀)၊ ပဲယင်းနီ တစ်တင်း လျှင်ကျပ် (၈၇၀၀၀)၊  အစေ့ထုတ်ပြောင်း (cp) တစ်တင်းလျှင် ကျပ် (၂၉၈၀၀)၊ ကုလားပဲ ဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ် (၈၁၀၀၀) ၊ဆီထွက်သီးနှံ နှမ်းနီ တစ်တင်းလျှင်ကျပ် (၁၅၅၀၀၀)ဖြစ်ပြီး နေ့စဉ် အရောင်းအဝယ် ဖြစ်မှုမှာ( တစ်တင်းခွဲဝင်) ပဲစဉ်းငုံနီ အိတ်ရေ (၂၀၀) ၊ပဲယင်းနီ  အိတ်(၆၀၀)၊ ပဲနောက်စိမ်း အိတ် (၃၀၀)၊ ကုလား ပဲ ဝါလုံးကြီး(929)အိတ်ရေ (၆၀၀) ၊ အစေ့ထုတ်ပြောင်း(CP) အိတ်ရေ (၂၀၀) ၊ နှမ်းနီ(ယော ) အိတ်ရေ (၅၀၀) တို့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှု အနေဖြင့် ရန်ကုန်နှင့် အခြားဒေသများ သို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဂန့်ဂေါခရိုင်တွင် ဆီထွက်သီးနှံ နှမ်းများ စတင်ထွက်ပေါ်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်အတွင်းရှိ မောက်၊ကျွဲနန်း၊မြင်းစာ၊တောင်ခရမ်း၊မြောက်ခရမ်း၊ ဇဟော ကျေးရွာများတွင် နှမ်းမျိုးစုံ၊ထောပတ်ပဲ ၊ပဲယင်း၊ မြေပဲနှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။ ဂန်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်းများကို ကဆုန်တွင် စတင်စိုက်ပျိုးပြီး ဝါခေါင်လဆန်းတွင်စတင်ရိတ်သိမ်းပြီး ဝါခေါင်လကုန်တွင် နှမ်းများကို ခါ၍ ရိတ်သိမ်းမှုပြီးကြောင်း  တောင်သူထံမှ သိရှိရပါသည်။ နှမ်းတစ်ဧကစိုက်ပျိုးလျှင်မျိုးသုံးစွဲမှုအနေဖြင့် (၆)ပြည်သုံးစွဲရပြီး၊ နှမ်းတစ် ဧကစိုက်ပျိုးထွက်ရှိမှုမှာ ရာသီဥတုနှင့်မြေအမျိုးအစားပေါ်မှုတည်၍ အထွက်တင်း (၈)တင်းမှ (၁၀)တင်း အထိထွက်ရှိကြောင်း၊ နှမ်းနီ၊ နှမ်းနက်၊ စမုံနှမ်းနက်များကို အဓိကအားထားစိုက်ပျိုးကြ ကြောင်း တောင်သူများထံမှ သိရှိရပါသည်။

          နှမ်းတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး (၆)ပြည် လျှင် ကျပ် (၅၀၀၀၀၀) ၊နှမ်းကျဲခ ကျပ် (၁၄၀၀၀) ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၅၀)တွင် နှမ်းပေါင်းပင်များ စတင် ထိုးရပြီး တစ်ဦးလျှင် ကျပ် (၇၀၀၀)ဖြင့် ဦးရေ (၅၀)ခန့် နှမ်းပေါင်းများ ထိုးရကြောင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုမှာ တစ်ဧကလျှင် ကျပ် (၅၀၀၀၀)၊ စတင်စိုက်ပျိုးသည်မှ သီးနှံပေါ်သည် ထိစုစုပေါင်း  ကျပ်(၉၅၀၀၀၀)ထိ ကုန်ကျ‌ကြောင်း၊ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းနီ တစ်တင်းလျှင်ကျပ် (၁၅၅၀၀၀)၊ နှမ်းဝါတစ်တင်းလျှင်ကျပ် (၁၃၀၀၀၀)ဖြစ်ပြီး တောင်သူများအနေဖြင့် ယခုပေါက်ဈေးနှုန်း ဖြင့်ရောင်းချ မည်ဆိုပါက တစ်ဧကလျှင် ကျပ် (၆၀၀၀၀၀)ကျန်ရှိ နိုင်ရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

တောင်ငူမြို့ရှိ တစ်နိုင်တစ်ပိုင် မွှေးနံ့သာတိုင်နှင့်ခြင်ဆေးတိုင်လုပ်ငန်းမှ ကုန်ပစ္စည်များအရောင်းသွက်

          တောင်ငူခရိုင်၊တောင်ငူမြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော စိန်ဟင်္သာအမှတ် တံဆိပ်ပါကရမက်မွှေးနံသာတိုင်နှင့် နနွင်းခြင်ဆေးတိုင်များ ပြုလုပ်ရောင်းချလျက်ရှိသည်။ မွှေးနံ့သာတိုင် နှင့်ခြင်ဆေးတိုင်များပြုလုပ်ရာတွင် ကုန်ကြမ်းအမှုန့်များကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့မှ ဝယ်ယူရပါ သည်။

       ပထမဦးစွာ ၁၀ လက်မခန့်ရှိသော ဝါးချောင်းလေးများကို အသင့်ပြုလုပ်ရပါသည်။ထို့နောက် ကုန်ကြမ်းမှ ကုန်ချောအဖြစ်ပြုလုပ်ရာတွင် ကရမက်အမှုန့်နှင့် နနွင်းအမှုန့်များကို ရေနှင့်ဖျော်၍ အသင့် လုပ်ပြီးသား ဝါးချောင်းများနှင့် လိမ့်ပေးရပါသည်။ ရလာသောမွှေးနံသာတိုင်နှင့် နနွင်းတိုင်များအား နေရောက်အောက်တွင် အခြောက်ခံရပါသည်။

     ကရမက်မွှေးနံ့သာတိုင် ၁၅ တိုင်ပါ ၁ထုတ်လျှင် ၁၀၀၀ ကျပ်၊ ၃၀ တိုင်ပါ ၁ထုတ်လျှင် ၂၀၀၀ ကျပ်နှင့် ၃၅တိုင်ပါ ၁ထုတ်လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး နနွင်းခြင်ဆေးတိုင် ၃၀တိုင်ပါ ၁ထုတ်လျှင် ၃၅၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။ ကရမက် ၁၀ ကျပ်သားလျှင် ၄၀၀၀ကျပ်၊ နံ့သာဖြူ ၁ကျပ်သား လျှင် ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ မွှေးနံ့သာတိုင်သည် ဗုဒ္ဓဘာသာဝင်တို့၏ ဘုရာမီးပူဇော်ရာတွင် အသုံးပြုရသည့်အတွက် အရောင်းအဝယ်ကောင်းပြီး မိုးရာသီကာလခြင်များပိုမိုပေါက်ဖွားသဖြင့်  ခြင်ဆေးတိုင်မှာလည်း အရောင်းသွက်ကြောင်း စိန်ဟင်္သာအမှတ်တံဆိပ် အမွှေးတိုင်နှင့် ခြင်ဆေးတိုင် လုပ်ငန်းရှင် မမြင့်၏ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူကြက်သွန်နီ စက်တင်ဘာလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေ

 

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ် လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးငြိမ်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၁၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၆ခုနှစ်၊ စက်တင်ဘာ(ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပုလဲစ၊ ယောစနှင့်ပခုက္ကူ ကျွန်းများမှ  ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ အလုံးကြီး   တစ်ပိဿာလျှင် ထိပ်စ ကျပ် (၅၅၀၀) ၊ အလတ် ကျပ် (၅၀၀၀)၊ အနိမ့်စကျပ်(၄၀၀၀) ဖြစ်ပြီး ယခုလ(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင်  ကျပ်(၂၀၀)ခန့် ဈေးတက်နေပြီး  အရောင်း အဝယ်အေးနေကြေင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတမြို့များသို့ နေ့စဉ် တင်ပို့နေပြီး မြဝတီမြို့နှင့် မြန်မာ ပြည်အောက်ပိုင်း ဒေသများသို့ အဓိကတင်ပို့နေကြောင်း နေ့စဉ် ပိဿာ ချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည် များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၆၀၀)မှ အနိမ့်ဈေး ကျပ်(၁၀၀၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။

DOCA(မကွေး)

 

ကန့်ဘလူမြို့နယ်၏ ဆီထွက်သီးနှံဈေးနှုန်း/ဈေးကွက် အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ များဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲဆန်နှင့် ကြက်ဆူ စသည်သီးနှံများ၏ စက်တင်ဘာလ တတိယ ပတ် ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

နှမ်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၁၉၂၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၄၅၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မန္တလေးဈေးကွက်တွင် အရောင်းအဝယ်လိုက်၍ နှမ်းနက်တစ်တင်းလျှင် ကျပ် ၂၀၀၀ ၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဒေသတွင်းဈေးကွက်၌ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ဆီနေကြာ

စက်တင်ဘာလ တတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ နေကြာ အရည်အသွေးညံ့လျှင် ကျပ် ၅၁၅၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဒေသတွင်းဈေးကွက်၌ ဆီနေကြာတစ်တင်းလျှင် ကျပ် ၉၀၀၀ ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

မြေပဲဆံ

          ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုးသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ လည်းကောင်း ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ တတိယပတ်အတွင်း မြေပဲလုံးဆံ ၂၅ပိဿာ တစ်အိတ်လျှင် ကျပ် ၂၈၇၅၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခင်အပတ် ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၅၀၀၀ ကျဆင်းသွားကြောင်း၊ ဒေသတွင်း တောင်သူများ၏ မိုးမြေပဲများ ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်အတွင်း သီးနှံဝင်ရောက်မှု များလာသောကြောင့် အနည်းငယ် ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များ ထံမှ သိရသည်။    

DOCA(စစ်ကိုင်း)      

 

ညောင်တုန်းမြို့နယ် ၂၀၂၆ခုနှစ် ဩဂုတ်လ ဆန်/ဆန်ကွဲ တင်ပို့မှု အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်း ထုတ်လုပ်လျက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ စနစ်တကျတင်ပို့နိုင်ရေးအတွက် ဆန်စက် လုပ်ငန်းရှင်များမှ သတ်မှတ်ကုန်ပို့လွှာများဖြင့် ဩဂုတ်လ ၁လအတွင်း ပုံမှန် တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။       

  စုံစမ်းရရှိချက်များအရ ပြည်ပသို့ ဆန် ၁၁၉၀၀ အိတ်ကို ကုန်တင်ယာဉ် ၁၈ စီးဖြင့် တင်ပို့ခဲ့ပြီး၊ ပြည်တွင်းသို့ ဆန် ၄၂၄၂ အိတ်ကို ကုန်တင်ယာဉ် ၁၈ စီးဖြင့် တင်ပို့ခဲ့သည်။ ထို့ကြောင့် ဆန်စုစုပေါင်း ၁၆၁၄၂  အိတ်ကို ကုန်တင်ယာဉ် ၃၆ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

      အလားတူ ဆန်ကွဲတင်ပို့မှုအနေဖြင့် ပြည်ပသို့ ယခုလတင်ပို့မှု မရှိပဲ ပြည်တွင်းသို့ ၄၅၃၉ အိတ်ကို ကုန်တင်ယာဉ် ၃၆ စီးဖြင့်လည်းကောင်း တင်ပို့ခဲ့ရာ ဆန်ကွဲစုစုပေါင်း ၂၄၅၃၉ အိတ်ကို ကုန်တင်ယာဉ် ၃၆ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းလေ့လာချက်များအရ လက်ရှိကာလတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုများမှာ ယခင် ကာလထက် အနည်းငယ် တင်ပို့လာပြီး ဆန်ကွဲတင်ပိုမှု မရှိကြောင်း သိရသည်။  

       ယင်းသို့ ကုန်ပို့လွှာဖြင့် စနစ်တကျတင်ပို့ဆောင်ရွက်ခြင်းသည် ဆန်နှင့် ဆန်ကွဲများ၏ ထုတ်လုပ်မှုမှ ဈေးကွက်သို့ စီးဆင်းမှုအခြေအနေကို မှန်ကန်စွာသိရှိနိုင်စေပြီး ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မန္တလေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော မြေပဲဆံ ဈေးနှုန်းဈေးကွက်

        မိုးမြေပဲများ စတင်ရိတ်သိမ်းချိန်ကာလဖြစ်သည့်အတွက် စက်တင်ဘာလ ဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း မြို့များ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး မြို့များမှ  မြေပဲဆံ(နီ/ဖြူ)များ မန္တလေးကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်မှု ရှိနေပါသည်။ တိုင်းတွင်း ထွက်ရှိမှုများသည့် ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့ များမှလည်း ဝင်ရောက်မှုရှိနေပါကြောင်း သိရပါသည်။ တိုင်းဒေသကြီးအတွင်း မြေပဲ(မိုး+ဆောင်း) စိုက်ပျိုးထွက်ရှိမှုအခြေအနေအား သက်ဆိုင်ရာဌာနစာရင်းများအရ အောက်ပါအတိုင်း ဖော်ပြအပ် ပါသည်-

စဉ်

ခုနှစ်

စိုက်ဧက

ရိတ်ဧက

အထွက်နှုန်း

(တင်း)

အထွက်တင်း

၁

၂၀၂၄-၂၀၂၅

၆၃၈၆၂၆

၆၃၇၄၄၇

၄၆.၇၇

၂၉၈၁၅၉၉

၂

၂၀၂၅-၂၀၂၆

၆၄၁၁၁၇

၆၄၁၁၁၇

၄၆.၉၇

၃၀၁၁၅၂၉

 မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော နှစ်အလိုက် မြေပဲဆံဈေးနှုန်းများအား  အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-                                               ရေတွက်ပုံ-ပိဿာ/ကျပ်

စဉ်

သီးနှံ

အမည်

ယခင်နှစ်

၄-၉-၂၀၂၅

ယခင်လ

၄-၈-၂၀၂၆

ယခင်အပတ်

၂၈-၈-၂၀၂၆

ယခုအပတ်

၄-၉-၂၀၂၆

ယခင်

အပတ်နှင့်

နှိုင်းယှဉ်ချက်

၁

မြေပဲဆံ

၇၅၀၀

၁၃၅၀၀

၁၃၀၀၀

၁၂၃၀၀

-၇၀၀

 

 

 

 

 

       ယခုတစ်ပါတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မိုးမြေပဲများ ဝင်ရောက်မှုများလာပြီး မြေပဲကို တိုင်းတွင်းဆီစက်သမားများမှ အဓိကဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ မြေပဲဆီ ဈေးနှုန်းမှာ တစ်ပိသာလျှင် ၂၁၀၀၀ ကျပ်၊ မြေပဲကြိတ်ဖတ်မှာ တစ်ပိဿာ ၇၁၅၀ ကျပ်ခန့် ရှိကြောင်း၊ မြေပဲဆံဈေးနှုန်းမှာ ဒေသတွင်း ဝယ်လိုအားနည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)      

 

ကြက်သွန်နီဈေးများမြင့်တက်လျက်ရှိ

               ကြက်သွန်နီကို မန္တလေးတိုင်းအတွင်း၌ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းစသည့် ဒေသများတွင် စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးကြက်သွန်နီနှင့်‌ ဆောင်းကြက်သွန်နီဟူ၍ လအလိုက် ခွဲခြားစိုက်ပျိုးကြသည်။ မိုးကြက်သွန်ကို ကြက်သွန်ဥ မျိုးဥအသေးလေးများကို ပြန်လည်စိုက်ပျိုးခြင်းတို့ကြောင့် အစို အတိုင်းတူးဖော်ရောင်းချကြပြီး ကြာရှည်စွာအထားမခံပဲ ပုပ်လွယ်သည်။ မိုးကြက်သွန်နီကို လှောင်လက်များက သိုလှောင်ရောင်းချခြင်းမရှိကြပေ။ ဆောင်းကြက်သွန်နီသည် ကြက်သွန်မျိုး စေ့ကို ပျိုးထောင်၍ အပင်ငယ်ကလေးများ တစ်လခွဲသားအရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာ ပြောင်းရွှေ့စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးရာသီကုန်၍ တန်ဆောင်မုန်းလနှင့် နတ်တော်လ တို့တွင် စိုက်ပျိုးကြပြီး တပို့တွဲလနှင့် တပေါင်းလများတွင် ဖြိုင်ဖြိုင်ထွက်ပေါ်ကြသည်။ကြက်သွန်မြိတ်ခြောက်မှသာတူးဖော်ရောင်းချကြသောကြောင့်ကြာရှည်စွာထားခံပါသည်။ ထို့ကြောင့် ဆောင်းကြက်သွန်နီကို ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရသည်။ ကြက်သွန်နီမျိုးမှာ မြင်းခြံမျိုးနှင့် မြစ်သားမျိုး ဟူ၍ ရှိကြသည်။ မြစ်သားကြက်သွန်နီမှာ ဥဝိုင်းမျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ မြင်းခြံမျိုးမှာ ဥရှည်ပြီး အခွံထူကာ အသားကြမ်းသည်။ ယခင်အခါ ဈေးကွက်အတွင်း၌ ကြက်သွန် နီဝင်ရောက်မှုနည်းပါးလာသောကြောင့် ဈေးမြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၌ ကြက် သွန်နီ(၁၀)ပိဿာလျှင်(၄၅၀၀၀-၅၀၀၀၀-၅၅၀၀၀)ကျပ် ဈေးရှိခဲ့ကြပြီး ယခု စက်တင်ဘာလ ဒုတိယပတ်တွင်ကြက်သွန်နီ(၁၀)ပိဿာလျှင်အလုံးအရွယ်အစားလိုက် (၅၅၀၀၀-၆၂၀၀၀-၇၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ကြသည်။ ကြက်သွန်စိုက်တောင်သူများမှာ အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရရှိသည့်အချိန်တွင် ရောင်းချခြင်းမရှိဘဲ တောင်သူ လက်ဝယ်သိမ်းဆည်းထားပြီး ယခု ဇူလိုင်လမှစ၍ ကြက်သွန်နီများ ဈေးမြှင့်တက်လာသည့် အချိန်တွင်ထုတ်၍ရောင်းချသူများအနည်းငယ်သာရှိသောကြောင့် ကြက်သွန်နီဈေးများ မြင့်တက် ကြောင်း၂၉လမ်း၊ကိုင်းတန်းဈေး၊ဈေးချိုရှိပွဲရုံများမှသိရှိရသည်။DOCA(မန္တလေး)                                                                          

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း