ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက် အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ကြသည်။ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်း သီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်သည်။ အစေ့လွတ်မန်ကျည်းသီးမှည့်ရရှိရန်အတွက် မန်ကျည်းသီးမှည့် အတောင့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

          ကန့်ဘလူခရိုင်၌ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန်အတွက် ဝယ်ယူကြ ကြောင်း၊ အဖျော်ရည်ဆိုင်များမှလည်း အသုံးပြုကြောင်း၊ ဖေဖော်ဝါရီလပထမပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့်(အဟောင်း)တစ်ပိဿာလျှင် ၁၄၀၀၀ မှ ၁၅၀၀၀ ကျပ် ၊(၅၀)ကျပ်သား လျှင် ၇၀၀၀ မှ ၇၅၀၀ကျပ်၊ အစေ့ပါမန်ကျည်းသီးမှည့်(အသစ်)တစ်ပိဿာလျှင်  ၂၅၀၀ မှ ၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန်ကျည်းသီးမှည့်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၌ ဖြစ်ပေါ်နေသော သံပုရာသီးဈေးနှုန်း အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ နန္ဒဝန်ဈေးသို့ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

          နန္ဒဝန်ဈေးအတွင်းသို့ ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် သံပုရာသီး အလုံး အကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး (၁)လုံးလျှင် (၁၅၀)ကျပ်မှ (၂၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်ပြီး ရောင်းချလျက်ရှိပြီး ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် သံပုရာသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ သံပုရာသီး (၁)လုံးလျှင်(၁၀၀)ကျပ်မှ ၁၅၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက် ဈေးနှုန်းအခြေအနေ

          ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူးနှင့် ကြက်သွန်ဖြူတို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ကန့်ဘလူမြို့နယ်တွင် ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၂၀၀၀)ဈေးနှုန်း ဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ (၂၅)ကျပ် သားလျှင် ကျပ်(၄၅၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၂၀၀၀)ဈေးနှုန်း အသီးသီး ရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလ နောက်ဆုံးအပတ်နှင့် နှိုင်းယှဉ် ကြည့်မည်ဆိုပါက တစ်ပိသာလျှင်(၁၀၀၀)ကျပ် ကျဆင်း လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ငရုပ်၊ ကြက်သွန်ဖြူ /နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရှိ မုံညှင်းထုတ် ဈေးနှုန်း/‌ဈေးကွက် အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

             ကန့်ဘလူမြို့ မြို့မဈေးတွင် ‌ မုံညှင်းထုတ်ကို ရောင်းချလျက်ရှိရာမှ မုံညှင်းထုတ်ကို လူကြိုက်များ ပြီး အမျိုးမျိုးအသုံးပြုကြပုံမှာ မုံညှင်းထုတ်ကို အသားများနှင့်အစိမ်းကြော်ကြော်စားခြင်း၊ မုံညှင်းထုတ်ကို ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ခါကြက်ဥ တို့ဖြင့်‌ရောကြော်ခြင်း၊ မုံညှင်းထုတ်ကို ငါးဖယ်၊ ပြောင်းဖူးတို့နှင့် ပေါင်းစားခြင်း၊ မုံညှင်းထုတ်ကို ဟင်းချိုချက်စာခြင်း မုံညှင်းထုတ်ကို စားသောက်ဆိုင်များမှ ကြာဆံ ကြော်၊ ခေါက်ဆွဲကြော်တို့ ကြော်ရာတွင် အသုံးပြုခြင်း ဖြစ်သည့်အတွက် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရပါသည်။

              ကန့်ဘလူမြို့မဈေးအတွင်းရှိ မုံညှင်းထုတ် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ အပတ်တွင် မုံညှင်းထုတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုန်လာဉဖြူစျေးနှုန်း/စျေးကွက်

                   မုန်လာဉဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဉကို အတို့အဖြစ်စားသုံးကြသည့်အပြင် မုန်လာဉချဉ်ထည့်၍လည်း စားသုံးကြပါသည်။ မုန်လာဉပေါ်ချိန်တွင် မိမိကြိုက်နှစ်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်း ပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဉများခြောက်သွားသောအခါ လေလုံ အောင်ပိတ်ထား၍ သိမ်းဆည်းပြီး မုန်လာဉဖြူခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဉဖြူကို အဆာပြေသားရေစာအဖြစ်လည်း မုန်လာဉအော်ကွေ့ကြည် လုပ်၍လည်းစားသုံးကြ ပါသည်။ ထားဝယ်မြို့တွင် မုန်လာဉဖြူတစ်စီးလျှင်(၃၅၀၀)ကျပ်ရှိကြောင်း စျေးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ကန်စွန်းဥစျေးနှုန်း

          ကန်စွန်းဥကို မြန်မာနိုင်ငံတွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥသည် အမျိုးပေါင်းများစွာရှိပြီး ကန်စွန်းဥအ‌ရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြသည်။ ကန်စွန်းဥကို မိုးရာသီတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ပျိုးကြသည်။ တစ်တန်း နှင့်တစ်တန်း(၂)ပေကွာ၍ တစ်ပင်နှင့်တစ်ပင် (၁)ပေခြား စိုက်ပျိုးကြသည်။ ကန်စွန်းဥကိုစျေးကောင်း လျှင် မရင့်မီအရွယ်‌ရောက်ဥများကို တူးဖော်နိုင်ပြီး အကောင်းဆုံးမှာ ဥများရင့်သောအချိန်တွင် တူးဖော်နိုင်သည်။ယခုအခါ ထားဝယ်မြို့အတွင်း ကန်စွန်းဥများကို စျေးကောင်းလျက်ရှိပြီး တစ်ပိဿာ လျှင် (၆၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကန့်ဘလူမြို့နယ်အတွင်းရှိ ပန်းဂေါ်ဖီ ဈေးနှုန်း/ဈေးကွက် အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ပန်းဂေါ်ဖီများကို ယခင်ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလများတွင် ဒေသတွင်း လှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိကြောင်းသိရသည်။

               ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး /အ‌သေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေးနှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၁၅၀၀)ကျပ် ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ယခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့်လျှင် (၁၅၀၀/ ၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြစ်ခဲ့ပြီး  ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ပန်းဂေါ်ဖီ အပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့်လျှင်(၁၅၀၀/၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေပြီး ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အပြောင်းအလဲမရှိတည်ငြိမ်ပြီး အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ ပဲပင်ပေါက်စျေးနှုန်း/စျေးကွက်

ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌လည်း အပင်ဖောက်ကာ စိုက်ပျိုးရ လွယ်သောအစားအစာတစ်မျိုးဖြစ်သည်။ ပဲပင်ပေါက်သည် ဈေးနှုန်းသက်သာပြီး အလွယ်တကူဝယ် ယူရရှိနိုင်သော အပင်တစ်မျိုးဖြစ်သည်။ စားသုံးသူများအနေဖြင့် ပဲပင်ပေါက်ကို စီးပွားအဖြစ်ဖောက် ကြ၍ အလွယ်တကူဝယ်ယူရရှိသည့်အပြင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုစေသည်။ များသောအားဖြင့် ပဲပင်ပေါက်ကို ကာထဲတွင် ထည့်ဖောက်ကြပြီး အပင်ပေါက်ချိန်သည် ၄ရက်၅ရက် ကြာသည်။ ပဲစေ့များမှတဆင့် အပင်ပေါက်ကာရရှိသော အပင်များကို အထုပ်ငယ်တစ်ထုပ်လျှင် ၆၀၀ကျပ်ဖြင့် စည်ပင်သာယာစျေးနှင့် ရပ်ကွက်စျေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထွက် ရှပ်ခြောက် စျေးနှုန်း/စျေးကွက်

          တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်စွန်း ပင်လယ်ထွက်ပေါက်ရှိရာ တိုင်း ဒေသကြီးဖြစ်သဖြင့် ဒေသခံအများစုသည် ရှပ်များကို ရေငုတ်၍လည်းကောင်း၊ ရေကျသည့် အချိန် တွင် သဲတောင်ပြင်‌ပေါ်တွင် တူးဖော်၍လည်းကောင်း ဖမ်းယူကာ ရှပ်အစိုများအား ပြည်တွင်း စျေးကွက်များတွင် ရောင်းချခြင်းများ၊ နေလှန်ကာ ရှပ်အခြောက်များပြုလုပ်ကာ မြန်မာနိုင်ငံနေရာ အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

          တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုလောမြို့နယ် ခန္တီရွာ၊ ရှပ်ပုံရွာများတွင် ရှပ်အခြောက် အများဆုံးထွက်ရှိပါသည်။ ယခုနှစ်မှာ ရေးမြို့နယ်ဘက်မှအဝင်နဲပြီး ပုလောဘက်မှ အဝင်အများဆုံး ဖြစ်သည်။ အစိမ်းခြောက်ဟုခေါ်သော အကောင်ကြီးအပြား ရှပ်ခြောက် (၁)ပိဿာလျှင် (၇၅၀၀၀) ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ်နှင့် အပြုတ်ခြောက်ဟုခေါ်သော အကောင်ငယ်အလုံး ရှပ်ခြောက် (၁)ပိဿာလျှင်(၅၀၀၀၀)ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိသီဟိုဠ်ဈေးနှုန်း/ဈေးကွက်

          တနင်္သာရီတိုင်းဒေသကြီး၏ သီဟိုဠ်ဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး သီဟိုဠ်ပုံချောအသန့် တစ်ပိဿာလျှင်(၅၅၀၀၀)ကျပ်နှင့် အခွံကြမ်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ရှိပါသည်။

          ဈေးနှုန်းများမှာ ထားဝယ်မြို့‌ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီး၏ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့်ကော့သောင်းခရိုင်များရှိဈေးနှုန်းများမှာ ခရိုင်အလိုက် ပျှမ်းမျှအားဖြင့် အနည်းငယ်ခန့် ကွာခြားမှုရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း