ကန့်ဘလူမြို့မဈေးရှိ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သံပုရာချဉ်၊ သရက်ချဉ်နှင့် သရက်သီးကုလားတည်ချဉ်စသည့် လက်လုပ်ချဉ်များ ကိုကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ် များလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”၌ သရက်သီးကုလား တည်ချဉ် လက်လီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  လက္ကားတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် စားသုံးသူများ၊ ဒံပေါက်ဆိုင် များမှ ဝယ်ယူလျက်ရှိကြောင်း၊ နှမ်းပတ်ချဉ် လက်လီတစ်ထုပ်လျှင် (၅၀၀)ကျပ်၊ သရက်သီးကုလားတည် လက်လီတစ်ထုပ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။

DOCA(စစ်ကိုင်း)