ပင်စိမ်းပင် စိုက်ပျိုးမှု နှင့် အကျိုးအမြတ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် မိသားစု တစ်နိုင်တစ်ပိုင်အဖြစ် ပင်စိမ်းပင်များကို စိုက်ပျိုးကြပါသည်။ ဇလွန်မြို့နယ် ဒေသတွင်း စိုက်ပျိုးသော ပင်စိမ်းပင်များသည် ဟင်းစားပင်စိမ်းကိုသာ စိုက်ပျိုးကြပြီး တစ်ပြည်လျှင် (၅၃၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရပါသည်။ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး (၀.၂၀ ဧက)လျှင် တစ်ပြည် ကြဲပက်ရပါသည်။ စိုက်ပျိုးပြီး (၂)လခွဲအကြာတွင် ခူးဆွတ်နိုင်ပြီး တစ်လလျှင် နှစ်ကြိမ် အညွှန့်ချိုးရပါသည်။ အပင်သက်တမ်း     တစ်နှစ်ကျော် ကြာမြင့်စွာ ရှင်သန်နိုင်ပြီး ပင်စိမ်း ညွှန့်များ စတင်ခူးဆွတ်ချိန်တွင် အညွှန့် ၅၀၀ ခန့် ဝင်ဆန့်သော ခြင်းတောင်းဖြင့် ၇ ခြင်းမှ  ၈ ခြင်းထိ ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ ပင်စိမ်းပင်သည် သက်တမ်းရင့်လေ အညွှန့်အရေအတွက် ပိုမိုထွက်ရှိလေ ဖြစ်သောကြောင့် အကျိုးအမြတ်များကြောင်း၊ ပထမအကြိမ် စတင်ခူးဆွတ်ချိန်တွင် အညွှန့် ၅၀၀ တစ်ခြင်းလျှင် ၁၂၀၀၀/-ကျပ် ဝန်းကျင်ဈေးနှုန်းဖြင့် လက္ကားရောင်းချရသည်ဟု စိုက်ပျိုးသူ တောင်သူများထံမှ သိရှိရပါသည်။ အပင်မျိုးသန့်သောကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက် ရှိသည့်အတွက် မိသားစုဝင်ငွေတိုးသော တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)