မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၀၅၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၀၂၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၄၅၀၀၀)၊ နှမ်းနက်(ရိုးရိုး) (၁) တင်းလျှင် ကျပ်(၂၂၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ နှမ်းဖြူ(ဂျပန်)(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စက်တင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ် ပါက နှမ်းနီ ကျပ်(၂၀၀၀)၊ နှမ်းညိုကြား ကျပ်(၁၀၀၀)ဈေးနှုန်းလျော့ကျခဲ့ပြီး နှမ်းနက်(စမုံ) ကျပ် (၈၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ မကွေးခရိုင်းအတွင်းရှိ မြို့နယ်များမှ မန္တလေးမြို့ သို့ အိတ်ရေ(၃၂၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၂၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)









