သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေါ်ထက် ဆိတ်သားခြောက် စားသောက်ကုန်လုပ်ငန်းအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်တာဝန်ရုံးမှ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၁၆-၉-၂၀၂၆ ရက်နေ့တွင် နေ့လယ်(၁၃း၀၀) နာရီအချိန်ခန့်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ဒေါ်ထက်အမှတ်တံဆိပ်စားသောက်ကုန်လုပ်ငန်းသို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “ဒေါ်ထက်” အမှတ်တံဆိပ်ပါ ဆိတ်သားခြောက်ဘူးများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃/၂၀၂၆) သင်တန်း ဖွင့်လှစ်

 

     စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ(၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ(၁၂၅)ဦးက Online (Zoom Platform) မှတစ်ဆင့် တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် အချက်များ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း၊ စိစစ်ထုတ်ပေးခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့် အရေးယူခြင်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါ သည်။

     အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်း အဝေးခန်းမ(၂)၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး  ဦးကိုကိုဦး  တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးနှင့်တကွ   ဒုတိယညွှန်ကြားရေးမှူးများ၊ ဘာသာရပ် တာဝန်ခံများနှင့်တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းသားများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အဆိုပါ သင်တန်းကို စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့် ညွှန်ကြားချက်များအား နားလည်သဘောပေါက်စေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း မှန်ကန်စွာဖြင့် ထိရောက်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်စားသုံးသူရေးရာကော်မတီ ( ၃ /၂၀၂၆ ) အစည်းအဝေးကျင်းပ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၆) ကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင် စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးတင့်ဇော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

      ရှေးဦးစွာ မုံရွာခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးတင့်ဇော်က ခရိုင်စားသုံးသူရေးရာကော်မတီအနေဖြင့် မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ လမ်းညွှန်မှုနှင့်အညီ ယခုလို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့်လည်း ဒေသတွင်း ပြည်သူများ၏ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ လုပ်ငန်းအခက်အခဲများကို ကော်မတီမှ ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက်ပြီး စားသုံးသူများ၏ အခွင့်အရေးများနှင့် ပတ်သက် ၍ ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားကြောင်း သိရသည်။

       ထို့နောက် မုံရွာခရိုင် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဒေါ်မိုးသီတာလင်းက အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်၏ နောက်ဆုံး ၃ လပတ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မုံရွာခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌက ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ ဝမ်းတွင်းမြို့နယ်တွင်တော်ဝင်နန်းအထည်   Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်၊ ဒေါ်မြို့ရီ ( ဒု-ခရိုင်ဦးစီးမှူး) ပါ (၂)ဦးတို့သည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်ရှိ တော်ဝင်နန်းအထည်Online Sale ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

                     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်း များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ချက်များနှင့်အခြားသိကောင်းစရာများအားအသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်ရှိ အထူးထိမ်းချုပ်ဆေးဝါးများလက်လီ‌ရောင်းချခွင့်လိုင်စင် လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံးအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့ ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် ၊စက်တင်ဘာလ (၁၇)ရက်နေ့ (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်တွင်  ဆေးရုံများနှင့်တွဲလျက် ဖွင့်လှစ်ထားရှိသော ဆေးဆိုင်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင်အဖွဲ့ဝင်အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။

            စစ်ဆေးခဲ့သောဆေးဆိုင် နှစ်ဆိုင်မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်(သက်တမ်းတိုး)လျောက်ထားလာသည့် ဆေးဆိုင်များဖြစ်ကြောင်းသိရသည်။ စစ်ဆေးရာ၌ ဆေးဆိုင်အတွင်း အထူးထိန်းချုပ် ဆေးဝါးများရောင်းချမှု မှတ်တမ်းများ၊ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

 

သစ္စာမရွေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၁.၉.၂၀၂၆) ရက်နေ့တွင်မိတ္ထီလာမြို့နယ်၊ မိတ္ထီလာမြို့ရှိ သစ္စာမရွေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

                   ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊အရွယ်အစား၊အရေအတွက်၊အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် အိမ်ထောင်စုများအား စားအုန်းဆီများရောင်းချပေးလျှက်ရှိ

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၈.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌ ဝမ်းတွင်းမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် အိမ့်ကောင်းကင်ဆီဆိုင် မှပြည်သူများအား အိမ်ထောင်စုအလိုက်စားအုန်းဆီလက်လီ ရောင်းချနေမှုအားကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချမှုရှိ/မရှိ၊ အချင်အတွယ် မှန်ကန်မှုရှိ/မရှိ၊ စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်ကျေးရွာနေပြည်သူများအား နှံနှံစပ်စပ် ရောင်းချပေးခြင်းရှိ/မရှိ၊ အိမ်ထောင်စုအလိုက်ဆီစာအုပ်စနစ်ဖြင့် ရောင်းချပေးရန်နှင့် သတ်မှတ်ရည်ညွှန်း ဈေးရေးသားထားသည့် ဗီနိုင်းများချိတ်ဆွဲ၍ရောင်းချရန်စိစစ်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းရောင်းချကြောင်း၊ အလေးချိန်အချင်အတွယ် မှန်ကန်ကြောင်း၊ ဈေးနှုန်းဗီနိုင်းချိတ်ဆွဲထား၍ ရောင်းချကြောင်းစိစစ်တွေ့ရှိရပြီး အိမ်ထောင်စု အလိုက်ဆီစာအုပ်ဖြင့် တစ်အိမ်ထောင်လျှင်တစ်လ(၂.၅)ပိဿာနှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း”

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် မိတ္ထီလာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် မိတ္ထီလာ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သတင်းရရှိ ပါသည်။

            ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ စက်သုံးဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ‌ရောင်းချရေး ၊ အချိန်အတွယ်ပြည့်မီစေရေးတို့ကို အလေးထားရောင်းချရန်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာအနေဖြင့်လည်း စျေးကွက်စောင့်ကြည့်ကွင်းဆင်းခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း၊စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဈေးနှုန်းများနှင့် စက်သုံးဆီရောင်းချမှု၊ လက်ကျန်အခြေအနေများကိုလည်း နေ့စဉ်ကောက်ယူ၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြ လျက်ရှိရာ မြေပြင်တွင် အမှန်တကယ်ရောင်းချသည့် အခြေအနေများကိုသာ ပေးရန်ဖြစ်ကြောင်း ၊မိတ္ထီလာခရိုင် အတွင်း စက်သုံးဆီဆိုင်ပေါင်း ၁၁၀ ဆိုင် ရှိ၍ ဝန်ထမ်းအင်အားကြောင့် ဆီဆိုင် များမှ Viber ဖြင့် ပေးပို့သည့် စနစ်ဖြင့် စက်သုံးဆီစျေးနှုန်းများနှင့် စက်သုံးဆီရောင်းချမှု၊ လက်ကျန်အခြေအနေများကိုလည်းကောက်ခံနေရကြောင်း၊ သံသယဖြစ်ပေါ်စေသော အခြေအနေများဖြစ်ပါက ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပေးပို့သော စာရင်းများနှင့်မြေပြင်တွင် အမှန်တကယ်ရောင်းချ သောစာရင်းများကွဲလွဲမှုရှိပါက သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်သွားရမည်ဖြစ်၍ လုပ်ငန်းရှင် များအနေဖြင့်ထိခိုက်နစ်နာမှုများမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်သွားကြရန်အသိပေး ဆွေးနွေး ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့၊  ဘွန်သီးမုန့်တိုက်ရှိ အသင့်စားမုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

                                 စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက် များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက်နေရာစုံ၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၄   ရက်နေ့တွင် ထုတ်ကုန်  လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုန့ယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မိတ္ထီလာ၊ ဘွန်သီးမုန့်တိုက်တွင် အသင့်စားမုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော မုန့်များရောင်းချ ခြင်း ရှိ/မရှိတို့အေား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသား ပြည့်စုံစွာဖော်ပြဆောင်ရွက် မှုရှိ/မရှိအားဌာနမှ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများ အား‌ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန် စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

 DOCA(မန္တလေး)

စီးပွားရေးလုပ်ငန်းရှင်များကျင့်ဝတ်နှင့်အညီ ထုတ်လုပ်နိုင်စေဖို့ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစို့

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းသည် စားသုံးသူများ ကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ် နှင့်အညီ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ (၁၉.၉၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ် လျက်ရှိသော “ သာထက်လျှံ ” နှင့် “အောင်မြန်မာ” မြေပဲဆုံဆီ၊ “ကောင်းကျော်” တို့ဟူးကျိုပဲမှုန့်၊  “A-1” သောက်ရေသန့် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များထံ သို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်များအား စားသုံးသူများ နေ့စဉ်အသုံးပြုနေရသော ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုသည် လူမှုစီးပွားဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အလွန်အရေးကြီးသောကြောင့် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း၊ သောက်ရေသန့် လုပ်ငန်းရှင်နှင့်ဆွေးနွေးရာတွင် ရေသည် လူသားတိုင်းအတွက် မရှိမဖြစ်အရေးပါသောကြောင့် သန့်ရှင်းသပ်ရပ်ပြီး ဘေးအန္တရာယ်မရှိအောင် ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မြေပဲဆုံဆီထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် မြေပဲမှာ အာဖလာတောက်ဆင် မှိုဆိပ်ပါနိုင်၍ အထူးသတိပြု လုပ်ကိုင်စေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊ ပုဒ်မ-၂၁ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ပုဒ်မ-၄၁၊ ၄၃ ပြဌါန်းချက်ပါ အကြောင်းအရာများ၊ အခန်း(၂၃)ပါ တားမြစ်ချက်များနှင့် အခန်း(၂၄) ပြဌါန်းချက်ပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းအားဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ