သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီခွဲတမ်းရရှိသောဆိုင်များအား စနစ်တကျရောင်းချရေး၊သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      (၁၂-၁-၂၀၂၆‌)ရက်နေ့ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ စားအုန်းဆီခွဲတမ်းရရှိသော ဆိုင်များအား ရရှိသောခွဲတမ်းများ ကို စနစ်တကျရောင်းချရေး ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်ရေးနှင့်မှတ်တမ်းများစနစ်တကျထားရှိရေးတို့အတွက်မြို့နယ်စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏အဖွဲဝင်များနှင့်အတူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့ ကြောင်း သိရ ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ စားအုန်းဆီ ရောင်းချနေသော အမှတ် ၇ ရပ်ကွက် အတွင်းရှိ လက်ကား၊ လက်လီဆိုင်(၅)အား သတ်မှတ် စည်းကမ်း လမ်းညွှန်ကြား ချက်များအတိုင်းရောင်းချနေမှု ရှိ မရှိကို စစ်ဆေးခြင်း၊ ဝယ်ယူသူ ပြည်သူများအား ဆီထုတ်ယူခွင့်စာအုပ် ဖြင့် နည်းစနစ်မှန်ကန်စွာ ထုတ်ယူဝယ်ယူအသုံးပြုနိုင်ရန်ကို ရှင်းလင်း အသိပေးပြောကြားပြီး စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား အငြင်းပွာမှု မရှိစေရန် ဆီဖြန့်ဖြူးခြင်းနှင့် ဆီဝယ်ယူရန် သတ်မှတ်စည်း ကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်၍ လွပ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် ကွင်းဆင်း၍ စစ်ဆေးဆောင် ရွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဖြည့်စွက်အစားအစာနှင့် အဟာရမှုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ရုံးက ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့များနှင့်အတူ စတိုးဆိုင်များတွင်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ကလေးအဟာရအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၂.၁.၂၀၂၆) ရက်နေ့နံနက်  (၀၉၃၀) နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။

      ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က မြို့မဈေးနှင့် ရပ်ကွက်များအတွင်း ကုန်စုံ ဆိုင်များရှိ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာ ဦးစီးဌာန ၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈)၊ ပုဒ်မ (၄၁)၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ညွှန်ကြားချက် အမိန့်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက် တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။  

DOCA(ဧရာဝတီ)

အချိုရည်စက်ရုံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၁၁၆/A2)၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည်စက်ရုံသို့ (၁၂.၁.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် Green Circle Co.,Ltd ရှိ Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပန်းတနော်မြို့နယ် ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

      စားသုံးသူ‌ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာ၀န်ခံနှင့်ဝန်ထမ်းတို့သည် (၁၂.၁.၂၀၂၆) နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင်  ပန်းတနော်မြို့နယ်‌ ပတောက်စုကျေးရွာ  စောမြဖော ဆန်စက် သို့သွားရောက်၍  ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊  စပါးဆန်ဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ ၊Gasifierများစနစ်တကျအသုံးပြုမှုရှိ/မရှိ၊MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
     အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က ဆန်ထွက် ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိ စေရေးအသိပညာပေးခြင်း စပါး/ဆန်သို လှောင်ရုံမှတ်ပုံတင်ထားရှိမှုကို စစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုး ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအ‌နေများ၊Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ ဆန်စက်တွင် လက်ရှိစပါး တင်း ၃၀၀၀တင်း၊  ဆန်အိတ် ၅၀၀ ရှိကြောင်း ဌာနမှ သတ်မှတ်စည်းကမ်း လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင်ပြောကြားချက်အရ သိရသည်။

DOCA(ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

         (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကို၊ ရွှေပြည်သာစက်မှုဇုန် (၁) ကော်မတီရုံးမှ လုံခြုံရေးမှူး ဦးဝင်းလွင်တို့ပါဝင်လျက် ရွှေပြည်သာမြို့နယ်ရှိ Diesel King Co., Ltd ခြင်ဆေးစက်ရုံသို့ သွားရောက်၍ ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် Diesel King Co.,Ltd ခြင်ဆေးစက်ရုံမှ တာဝန်ခံ ဦးအောင်ကိုယု ပါ (၄) ဦးတို့တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်ပိုင်စိုး၊ အကြီးတန်းစာရေးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ(၆၈)တွင် ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်) ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ (၇၃) အရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၈) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူစားသုံးရာ၌ ပါဝင်သည့် ကုန်အညွှန်း အမှတ်အသားကို သေချာစိစစ်ဖတ်ရှု ဝယ်ယူသုံးစွဲ ကြရန်နှင့် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊တခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိ ပညာပေး ဟောပြောခဲ့မှု အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၂.၁.၂၀၂၆) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းအုပ်စု၊ သဲဝါကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် ဦးရှင်းခန့်ကိုကို၊ အကြီးတန်းစာရေးက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပါ စားသုံးသူ၏အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များအကြောင်း စားသုံးသူများ ကုန်စည်ကိုဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သိရှိနိုင်ရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုကို စားသုံးသူများရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများရှိလာပါက Consumer Call Center 1535 သို့ ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ကြောင်း ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၆၅)ဦး၊ ဆရာမ (၃) ဦး စုစုပေါင်း (၆၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြံခင်းမြို့နယ်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၇.၁.၂၀၂၆)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ ဆေး မျိုးစုံအရောင်းဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/မရှိ၊  ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်း ဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော အိမ်သုံးဆေးဝါးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်း မရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း၊ အိမ်သုံးဆေးဝါးများ ပစ္စည်း ပြတ်လပ်မှုမရှိပဲ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူ များစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန် စသည် တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင် (၆)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအား အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ၊ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၂.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၂း၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ရာပြည့်ဈေးရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီဈေးများဌာနတွင်  စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေးခြင်းပြုလုပ်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်၍ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့်ကိုက်ညီမှု ရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှ အွန်လိုင်းရောင်းချခွင့်မှတ်ပုံတင်ကဒ်များ ထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပြီး အွန်လိုင်းရောင်းချမှုနှင့် ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဟင်္သာတမြို့ ပဒေသာဈေးအတွင်းရှိ ဗူးသွပ်ဆီအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည်မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ (၇.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟင်္သာတမြို့ ပဒေသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ဗူးသွပ်ဆီအမျိုးမျိုးအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက် စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များ စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ