သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စတိုးဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှု ရှိ၊ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရန် ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းခရိုင်ရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စတိုးဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် dmpအမှတ်တံဆိပ် ကလေးခေါင်းလျှော်ရည် ကုန်စည်အား စစ်ဆေးခဲပြီး အဆိုပါ ကုန်စည်သည် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောအချက်အလက်များ မှန်ကန်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃)ပါ တားမြစ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ် “ရွှေကြိုးကြာ” ကုလားပဲကျက်မှုန့်စက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသအတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း၈ကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ရှိ “ရွှေကြိုးကြာ” ကုလားပဲကျက်မှုန့်စက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      “ရွှေကြိုးကြာ” ကုလားပဲမှုန့်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့်  ကုလားပဲကျက်မှုန့် (၁၅၀)ဂရမ် ကုန်စည်များကို အမျိုးအစားအား စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာတွင်စားသုံးသူကာကွယ်ရေးဟောပြောပွဲကျင်းပ

          မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာ  စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက်၂၀၂၆ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်နေ့တွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါ သည်။

                       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး)မှစားသုံးသူရေးရာဦးစီးဌာနတွင်လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက် လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ် ရေး ဥပဒေအရစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိ ကြောင်း လုပ်ငန်းရှင်များ အနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်း အမှတ်အသားများ နှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့်ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊မိမိထုတ်ကုန်များကိုကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်း ရှင်များအနေ ဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်စားသုံးသူ များဖြစ်သည့် အတွက် စာသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါ ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီးကြောင်းသိရှိရပါသည်။      

    DOCA(မန္တလေး)

မိတ္ထီလာမြို့နယ် စက်သုံးဆီဆိုင်များအား ရှောင်တခင်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံ၊ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်ရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်း ရှိ/မရှိ၊ MSMEနှင့်စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များ ဝယ်ယူရာတွင် အဆင်ပြေစေရေး နှင့် စက်သုံးဆီများပြတ်လပ်မှု ရှိ/မရှိ ၂၀၂၆ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ PetroSeven ၊ Famer ၊ Hummer petro စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျှက်ရှိရာ သတ်မှတ်ဈေးနှုန်းများ ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင် ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 DOCA(မန္တလေး)

 

 

“မိတ္ထီလာမြို့ရှိ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်းရှိ/မရှိ  မိဘမေတ္တာကုန်စုံဆိုင်အားဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

                                      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ရုံးရှိ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် ဧပြီလ (၂၄) ရက်နေ့နေ့လည်(၁၀:၃၀)အချိန်မိတ္ထီလာမြို့နယ်ရှိမိဘမေတ္တာကုန်စုံဆိုင်တွင်ရောင်းချလျက်ရှိသောစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်း မြင့်တင်ရောင်းခြင်းရှိ/မရှိ အခြေအနေအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။     

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော လူသုံးကုန်ပစ္စည်းများ၊ အသင့်စားစားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့် တက်ခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြား ခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင်ကုန်အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြ ဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုနေ့စဉ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)

 

မိတ္ထီလာမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေးနှင့်အဖွဲ့သည် (၁၇ .  ၉ . ၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်၍ မိတ္ထီလာမြို့၊ မြင်းကန်အုပ်စု၊ ဆည်ကုန်း ကျေးရွာရှိ “အောင်ဟိန်းဝင်း” ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့်ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်း မေးမြန်းခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် ပဲကြော်လုပ်ငန်းရှင်မှ ယခုလက်ရှိအချိန်တွင် ပဲကြီးခြမ်းကြော် များ ရောင်းအားသွက်လျက်ရှိပါကြောင်း၊ ကျောက်ပန်းတောင်း၊ မကွေး၊ မှုံရွာမြို့များမှ ပဲကြီးများ ဝယ်ယူကြောင်း၊ ပဲကြီး တစ်ပိဿာ (၈၉၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာ အချိန် (၁၂၀) ပိဿာ ကြော်ရကြောင်း၊ မိသာစုလုပ်အားကိုသာ အဓိကထားလုပ်ကိုင်ကြပြီး၊ ပြင်ပလုပ်သားအနည်းငယ်ဖြင့်သာ လုပ်ကိုင်လျက်ရှိပြီး ၊ မိသားစုစားဝတ်နေရေးအဆင်ပြေ၍ တွက်ချေ ကိုက်ကြောင်း သိရှိရပါသည်။

          ပဲကြီးခြမ်းကြော်ကို လက်ဘက်နှင့်တွဲ၍ စားသုံးလေ့ရှိရာဒေသတွင်း စားသုံးမှုသာမက မိတ္ထီလာ မြို့၊ သာစည်၊ မလှိုင်မြို့များသို့ လက်လီလက်ကားရောင်းချရန်လည်းကောင်း၊ နယ်မှမိတ်ဆွေများ အတွက်ဒေသလက်ဆောင်အနေနှင့်ဝယ်ယူသူများကြောင့် ဝယ်လိုအား ကောင်းကြောင်းသိရပါသည်။ ပဲကြီးခြမ်းကြော်ကိုဈေးကွက်၌ ဒေသအခေါ် ပဲဖူးကြော်ဟူ၍ ခေါ်တွင်ကာ တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ဈေးရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ရမည်းသင်းခရိုင်အတွင်းရှိ တို့ဟူးလုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံခြင်း’’

            မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ၊ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ နှင့်အဖွဲ့သည် ရမည်းသင်းမြို့တို့ဟူးလုပ်ငန်းလုပ်ကိုင်သော ဦးစိုး+ဒေါ်ရွှေအိ တို့ဟူးလုပ်ငန်းတို့ သွားရောက်လေ့လာဆွေးနွေး ခဲ့ပါသည်။

          တို့ဟူးလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း ဖြစ်ကြောင်း၊ တို့ဟူးကျိုရာတွင် ကုလားပဲကို (၄) နာရီကြာ‌ ရေစိမ်၍ ကြိတ်ရကြောင်း၊ ကြိတ်၍ ကျလာသော အရည်အားပိတ်စနှင့်စစ်၍ ကျရည်ကိုသွန်၍ အနစ်ထုတ်ယူရကြောင်း၊ ၎င်းကျရည် ကိုလည်း တိရစ္ဆာန်စာအဖြစ်လာရောက် ဝယ်ယူကြ‌ကြောင်း၊ ရရှိလာသော အနှစ်ကို မိနစ် (၄၀) ကြာ ကျိုရပြီး အအေးခံပုံစံခွက်သို့ ထည့်၍ အအေးခံရ ‌ကြောင်းသိရှိရပါသည်။

          တို့ဟူးကျိုရာတွင် အသုံးပြုသော ကုန်ကြမ်းကုလားပဲကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ကုလားပဲ တစ်အိတ်လျှင် အချိန် (၃၀) ရှိပြီး (၁၉၀၀၀၀) ကျပ်ပေးရကြောင်း၊ တစ်နေ့လျှင် ကုန်ကြမ်းတစ်အိတ်ခွဲခန့် ပုံမှန်ပြုလုပ်ရကြောင်း၊ ကုလားပဲ ၁ ပိဿာကျိုလျှင် တို့ဟူးအချိန် (၂.၅) ပိဿာထွက်ရှိပြီး ကုန်ကြမ်းတစ်အိတ်ခွဲကျိုလျှင် ပိဿာ(၁၀၀) ခန့်ရရှိကြောင်း သိရှိရပါသည်။ လုပ်သား (၃) ဦးအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျှက်ရှိပြီး လုပ်သားတစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၃၀၀၀၀) ကျပ် ကုန်ကျကြောင်း သိရှိရပါသည်။ ကုန်ချောတို့ဟူးများ ကို တစ်ပိဿာ (၆၀၀၀) ကျပ်ဖြင့် ရောင်းချပြီးအဆိုပါ တို့ဟူးများသည် (၁၀) ရက်ခန့်အထားခံသဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား မြို့များအထိ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

 

 

မုံရွာမြို့ ၊ ရန်ကင်းရပ်ကွက်ရှိ “ပန်းနုရောင်”  မြေပဲဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည်  စက်တင်ဘာလ  ၁၈  ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်ရှိ ပန်းနုရောင် မြေပဲဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ K-Mart စတိုးဆိုင်အတွင်းရှိ Dmp အမှတ်တံဆိပ် ကလေးခေါင်းလျှော်ရည်အား ဈေးကွက်စောင့်ကြည့်

       စားသုံးသူရေးရာဦးစီးဌာန၊ မုံခရိုင်တာဝန်ရုံးမှ ခရိုင်ဦးစီးမှူးမှ စားသုံးထုတ်လုံဌာနခွဲတာဝန်ခံမှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦီးတို့သည် ၂၉-၈-၂၀၂၆ ရက်နေ့တွင် နံနက် (၁၀း၀၀) နာရီခွဲအချိန်ခန့်တွင် မုံရွာမြို့၊  မြဝတီရပ်ကွက်ရှိ K- Mart စတိုးဆိုင်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “ Dmp” အမှတ်တံဆိပ်ပါ ကလေးခေါင်းလျှော်ဘူးပေါ်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်း(၁)ဦးသည် (18.9.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ဆန်လက်လီ/ လက်ကား အ‌ရောင်းဆိုင်များနှင့် ဆန်သိုလှောင်ရုံများအား ဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆန်လက်လီ/လက်ကားဆိုင်များနှင့် ဆန်သိုလှောင်ရုံပိုင်ရှင်များထံမှ ဆန်ဝယ်ယူမှုနှင့် သယ်ယူပို့ဆောင်မှုအခြေအနေများ၊ ပြန်လည်ရောင်းချနေမှုအခြေအနေ၊ ဆန်ဈေးနှုန်းများနှင့် ဆန်လက်ကျန်များအား တွေ့ဆုံမေးမြန်းခဲ့ပြီး ဆန်များဝယ်ယူရာတွင် ဆန်အမျိုးအစားအလိုက် ဝယ်ယူသည့်ပြေစာများအား စနစ်တကျမှတ်တမ်း ထားရှိနိုင်ရေး၊ ဆန်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး၊ MyRoတွင် မှတ်ပုံတင်ရန် ကျန်ရှိသည့် ဆန်ဆိုင်များအား မှတ်ပုံတင်ထားရှိနိုင်ရေး၊ မှတ်ပုံတင်ထားသည့်ဆန်ဆိုင်၊ ဆန်သိုလှောင်ရုံများအားလည်း လစဉ်သတ်မှတ်ရက်အတွင်း ကုန်ရ/ ကုန်ထုတ်/လက်ကျန် စာရင်းများ ဖြည့်သွင်း နိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ