သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံ 

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေကြယ်စင် လ္ဘက်စို-လ္ဘက်ခြောက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အမိန့်နှင့်ညွှန်ကြားချက်များ နှင့်အညီထည့် သွင်းဖော်ပြနိုင်ရေး ရှင်းလင်းပြောကြား အသိပညာပေးခဲ့ပြီး ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှ မြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ သိဒ္ဓိအောင် ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး စသည်တို့ကိုဆွေးနွေးခဲ့ ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ ထုတ်လုပ်သည့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

စက်တင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှု

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊ မြို့မဈေးရှိ စတိုးဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည်ဖြင့် စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်း လှမြို့၊ပိတောက်မြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(၁)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်နှင့်ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံးဆီအရောင်း ဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ ထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ် ပြန်ထားသည့် ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

DOCA (စစ်ကိုင်း)

Dumex Dupro ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်းနှင့်  မြို့နယ်အစားအသောက် နှင့် ဆေးဝါးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၄-၉-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနှင့်  ဘုရားငါးဆူ ကျေးရွာရှိ ကုန်စုံဆိုင် ၆ ဆိုင်အား  ကွင်းဆင်းစစ်ဆေးခဲ့ရာ ၃ဆိုင်တွင်သာ Dumex Dupro ရောင်းချတွေ့ရှိရပြီး တစ်ဗူးလျှင် ၅၄၀၀၀/ကျပ် ရောင်းချကြောင်း၊ Unilever ကိုယ်စားလှယ် ဦးပြည့်ဖြိုးမောင်ထံမှ မှာယူရောင်းချကြောင်း၊ ကုန်ပစ္စည်း အတုအပများ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးသိရှိရပြီး  ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချ စေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်ရှိ စာသင်ကျောင်းများတွင်စားသုံးသူကာကွယ်ရေးဟောပြောပွဲကျင်းပ

           မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ၁၈ရက်နေ့ နံနက် (၁၀း၀၀)နာရီချိန်တွင် မိတ္ထီလာမြို့နယ်၊ အလည်ရွာ(အ.ထ.က) ကျောင်း၌လည်းကောင်း၊   နေ့လည်(၁၃း၀၀)နာရီချိန်တွင် မိတ္ထီလာမြို့နယ်၊ တုန်းအိုင်ရွာ(အ.ထ.က)ခွဲကျောင်း၌လည်းကောင်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဦးစန်းအောင်(ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်း အမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဟောပြောပွဲတွင် တုန်းအိုင်ရွာ(အ.ထ.က)ခွဲကျောင်းမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ( ၁၁၅၀ ) ဦး နှင့် အလည်ရွာ(အ.ထ.က) ကျောင်းမှ စုစုပေါင်း ( ၁၁၅၀ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

DAWN နို့ဆီဘူးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ DAWN နို့ဆီဘူးရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Golden Dragon ကြက်သွန်ဖြူအရသာ ငရုတ်ဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ Golden Dragon ကြက်သွန်ဖြူအရသာ  ငရုတ်ဆီဘူးများရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

VBLL ကျွဲရိုင်းချိုချဉ် သကြားလုံးထုတ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁1:30) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  အမှတ်(၂)အတွင်းရှိ VBLL ကျွဲရိုင်းချိုချဉ် ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မြရတနာဆန်စက်အား ဈေးနှုန်း/ ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (1၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုရှိ ကျောက်ဆူးဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          သို့ဖြစ်ပါ၍ ကျောက်ဆူးဆန်စက် လုပ်ငန်းရှင် ဦးရှဖီးနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ်သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/ စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ပင်စင်စားများအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြပါသည်။

          ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပင်စင်စားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခြေအနေများကို တိုင်းတာပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊  မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့် ပူးပေါင်း၍ ဧည့်မထဆန် တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃30) ကျပ်၊ ဗူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃700) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား သက်သာသောဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာစည်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဝတ်မှုံအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၄-၉-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနှင့်  ဘုရားငါးဆူ ကျေးရွာရှိ ဆေးဆိုင် ၅ ဆိုင်အား  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ဆေးဝါးရောင်းချခွင့်လိုင်စင် လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆေးဝါးများ ထားရှိမှုအား လည်းကောင်း၊ သက်တမ်းလွန် ဆေးဝါများ ရှိ/မရှိအား လည်းကောင်း၊ သက်တမ်းလွန် ဆေးဝါများရှိပါက ဖျက်ဆီးခွင့်မပြုကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးသို့ လာရောက်အပ်နှံပေးရန်၊ အောက်လိုင်းဆေးများ ရောင်းချခြင်း မပြုရန်၊ ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ