
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၆) ကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင် စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးတင့်ဇော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးတင့်ဇော်က ခရိုင်စားသုံးသူရေးရာကော်မတီအနေဖြင့် မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ လမ်းညွှန်မှုနှင့်အညီ ယခုလို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့်လည်း ဒေသတွင်း ပြည်သူများ၏ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ လုပ်ငန်းအခက်အခဲများကို ကော်မတီမှ ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက်ပြီး စားသုံးသူများ၏ အခွင့်အရေးများနှင့် ပတ်သက် ၍ ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားကြောင်း သိရသည်။
ထို့နောက် မုံရွာခရိုင် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဒေါ်မိုးသီတာလင်းက အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်၏ နောက်ဆုံး ၃ လပတ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မုံရွာခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌက ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)
