သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ဒလမြို့နယ်အတွင်းရှိ စားအုန်းဆီကိုယ်စားလှယ်များ၏ စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချမှု အခြေအနေများအပေါ်မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြို့မ(၄)ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ အိမ်ထောင်စုများ၏ စားအုန်းဆီခွဲတမ်းရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရမည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် သတ်မှတ်ခွဲ့တမ်းများအတိုင်း ဖြန့်ဖြူးနေမှုအခြေအနေနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ စားအုန်းဆီအရောင်းတာဝန်ခံများအနေဖြင့် မိမိတို့၏ ကျေးရွာအုပ်စုအတွင်းရှိ စားသုံးသူ ပြည်သူများထံသို့ သတ်မှတ်ခွဲတမ်းအပြည့်အဝ လက်လီပြန်လည်ဖြန့်ဖြူးရောင်းချနေမှုစာရင်းများအား မှတ်တမ်းစာအုပ်များ စနစ်တကျပြုစုထားရှိရန်နှင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ ရှောင်တခင်ကွင်းဆင်းစစ်ဆေးသည့်အခါ တိကျစွာဖြင့် ရှင်းလင်းပြသနိုင်ရေးနှင့် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အမှတ်ဆံဆိပ်ပါ ဗူးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  ပန်းတနော်မြို့နယ် တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၁၈.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန် တွင် ပန်းတနော်မြို့၊ ကမ်းနားလမ်း၊ စည်ပင်သာယာဈေးရှိ ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်ရှိ  စားသုံးဆီအမှတ်တံဆိပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

               ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်ရောက်ပြီး ကုန်စည်များအပြင်ဈေး  ကွက် မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး လစဉ် ဈေးကွက် ရောက် အမှတ်တံဆိပ်ပါဘူးဆီများကို ဈေးနှုန်းနှင့် ဈေးကွက် ကုန်အညွှန်းအမှတ်အသား တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)ပါ အကြောင်းအရာများနှင့် တိုက်ဆိုင်စစ်ဆေးရာ၊ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာပြီး ရောင်းချ သူလုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းသိရှိလိုပါက Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

သာကေတမြို့နယ်၊ စံပြ ဥယာဉ်ဈေးအတွင်းရှိ အိုင်အိုဒင်းဆားရောင်းချမှုနှင့် ပတ်သက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

        ၁၉.၉.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊  သတ္တုတွင်းဦးစီးဌာန၊  ဆားလုပ်ငန်းရုံးမှ ဒေါ်ဗေဒါထွန်း(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေး အရာရှိ) နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်၊ စံပြဥယျာဉ်ဈေးအတွင်းရှိ အိုင်အိုဒင်းဆားလက်လီ/လက်ကားရောင်းချနေသော အရောင်းဆိုင်များသို့ အိုင်အိုဒင်းဆားများတွင် သတ်မှတ်အိုင်အိုဒင်းစံချိန်စံညွှန်းပြည့်မီမှုရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  ထုတ်လုပ်မှုအဆင့်တိုင်းစနစ်တကျရှိစေရန်၊ ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင် အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိခြင်း ရှိ/ မရှိကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်များသို့  ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၂၂.၉.၂၀၂၆ )ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့် မြိုု့နယ်၊ ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်များတွင် ပြည်တွင်းဆေးဝါး ပြတ်လပ်မှုမရှိစေရေးနှင့် လက်လီ / လက်ကားရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များ၏ ဆေးဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်းကွာခြားမှုရှိ/ မရှိ၊ ဈေးကွက်များအတွင်းဆေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များနှင့် အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆေးဆိုင်မှတာဝန်ရှိသူနှင့်တွေ့ဆုံ၍ ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှတားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင် ၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးမောင်ကျော်မြင့် (ဒုခရိုင်ဦးစီး မှူး)နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိကို(၂၁.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  တောင်ဒဂုံမြို့နယ်ရှိ Online Sale မှတ်ပုံတင်လျောက်ထားသည့် လုပ်ငန်းများသို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင် စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မုန့်လုပ်ငန်းများသို့ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍   ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၁.၉.၂၀၂၆ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မြောက်ဒဂုံစက်မှုဇုန်ရှိ  Happy ဝေဖာ & Food မုန့်လုပ်ငန်းသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)က ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသား ဖော်ပြ ရမည့်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။ ထို့နောက်  Happy ဝေဖာ & Food မုန့်လုပ်ငန်းသည် ချောကလက်ဝေဖာ၊ မြေပဲဝေဖာ (၂)မျိုးထုတ်လုပ်၍  လုပ်သားအင်အား (၂၀ဦး)ဖြင့် လုပ်ကိုင် လျက်ရှိပါပြီး စစ်ဆေးတွေ့ရှိချက်အခြေအနေများအပေါ် ပြုပြင်ရန်အချက်များကို တစ်လအတွင်း လုပ်ငန်းရှင်များမှ ပြုပြင်ဆောင်ရွက်သွားရန် အသိပညာပေးခဲ့ကြောင်းနှင့်  ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့်ဖော်ပြရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ရန်အခက်အခဲရှိပါကစားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ကြောင်း၊ ဌာနဘက်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရရှိပါသည်။

DOCA(ရန်ကုန်)

ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာရှိ သိဒ္ဓိစံဆန်စက်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာရှိ ဦးမောင်ဝင်းပိုင် သိဒ္ဓိစံဆန်စက်၌ ဆန်ထုတ်လုပ်မှုလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀:၀၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ဆန်စက်၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ထုတ်ကုန်များ၏ အရည်အသွေးနှင့် သန့်ရှင်းသပ်ရပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသည့် ဆန်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း လစဉ်လဆန်းရက်များတွင် ရ၊ထုတ်၊ကျန် စပါးဆန် လက်ကျန်ဖြည့်သွင်းရေး သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပည့်မီပါက သက်တမ်းတိုးခြင်းလုပ်ငန်းများကို မဖြစ်မနေဆေင်ရွက်ရန်ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထို့အပြင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း သန့်ရှင်းရေးနှင့် အရည်အသွေးထိန်းချုပ်မှုကို စနစ်တကျ ဆောင်ရွက်ရေးတို့ကို အလေးထားလိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည် တာဝန်များအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဟင်းသီးဟင်းရွက်ဆီဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန် ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ(၁၆-၉-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင်   မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၊ ငွေသာစည်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဆီနှင့် ဗူးသွပ်ဆီများအား  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေး ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ခရိုင် FDA အဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စားးသုံးသူရေးရာဦးစီးဌာန အင်္ဂပူ မြို့နယ်တာဝန်ခံ မှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ် အရည် အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိ ပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

 (DOCA ဧရာဝတီ)

လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး ‌ဟောပြောခြင်း

           ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ စားသုံးသူ ရေးရာဦးစီးဌာနမှ အင်္ဂပူမြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်း က ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ‌ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းထားရှိမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ညွှန်ကြားချက်ထုတ်ပြန် ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း၊  ကုန်အညွှန်း အမှတ်အသားလာရောက် လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ လိုက်နာရန် ပျက်ကွက်ခဲ့ပါက စားသုံးသူကာကွယ်ရေးဥပဒေအရအရေးယူခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA ဧရာဝတီ

 

 

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီဖြန့်ဖြူးသည့်အရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် (၁၆.၉.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ် ​မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ ဒု-စုံစမ်းစစ်ဆေးရေးမှူး  သန်းထိုက်​အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒု-ဦးစီးအရာရှိ ဦးရဲစိုး၊ ဟင်္သာတမြို့ရဲစခန်းမှ ဒုရဲအုပ် ကျော်သူရိန်၊ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တိုင်းကော်မတီ စာရင်းစစ်အဖွဲ့ဝင် ဦးမင်းမင်းထွန်းတို့အဖွဲ့သည် လယ်တီကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီဖြန့်ဝေပေးနေမှုအားလည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း က သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် ဟင်္သာတမြို့ပေါ် စားသုံးဆီဖြန့်ဖြူး ရောင်းချ သည့် လက်ကား/လက်လီ အရောင်းဆိုင်များအား စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/မရှိနှင့်စားအုန်းဆီများအားပြည်သူများလက်ဝယ်အရောက် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားအုန်းဆီဖြန့်ဖြူးခွင့်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး နှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအား အသိပညာပေးမှာကြားခဲ့ပြီး၊  လိုအပ်သည်များကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြောဆိုမှာကြားခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ