သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီဝယ်ယူခွင့်စာအုပ်များ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိ

                     မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ရှင်အရဟံသိမ်ဓမ္မာရုံတွင် (၁၄.၉.၂၀၂၆) မှ (၁၉.၉.၂၀၂၆) ရက်နေ့အထိ စားသုံးသူပြည်သူများသို့  ရည်ညွှန်းဈေးဖြင့် အိမ်ထောင်စုတစ်စုလျှင်စားအုန်းဆီ (၂.၅)ပိဿာလစဉ်ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ၊စားသုံးသူရေးရာဦးစီးဌာန မှမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာဦးနှင့်အဖွဲ့၊ ဆီအသင်း မှ တာဝန်ရှိ သူများပူးပေါင်း၍ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မိတ္တူ၊ ဖုန်းနံပါတ်တို့ကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ဆီစာအုပ်အဟောင်းများ စိစစ်၍ စာအုပ် အသစ် ထုတ်ပေးခြင်းနှင့် ဆီစာအုပ် မပြုလုပ်ရသေးသော အိမ်ထောင်စုများအား ဆီစာအုပ် အသစ်များပြုလုပ်ပေးခြင်းနှင့် အတူစာအုပ် အပေါ်တွင်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်၊ ဆီ(၂.၅) ပိဿာနှုန်း၊ လက္ကားကိုယ်စားလှယ်၊ လက်လီ အရောင်းဆိုင် တံဆိပ်တုံးများရိုက်နှိပ်၍ စုစုပေါင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ် (၃၁၁၆)အုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

 DOCa(မန္တလေး)                 

မြင်းခြံမြို့ အမှတ်(၄)အ.ထ.ကကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း တွင် (၁၈.၉.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်၌ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းချသောဈေးသည်များအားစားသုံးသူကာကွယ်ရေးအသိ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ဥပဒေ၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကမ္ဘာစားသုံးသူအခွင့်အရေးဖြစ် ပေါ်လာပုံစသည့်ဖြင့် အဖွင့်မှာစကားပြောကြားပေးခဲ့ကြောင်း၊ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်းလင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၀) ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦး၊ ကျောင်းမုန့်ဈေးသည်(၅)ဦး၊ စုစုပေါင်း (၂၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                                                                                           DOCa(မန္တလေး)                    

Consumer Packaging ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

            မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ (စပါးအသစ်ပေါ်ချိန်အထိ) ရောင်းချရမည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Resonable Market Price) အရ Consumer Packaging ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေ ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာမိတ်ဖက်အစိုးရဌာနများ၊ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ ထိန်းကြောင်းကြပ်မတ်လျှက်ရှိပါသည်။

          (၁၇.၉.၂၀၂၆) ရက်နေ့ တွင် တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည် တောင်ငူမြို့ပေါ်ရှိ Consumer Packaging ဆန်များ ရောင်းချလျှက်ရှိသည့် လွင်မိုးဆန်ဆိုင်နှင့် ငွေစံအိမ်ဆန်ဆိုင်များသို့သွားရောက်၍ ဈေးနှုန်း မြှင့်တင်ရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ လွင်မိုးဆန်ဆိုင်တွင် ရွှေဘိုပေါ်ဆန်း(1 Kg) တစ်အိတ် လျှင် (၅၆၀၀) ကျပ်၊ ကောက်ညှင်းဆန်ဖြူ (1 Kg) တစ်အိတ်လျှင် (၃၅၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ငွေစံအိမ်ဆန်ဆိုင်တွင် ရွှေဘိုပေါ်ဆန်း(1 Kg) တစ်အိတ်လျှင် (၅၅၀၀) ကျပ်ဖြင့်ရောင်းချနေသည့်အတွက် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း Online Shop လျှောက်ထားသူများအား မြေပြင်ကွင်းဆင်းစစ်ဆေး

                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား Online စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက နစ်နာမှုမရှိစေရေးအတွက် Online စနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအား စနစ်တကျ ထိန်းကျောင်း နိုင်မည့် e-Commerce Registration System (e-ConReg System) အားရေးဆွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) မှတ်ပုံတင် လက်မှတ် ခွင့်ပြုထုတ် ပေးခြင်းလုပ်ငန်းများဆောင်ရွက်ရှိပြီး လျှောက်ထားလာသည့် Online Sales မှတ်ပုံတင်လက်မှတ်များအား စစ်ဆေးပြီးသည့်အခါ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးမှူးရုံး များရှိ စစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းစစ်ဆေးလျှက်ရှိပါသည်။

          (၁.၉.၂၀၂၆) ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည် တောင်ငူမြို့ပေါ်ရှိ Online Shop Registration မှတ်ပုံတင်လျှောက်ထားသည့် Au79 Clothing သို့သွားရောက်၍ မှတ်ပုံတင်မည့် လုပ်ငန်းအမည် မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်းတည်ရှိရာ လိပ်စာမှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ်မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်း၏ Logo မှန်ကန်မှုရှိ/မရှိ၊ ကုမ္ပဏီ မှတ်ပုံတင်ရှိ/မရှိ၊ SME မှတ်ပုံတင် ရှိ/မရှိ၊ လုပ်ငန်းရှင်၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်နှင့် နိုင်ငံသား/ နိုင်ငံခြားသား မှန်ကန်မှုရှိ/မရှိတို့အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် အမည်ပျက်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်းထောက်ခံချက် ရှိ/မရှိ၊ ရောင်းချသည့်ကုန်စည်/ ဝန်ဆောင်မှု အုပ်စုကိုက်ညီမှုရှိ/မရှိ၊ ဥပဒေတစ်ရပ်ရပ်အရ တားမြစ် /ကန့်သတ် ထားသော ကုန်စည်ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ၊ ရောင်းချနေသော ကုန်စည်သည် ကိုယ်ပိုင်ထုတ်ကုန်ဟုတ်/ မဟုတ်၊ ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်/ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ ရောင်းချနေသော ကုန်စည်တွင် ပြင်တွင်း၌ထုတ်လုပ်/ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီလိပ်စာပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Au79 Clothing အနေဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်လျှက်ရှိပြီး အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချနေ သည်ကိုတွေ့ရှိရသဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးချက်များနှင့် လျှောက်ထားစဉ်ကအချက်အလက်များ ကိုက်ညီမှုရှိကြောင်း သိရှိရ ပါသည်။

DOCA(ပဲခူး)

ဇေယျဝတီမြို့ အမှတ် (၂) အထက်တန်း ကျောင်း(ခွဲ)၌ အသိပညာပေးဟောပြော

                        ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကျောင်းစာ အပြင် ပြင်ပ ဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ(၁၄)ရက်နေ့ မွန်းလွဲပိုင်းက ကညွှတ်ကွင်းမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍  စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

          အသိပညာပေးရာတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအကြောင်း၊ ဖြူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် တာဝန်ခံဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများ အကြောင်းတို့ကိုဟောပြောသည်။ အလားတူ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲများ၊  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များပြသခြင်းများကိုဆောင်ရွက်ပေးခဲ့ပြီး ဟောပြောပွဲသို့ သိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူး တောင်ငူမြို့ရှိ စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်တင်ဘာ လ ၁၇ ရက် နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ဆီကုန်သည်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက အမှတ်တံဆိပ်ပါ စားသုံးဆီများ ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ် အသားများ ပြည်စုံစွာဖော်ပြရန် လိုအပ်ပုံများ၊ ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား ညွှန်ကြား ချက်နှင့်အညီ အလေးချိန်မှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် စားသုံးသူပြည်သူများ လက်ဝယ် အရောက် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပုံများ၊ သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံ တွေ့နေရချိန်တွင် စားသုံးဆီအပါအဝင် စားသုံးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့် တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် လိုအပ်ပုံများ ၊ ရန်ကုန်အထိုင် ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ် ပေါင်း၍ နှစ်ရာခိုင်နှုန်းထက် မပိုသောအမြတ်ဖြင့် ရောင်းချခြင်းမပြုရန် လိုအပ်ပုံများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

              ထို့နောက် ခရိုင်ဦးစီးမှူးသည် တက်ရောက်လာသည့် ဆီကုန်သည်များ၏ ဆွေးနွေးချက် များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးဆီလက်လီလက်ကားရောင်းချသူ ၂၈ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

​​​​​​​တောင်ငူခရိုင်ဦးစီးမှူး စက်မှုလုပ်ငန်းသုံးဆီထုတ်ယူထားသည့် စားသောက်ကုန်/စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

           စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်မှု လုပ်ငန်းသုံးဆီတင်သွင်းခွင့် ကုမ္ပဏီများမှ တင်သွင်းလာသည့် စက်မှုလုပ်ငန်းဆီများကို ဆီကန်အထိုင် ၁ ပိဿာနှုန်းများ သတ်မှတ်ပေးလျက်ရှိပြီး စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီများ ထုတ်ယူနိုင်ရေး ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က ကော်မတီမှ ရောင်းချခွင့်ပြုပြီးသော ခွဲတမ်းကျ လျာထား သတ်မှတ်ပေးလျက်ရှိပြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များရှိ လုပ်ငန်းရှင်များအား စားသုံးသူ ရေးရာ ဦးစီး ဌာန၊ တောင်ငူခရိုင်ဦးစီးမှူး၊ ဦးမျိုးအောင် နှင့် တောင်ငူခရိုင် ဆီကုန်သည်  နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်သိန်းတို့သည် စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၁၁: ၀၀)နာရီအချိန်တွင် တောင်ငူခရိုင် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။

              အဆိုပါ တွေ့ဆုံပွဲတွင် တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခွဲဝေရရှိသည့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို အချိန်မီဆီဘိုး ငွေပေးသွင်းခြင်း၊ ဆီထုတ်ယူခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီဘိုး ငွေပေးသွင်းမည့် တာဝန်ခံအမည် စာရင်းပေးပို့ရန် နှင့် ရရှိသည့် စက်မှု လုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းများအလိုက် အမှန်တကယ် သုံးစွဲခြင်း ရှိ/မရှိ စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ခွဲဝေရရှိသော လုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းများအလိုက် ပြန်လည် ဖြန့်ဖြူးမှုများအား လုပ်ငန်းရှင်တစ်ဦးချင်းရရှိမှုများ အသေးစိတ် မေးမြန်း၍ တာဝန်ရှိသူများက ဆွေးနွေး အသိပညာပေးခြင်းများပြုလုပ်ခဲ့ပါသည်။

              အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၄၀)ဦးခန့်တက်ရောက်ခဲ့ပြီး (၁၂:၃၀)နာရီတွင် တွေ့ဆုံ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၊ မြို့ပေါ်ရှိ လက်လီလက္ကားစားသုံးဆီဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိသွားရောက်စစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးသန်းထွဠ် နှင့်ဝန်ထမ်းများသည် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၆)ရက်နေ့ နံနက်(၁၀;၀၀)နာရီတွင် မြို့ပေါ်ရှိစားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက်လီလက္ကားရောင်းချ သောဆိုင်ရှင်များအား စားသုံးသူပြည်သူများသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချဖြန့်ဖြူးပေးရန်၊ သက်ဆိုင်ရာအထက်ဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချပေးရန် စားသုံးဆီခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် ရောင်းချသည့်ဈေးနှုန်းအား ချိတ်ဆွဲထားရှိရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးကြရန်၊  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းများတွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံဦးသန်းထွဠ်နှင့်ဝန်ထမ်းများသည်(၂၁.၉.၂၀၂၆)ရက်နေ့၊နေ့လည်(၁၃;၀၀)အချိန်တွင်ဝါးခယ်မမြို့နယ်၊အမှတ်(၄၂)၊ သီရိမင်္ဂလာလမ်း၊ ရေကျော်ရပ်ကွက်ရှိ ဒေါ်ခင်သန္တာနွယ်၏ ငွေကံ့ကော်အဝတ်အထည်ရောင်းချခြင်းလုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

                       ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်   ဝါးခယ်မမြို့နယ်တာဝန်ခံမှ ငွေကံ့ကော် online  sale  ရောင်းချသည့်လုပ်ငန်းအနေဖြင့် online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်) Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ onlineမှရောင်းဝယ်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်အားလိုက်နာရမည့်တာဝန်များကိုဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။          

(DOCA ဧရာဝတီ)                                                                                             

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊အမှတ်(၃)ရပ်ကွက်ရှိ အ.မ.ကA9 လမ်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

                         ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည်အားကစားနှင့်ကာယပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁.၉.၂၀၂၆)ရက်နေ့ နေ့လည် (၁၄;၀၀)နာရီက မော်ကျွန်းမြို့နယ် အမှတ်(၃) ရပ်ကွက်ရှိအ.မ.ကA9လမ်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့ စားသောက် နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများလွန်ကဲစွာ ပါဝင်နေခြင်း၊ သက်တမ်းလွန်အစား အသောက်များ အား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ စားသုံးသူအသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၅၀ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။   (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ