သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

 

             ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင် ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

               မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံ လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံတင်ထားသည့် ဆန် စပါးသိုလှောင်ရုံ ၅,၈၈၅ လုံး မှတ်ပုံတင်ထားရှိပါသည်။

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

 

စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း လုပ်ငန်းရှင် ၁၄ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၃ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၄၉ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၃၁ ခုကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရေးအတွက် ဆန်၊ ဆန်ကွဲ၊ နှမ်းနက် (သိပ္ပံ)၊ ပဲတီစိမ်း၊ ပဲလွန်း၊ နှမ်းညို၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ တိရစ္ဆာန်စာ၊ နှမ်းဖြူ၊ မတ်ပဲ၊ ပတ္တမြားပဲ၊ မြေပဲဖတ်တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုနှင့် ရူပအရည်အသွေးစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများနှင့် မြေပဲဆီ တို့၏ အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၃၁ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၁ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၁၉ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်းမှ ၅၈ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၁၂ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၁၃၁ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

မြိတ်မြို့၊ ကြံတောရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းမုန့်စျေးတန်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အစည်းအဝေး ၂/၂၀၂၆ တွင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၏ တင်ပြချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကော်မတီအဖွဲ့ဝင်ဆရာ/ ဆရာမများနှင့် ပူးပေါင်း၍ မြိတ်မြို့၊ ကြံတောရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းမုန့်စျေးတန်းရှိ စျေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းသား/ ကျောင်းသူ ကလေးသူငယ်များအား ရောင်းချသည့် စျေးတန်းဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှုများရှိ/ မရှိ၊ သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင် အချိုရည်အမျိုးမျိုးနှင့် မုန့်များရောင်းချမှုများ ရှိ/ မရှိ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် မုန့်များရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ ကြံတောရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ကြံတောရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၈၀ ဦးခန့် တက်‌ရောက်ခဲ့ပြီး (၁၀း၃၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခြင်း

         မြိတ်ခရိုင်တွင် ဆန်စျေးကွက်စျေးနှုန်းအား ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးဖြင့်ရောင်း ဝယ်ဖောက်ကားမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ကုန်‌စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့ ၊စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီး ဌာနတို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆန်အ‌ရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      စစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချနေခြင်း ရှိ/ မရှိ၊ အလေးချိန်၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်/ ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆန်များအားဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆  ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်‌‌‌ရေး အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်(၇)လမ်းရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/ မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်းများရောင်းချနေမှု ရှိ/ မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများ  ရှိ/ မရှိနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၉ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်ရပ်နှင့် ဆိပ်ငယ်ရပ်ရှိ စားအုန်းဆီအရောင်း ဆိုင်များတွင်ရောင်းချလျက်ရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/ မရှိ၊ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့် အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/ မရှိ၊ အလေးချိန်/ အချိန်အတွယ်မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၆၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,26၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

“စဉ့်ကိုင်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

            ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၈)ရက်နေ့ ၊ နံနက်(၈း၃၀)အချိန်တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များ သို့သွားရောက်ပြီး စစ်ဆေးခဲ့ရာ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ(၂.၅)ပိဿာနှုန်းဖြင့် ရောင်းချနေမှု နှင့် စားအုန်းဆီများအား စာအုပ်များဖြင့် ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုများအား အိမ်‌ထောင်စုအလိုက် ထုတ်ပေးထားသည့် စာအုပ်အဟောင်းများစိစစ်ခြင်း နှင့် စာအုပ်အသစ်များ ထုတ်ပေးခြင်းတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပြည်သူများအား စားအုန်းဆီရောင်းချသည့် စားအုန်းဆီအရောင်း ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်၊ အချိန်မှန်၊ နေရာမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန် စသည့် (မှန်) ၆ (မှန်) ဖြင့် ရောင်းချပေးရေး၊ စာအုပ်များ၊ သန်းခေါင်စာရင်း၊ အိမ်ထောင်စုစာရင်း စသည်တို့ဖြင့် တိကျမှန်ကန်စွာ ရောင်းချပေးရေး စသည်တို့ကို စားအုန်းဆီရောင်းချသည့် ကိုယ်စားလှယ်များအား ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

 

“စဉ့်ကိုင်မြို့ ၊ ဆည်ရွာအခြေခံပညာအထက်တန်းကျောင်း၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

            ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၁၈)ရက်နေ့ ၊ နံနက်(၉း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး စဉ့်ကိုင်မြို့၊ ဆည်ရွာအခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ ဆွေးနွေးပွဲ၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာသီမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ဦးစီးအရာရှိ)က  တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါ်မာလာသိန်း(ကျန်းမာရေးမှူး-၃) က ဆိုးဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ ၊ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။                                                                                           

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ