သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်အတွင်းရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆန်လက်လီလက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက်လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင် ရှိ လက်လီ/ လက္ကားရောင်းချနေသော ဆန်ဆိုင်များအား ပူးပေါင်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မှ တာဝန်ရှိသူများသည် (၂၄.၁၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ညောင်ပင်ကြီးဈေးရှိ လက်လီလက္ကား ရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူ ရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို (၂၄-၁၁-၂၀၂၅) ရက်နေ့ နေ့လယ် (၁၄၀း၀)နာရီအချိန်က မြို့နယ်အတွင်းလိုက်လံစစ်ဆေးကြသည်။

        အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသော ပန်းစံအရောင်းဆိုင်၊ သမာဓိအရောင်းဆိုင်မှရောင်းချသော အိမ်ဆောင်ပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင် ပန်းတနော်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းသံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံးသံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ဒေသတွင်း ကျောက်၊ သဲရောင်းချမှု ဈေးနှုန်းအခြေအနေများ၊ ဘိလပ်မြေမှာယူရောင်းချမှုနှင့် အခက်အခဲ ရှိ/မရှိ၊ ဈေးကွက်အတွင် ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ ဆိုင်အတွင်း ဘိလပ်မြေလက်ကျန်အခြေအနေများကို ကြည်ရှုမေးမြန်းပြီး ၊ ဘိလပ်မြေအမျိုးအစား ဈေးနှုန်း လက်ကားဝယ်ယူနေမှု လက်လီရောင်းချမှု အခြေအနေများကို မေးမြန်းစစ်ဆေးပြီး စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၌ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိဆေးအရောင်းဆိုင်များတွင် စံမညီ ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါး အရောင်းဆိုင်များအား သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
         အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင် (၆)ဆိုင်အား ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ၊ မရှိ စစ်ဆေးခြင်း၊ စံမညီ ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ တရားမဝင် ဆေးဝါးအတုများနှင့် စပ်ဆေးများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုက်နာရမည့် အချက်များကို ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

(Docaဧရာဝတီ)

ဘုရားကလေးကွင်းကျေးရွာရှိ"အောင်ချမ်းသာ” ဆန်စက်သို့ သွားရောက်ကွင်းဆင်းစစ်ဆေး ခြင်း

       ဖျာပုံခရိုင်၊     ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့ သည် ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ဒေးဒရဲမြို့ရှိ ဆန်စက်များသို့ သွားရောက်၍    ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
      ထိုသို့ကွင်းဆင်းရာတွင် ဆန်ထုတ်လုပ်မှုနှင့်ပတ်သက်၍    ဆန်စပါးအရည်အသွေးပြည့်မီစေ
ရေး၊  အချင်အတွယ်များ ပြည့်မီမှန်ကန်မှု ရှိ / မရှိ၊    ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ /မရှိ၊  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊   ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊    စက်ကိရိယာနှင့် ပတ်သက်၍  နည်းစနစ်သစ်များ၊တပ်ဆင်မှုများခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ   ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ အလုပ်သမား မိသားစုများအတွက် စား၀တ်နေရေးပြေလည်စေနိုင်ခြင်း စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Docaဧရာဝတီ)

 

ဘိုကလေးမြို့နယ်(၅)ရပ်ကွက်ကမ်းနားလမ်းရှိမိုးပျံ(သုံးဒေါင့်)မုန့်လုပ်ငန်းသို့MSMEsလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့မ(၅)ရပ်ကွက်ရှိ မိုးပျံ(သုံးဒေါင့်)မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          မိုးပျံ သုံးဒေါင့်မုန့်လုပ်ငန်းမှ ထွက်ရှိသောကုန်စည်၏ ပါဝင်ပစ္စည်းများမှာ(သကြား၊ဂျုံ၊ဘဲဉ၊ ဆီ၊ရေသန့်)ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုမှာဘူး(၁၀၀)ဘူးထုတ်လုပ်နိုင်ပြီး မုန့်တစ်ဘူးလျှင်လက်လီ (၃၀၀၀) ကျပ်နှင့်လက်က္ကား(၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ လုပ်သားဦးရေမှာ မိသား စုဝင်(၄)ဦးဖြင့် တပိုင်တနိုင် လုပ်ကိုင်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းသာရောင်း ချလျက်ရှိပါသည်။

          ထို့နောက်ကုန်စည်အရည်အသွေး ပြည့်ဝစွာထုတ်လုပ်နိုင်ရေး၊ဈေးနှုန်းဈေးကွက် အခြေအနေနှင့် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် ဆွေးနွေးမှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့လေးကုန်းကျေးရွာ အမက ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်တာ၀န်ခံနှင့် ဝန်ထမ်းများသည် ၂၄-၁၁-၂၀၂၅ ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် လေးကုန်း(အ.မ.က) ကျောင်းရှိ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
      အဆိုပါဟောပြောပွဲတွင်မြို့နယ်တာ၀န်ခံက  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်  တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းရှိ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ် ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသား အကြောင်း ကို  ဟောပြောခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့‌ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)
 

ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၊ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်နေပြည်သူများအား ၂၅.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်က ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍  စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

        ဟောပြောပွဲတွင် ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို ကွင်းဆင်းဟောပြောခဲ့ကြောင် သိရသည်။

          ထို့နောက် တက်ရောက်လာသည့် ပန်းတနော်ရပ်ကွက်နေပြည်သူများက စားသုံးသူရေးရာဆိုင်ရာ ဟောပြောမှုများအပေါ် မရှင်းလင်းသည်များ မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ ခေါ်ဆိုနိင်မှု အဆင့်ဆင့်ကို ရပ်ကွက်နေပြည်သူများ သိရှိနိုင်ရန် ရှင်းလင်းပြသခဲ့ပြီး ရပ်ကွက်နေပြည်သူတစ်ဦးက စားသုံးသူအခွင့်အရေးဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်လို့ရသောဖြစ်စဉ်ကို သိရှိလို၍ မေးမြန်းလာသဖြင့်  ဦးအောင်ကျော်သက်မှ အမှန်တကယ်နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်း ၇မျိုးအကြောင်း ကိုပါ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက် သိုလှောင်ရုံများရှိ စပါးဆန် သိုလှောင်ထားရှိမှုနှင့် ပြည်ပတင်ပို့နိုင်မှုများကို စစ်ဆေးခြင်း

         ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဒေသထွက် လယ်ယာထွက်ကုန်များကို ပြည်ပတင်ပို့နိုင်ရန် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး၊ လစ် ပို့ကုန်နှစ်ဆ တင်ပို့သည့်လုပ်ငန်းစဉ်အခြေအနေများကို ဆွေးနွေးခြင်း၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် ညောင်တုန်းမြို့နယ်ရှိ Aung Naing Thitsar Co.,Ltd Myanmar Broken Rice B 1,2 (Sortexed) 2080MT ကို ၂၆ .၁၁.၂၀၂၅ရက်နေ့ နံနက် (၁၀း၀၀ )နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် MITSအဖွဲ့ တို့ပူးပေါင်း၍  ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဦးအောင်လွင်မြို့နယ်ဦးစီးမှူးက သိူလှောင်ရုံတာဝန်ခံနှင့် တွေ့ဆုံ၍ သိုလှောင်ရုံ စပါး/ဆန် သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းများ၊ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များက မှတ်ပုံတင်ခြင်းကို ကဏ္ဍအလိုက်ရှင်းလင်းပြီး ဆန်၊ စပါးသိုလှောင်မှု ရ၊ထုတ်၊ကျန် စာရင်းများကို ပုံမှန်စာရင်းဖြ်သွင်းမှုအခြေအနေများကို စစ်‌ဆေးဆောင်ခဲ့ပြီး သိုလှောင်ရုံမှဆန်များ ပြည်ပသို့ အရည်အသွေးမှီတင်ပို့နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ကော်ဖီမစ်ထုတ်အမျိုးမျိုးအား ကုန်အညွှန်အမှတ်အသား စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်သဇင်ဦးနှင့် ဒေါ်ခိုင်ခိုင်လင်း တို့ သည် ၂၄.၁၁.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင်  စည်ပင်သာယာဈေး၊ မင်္ဂလာဈေး ရှိ ကုန်စုံဆိုင်(၈)ဆိုင် သို့ ကော်ဖီမစ်နှင့် လက်ဖက်ရည်ထုတ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ် ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  အမှတ်တံဆိပ်ပါ ကော်ဖီမှုန့် နှင့် အသင့်ဖျော် ကော်ဖီထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ။ သက်ဆိုင်ရာသတ်မှတ်ဖော်ပြထားသည့် ထောက်ခံချက် ပါဝင်မှု ရှိမရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူးရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ