စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃/၂၀၂၆) သင်တန်း ဖွင့်လှစ်

Powered by Drupal

 

     စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ(၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ(၁၂၅)ဦးက Online (Zoom Platform) မှတစ်ဆင့် တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် အချက်များ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း၊ စိစစ်ထုတ်ပေးခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့် အရေးယူခြင်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါ သည်။

     အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်း အဝေးခန်းမ(၂)၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး  ဦးကိုကိုဦး  တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးနှင့်တကွ   ဒုတိယညွှန်ကြားရေးမှူးများ၊ ဘာသာရပ် တာဝန်ခံများနှင့်တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းသားများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အဆိုပါ သင်တန်းကို စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့် ညွှန်ကြားချက်များအား နားလည်သဘောပေါက်စေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း မှန်ကန်စွာဖြင့် ထိရောက်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။