
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက် များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက်နေရာစုံ၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုန့ယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မိတ္ထီလာ၊ ဘွန်သီးမုန့်တိုက်တွင် အသင့်စားမုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော မုန့်များရောင်းချ ခြင်း ရှိ/မရှိတို့အေား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသား ပြည့်စုံစွာဖော်ပြဆောင်ရွက် မှုရှိ/မရှိအားဌာနမှ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများ အားရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန် စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
DOCA(မန္တလေး)
