သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှရောင်းချသည့် လုပ်ငန်းရှင်အား အသိပညာပေးဟောပြောဆွေးနွေးခြင်း

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့်ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ် ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

           အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရန်နှင့် လျှောက်ထားရာတွင်  ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Online စနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

            ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ နောင်ခေ့ရပ်၊ ရပ်ကွက်(၅) အတွင်းရှိ “ရွှေစံအိမ် Online shop page” အလှကုန် လက်လီ/ လက်ကားရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Online စနစ်ဖြင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူးရောင်းဝယ်မှုပြုလုပ်ရန်၊ အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

အာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်ပတ်သတ်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆.၁.၂၀၂၅)ရက်နေ့တွင် နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော အာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဖြည့်စွက်စာများ ရောင်းချခြင်းရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ဖြည့်စွက်စာများကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

နမ့်စန်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

        ဆန်ဆိုင်များမှရောင်းချလျက်ရှိသော ဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေး၊ မနောသုခနှင့် မိုးနဲ ဒေသထွက်ဆန်များကို ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ် အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း) 

ဘိလပ်မြေအရောင်းဆိုင်ကြီးများအားကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်း ဆိုင်ကြီးများသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း ဘိလပ်မြေပြတ်လပ်မှုရှိ/ မရှိ၊ စျေးနှုန်းစျေးကွက်အခြေအနေများ၊ ယခင်လနှင့်ယခုလစျေးနှုန်းအခြေအနေများအား သွား‌ရောက်စစ်ဆေးခဲ့ရာ ထားဝယ်မြို့သို့ ယခင်က‌ရေလမ်းခရီးဖြင့်တင်ပို့သော်လည်း ယခုနောက်ပိုင်းတွင် ရေလမ်းမှဝင်ရောက်မှု နည်းပါးလာပြီး ကုန်းလမ်းခရီးဖြင့်တင်ပို့မှုများရှိလာသဖြင့် ကြန့်ကြာမှုများဖြစ်ပေါ်ခြင်းကြောင့် ထားဝယ်မြို့တွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေများပြတ်လပ်မှုရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၈ ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ ဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

          ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/ မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/ မရှိ  စစ်ဆေးခြင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားရှိနိုင်စေရေး လိုအပ်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ခရမ်းမြို့နယ်၌ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါစားသုံးဆီများနှင့်ရောနှောဆီများ ဈေးကွက် အတွင်းကွင်းဆင်းစစ်ဆေးခြင်း ” (P)

           ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားမှုဖြင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်အတွင်း ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း ၍ ခရမ်းမြို့စည်ပင်သာယာမြို့မဈေးရှိဈေးဆိုင်များရှိ အမှတ်(၁၁)ရပ်ကွက်ရှိ အောင်ရတနာဆီစက်များရှိ ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ စားသုံးဆီများအား (၂၀၂၄)ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းအပြင်ရှိ ဈေးဆိုင်တို့တွင် ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီများ၊ ရောနှောဆီဗူးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်ရှိမှသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်ရှိမည်ဖြစ်၍ ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ ရပ်ကွက်အတွင်းရှိ ဆီစက်များတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသောထုတ်ပိုးဗူးဆီများတွင် (FDA)ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ရောနှောဆီ (Blended Oil) ထုတ်လုပ်၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အမိန့်အမှတ်(၂/၂၀၂၄) ဖြင့်ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်အမှတ်များ ထုတ်လုပ်သည့်စက်ရုံ လိပ်စာ၊ ဗူးဆီအရွယ်အစားများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အတွင်းရောင်းချလျှက်ရှိသော ဗူးဆီများတွင် သတ်မှတ် ချက်များနှင့်ပြည့်စုံ၍ FDA ထောက်ခံချက်ပါဝင်သော ဆီများရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)        

မှော်ဘီမြို့နယ်ရှိ ရပ်ကွက်များအတွင်းရှိ ဆိုင်များသို့ နို့နှင့်နို့ထွက်ပစ္စည်းအမျိုုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

           ၇.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည်  တပ်ကြီးကုန်းရပ်ကွက်အတွင်းရှိဆိုင်များသို့ နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၇၀/၈)ပြည်လမ်းရှိ Livra Minimart နှင့် တပ်ကြီးကုန်းရပ်ကွက်ရှိ တပင်တိုင်စတိုးတို့တွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးဖြစ်သော TM (မလိုင်ပြည့်နွားနို့)၊ အားမာန်(သဘာဝခြံထွက်နွားနို့စစ်စစ်)၊ PEP(ခြံထွက်နွားနို့စစ်စစ်)တို့တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များကို မြန်မာလိုဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၇.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်အတူ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး (အရှည်)၊ ငရုတ်သီး(အပု)၊ အာလူး၊ ချင်း၊ မန်းကျည်းသီးမှည့်၊ ကုလားပဲ၊ ငရုတ်သီးမှုန့်၊ မြေပဲဆံများ အား ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး အချိန်အတွယ်ပမာဏနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၆.၁.၂၀၂၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ Shopping Center များရှိ စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ စစ်ဆေးရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ City Mart နှင့် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ ဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Ocean Super Center မှ တာဝန်ခံများမှ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ