ကြို့ပင်ကောက်မြို့သောက်ရေသန့်လုပ်ငန်းကွင်းဆင်း

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ဘုရားကြီးအုပ်စု၊ ပုဏ္ဏရိပ် ကျေးရွာရှိ စတားစီးတီး သောက်ရေသန့်စက်ရုံသို့(၁၁.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းတစ်ဦးသည် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

          စတားစီးတီးသောက်ရေသန့်အား တစ်နေ့လျှင် ၆၀၀၀လီတာထုတ်လုပ်ပြီး၊ ၂၀လီတာဘူးကြီး (၃၀၀)ခန့် ဖြန့်ဝေလျက်ရှိကြောင်း၊(၂၀)လီတာ ဘူးကြီးများအား ကြို့ပင်ကောက်မြို့တွင်း၌ပင် ဖြန့်ဝေ ၍ တစ်ဘူးလျှင် ၁၀၀၀ ကျပ်ပေးရပြီး အိမ်အရောက်ဖြန့်ဝေပါကြောင်း ၁လီတာဘူး၊၀.၆ လီတာဘူး၊ ၀.၃ လီတာဘူးများကို ယခုလက်ရှိ မထုတ်လုပ်မဖြန်နိုင်ပါ။အလှူအတန်းများမှသာ ထုတ်လုပ်ပေးပါ ကြောင်း ကုန်ကြမ်းအနေဖြင့် ၂၀လီတာဘူးခွံအကြီးတစ်ဘူးကို ၁၈၀၀၀ကျပ်၊၁လီတာဘူးခွံတစ်ဘူးကို ၂၅၀ ကျပ်ဝယ်ရကြောင်း လျှပ်စစ်မီးပုံမှန်လာလျှင် ပိုမိုထုတ်လုပ်နိုင်ကြောင်း ၊ ယခုဆောင်းတွင်း  ကာလတွင် အရောင်းအဝယ်ပုံမှန်ရှိပြီး  ရာသီဥတုပူလာလျှင် ပိုမိုထုတ်လုပ်ရောင်းရမည်ဖြစ်ပါ ကြောင်း အလုပ်သမားကျား/မ(၁၀)ဦးဖြင့် နေ့စဉ်လည်ပတ်လျက်ရှိပြီး စတားစီးတီးသောက်ရေသန့် သည် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဆောင်ရွက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချမှု့ရှိစေရန် ကွင်းဆင်းခဲ့ပါသည်။

DOCA(ပဲခူး)