
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့ တွင် (၁၀.၁၁.၂၀၂၅)ရက်နေ့ ၊နေ့လည် (၂:၀၀) နာရီအချိန်တွင် သာယာဝတီခရိုင်ရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းတစ်ဦးခြင်းအလိုက် အခက်အခဲများရှိပါက တင်ပြဆွေးနွေးနိုင်ပါကြောင်းနှင့် ဝန်ထမ်းများအချင်းချင်း စည်လုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း မိမိတို့ ဌာနခွဲအလိုက် လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများ အခြေအနေကို မေးမြန်းပြီး ဆောင်ရွက် ပြီးစီးမှုများကို မေးမြန်းခဲ့ရာတွင် သာယာဝတီခရိုင်အတွင်းရှိ MyRo တွင်မှတ်ပုံတင်ထားသော သိုလှောင် ရုံများနှင့်ပတ်သက်၍ သက်တမ်းပြည့်သွားသော သိုလှောင်ရုံများ သက်တမ်းများ အချိန်မှီတိုးနိုင်ရေး မှတ်ပုံတင်ရန် ကျန်ရှိနေသော ဆန်စက်များ၊ဆိုင်ဆိုင်၊စပါးသိုရုံများအား သိုလှောင် ရုံမှတ်ပုံတင်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း စာရင်းဇယားများကိုလည်း လယ်ဂျာဖြင့် စနစ်တကျ ရေးသွင်းထား ရမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။
သာယာဝတီခရိုင် ဦးစီးမှူးရုံး၏ အဆောက်အဦးနှင့်ပတ်သက်၍ ခေါင်မိုးများ ပျက်စီး ယိုယွင်းပြီး မိုးရွာသွန်းပါက မိုးရေများယိုစီးကျလာသဖြင့် ရုံးဝန်ထမ်းများ နေရာထိုင်ခင်းအဆင်မပြေဖြစ်ရခြင်းအခြေအနေများကို သာယာဝတီခရိုင်ဦးစီးမှူးမှ ရုံးအဆောက်အဦးအား လိုက်လံပြသပေးခဲ့ပါသည်။တိုင်းဒေသကြီးဦးစီးမှူးမှ ယခုကာလသည် အရေးကြီးကာလဖြစ်သဖြင့် ဝန်ထမ်းများ မိမိတို့ကျန်းမာရေးနှင့်လုံခြုံရေးတို့ကို ဂရုစိုက်နေထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)
