မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့်၁၃.၁၁.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ဈေးအတွင်းရှိ သခင်လှရှိန်ရပ်ကွက်ရှိ ဦးတင်ဝင်းကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ မြို့နယ် တာဝန်ခံဦးမောင်မောင်အေးနှင့်ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူ ကာကွယ် ရေးဥပဒေအား သိရှိ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)