သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

              စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး  ဦးဆောင်၍ စစ်ကိုင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ ရတနာထွန်းဆန်စက်လုပ်ငန်းပိုင်ရှင် ဦးသက်အောင်နှင့်တွေ့ဆုံ၍ စပါးသိုလှောင်ထားရှိမှု၊ ဆန်စက်လည်ပတ်နေမှု၊ စပါးကြိတ်ခွဲမှု၊ စပါးလက်ကျန် အခြေအနေများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ၁ရက်လျှင် စပါးကြိတ်ခွဲမှုပမာဏအနေဖြင့် (၁၅၀၀)တင်း ကြိတ်ခွဲလျက်ရှိကြောင်း၊  ဆန်တစ်အိတ်လျှင် (၂၅၀၀)ကျပ်ဖြင့် နဝလီ ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိကြောင်း၊ ဆန်တန်ချိန် ၂၅နှင့်အထက် (သို့မဟုတ်) စပါးတင်း ၂၅၀၀နှင့်အထက် ပိုင်ဆိုင်သည့် ဆန်၊ စပါး သိုလှောင်ရုံမှတ်ပုံတင် ရရှိပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူမှ သိုလှောင်ရုံများစနစ်တကျထားရှိရန်နှင့် စပါး/ ဆန် သိုလှောင်ထားရှိမှုအတွက် သိုလှောင်ရုံများရှိ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် MyRo တွင် Update စာရင်းမပျက်မကွက် ဖြည့်သွင်းဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဆန်/ စပါး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ဆန်စက်တွင် စပါး သိုလှောင်ထားရှိမှုနှင့် ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားရှိရန်နှင့်  MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများ အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ များသည် ပန်းတနော်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင် ပြီး သည့် မြို့နယ်တွင်း ရောင်းချနေသော လုပ်ငန်းနေရာလိပ်စာနှင့် ကုန်စည်များအမှန်တကယ် ကိုက်ညီမှု ရှိ/မရှိ အခြေအနေကွင်းစစ်ဆေးခြင်း လုပ်ငန်းကို (၇.၁.၂၀၂၅) ရက်နေ့ (၁၁:၀၀)အချိန်က ပန်းတနော် မြို့နယ်တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ကုန်စည်များကို ရောင်းချသူ လုပ်ငန်း မှတ်ပုံတင် ထားပြီး လုပ်ငန်းများဖြစ်သည့် Karen Ma Chilli Power ,  Daw Khin Win Kyu ,  Outfits to Shine , Thiri Pyae Sone Online Shop , Shwe Pyae Sone,  Pouk Sa, စသော အွန်လိုင်းရောင်းချသူလုပ်ငန်း၆)ခုသို့ သွားရောက်၍ အွန်လိုင်းရောင်းချခွင့် မှတ်ပုံတင်လျောက်ထားစဉ်က ဖြည့်သွင်း သည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း  ကိုက်ညီချက် ရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက် ဖျက်မှု ရှိ/မရှိကို မြေပြင်စစ်ဆေးဆောင်ရွက်ခြင်းများ  လုပ်ငန်းစဉ်အတိုင်းစစ်ဆေး ဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီး ကုန်စည် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေအရလည်း အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ သိရှိနားလည် နိုင်စေရန် ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်မြို့ပေါ်ရှိ ဘိလပ်မြေအ‌ရောင်းဆိုင်များသို ကွင်းဆင်းစစ်ဆေးဆောင်ရွက်

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၈ ရက်နေ့ နံနက်( ၁၀:၃၀ ) နာရီ အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များဖြစ်သော  စိတ်ကြိုက်၊ ကမ္ဘာကျော်နှင့် ကံသာဆိုင်များသို့ သွားရောက်၍ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ မြေပြင် လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ ထိုသို့ကွင်ဆင်းစစ်ဆေးရာ ဘိလပ်မြေအရောင်း ဆိုင်များတွင် လွန်ခဲ့သော (၁၀) ရက်ခန့်က ပစ္စည်းပြတ်လပ်မှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် တစ်ပတ်လျှင် ဘိလပ်မြေအိတ် (၇၀၀/၇၅၀) အိတ်ဆန့် တွဲကား (၂)စီးဖြင့် ဘိလပ်မြေဆိုင်ကြီး (၅)ဆိုင်နှင့် ဆိုင်သေး (၁၀) ဆိုင်များသို့ ခွဲတမ်းဖြင့်ရောင်းချပေးနေကြောင်း၊ ဘိလပ်မြေအမျိုးအစားများမှာ Alpha ၊ ကြံ့နီ၊ အပါချီတို့ဖြစ်ပြီး တစ်အိတ်လျှင် (၁၆၀၀ဝိ/-၊ ၁၆၅၀ဝိ/-၊၁၇၀၀ဝိ/.)တို့ဖြင့် ရောင်းချပြီး ပစ္စည်းဝင်ရောက်မှုအပေါ် မူတည်၍ တစ်အိတ်လျှင် (၅၀ဝိ/- မှ ၁၀၀ဝိ/-) ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ်သစ် ဆန်စက်အား ဆန်ကြိတ်ခွဲမှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မိတ်သစ်ဆန်စက်လုပ်ငန်းသို့ စားသုံးသူရေး ရာဦးစီးဌာနမှ တာဝန်ရှိသူများက (၇.၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ဆန်စက် လုပ်ငန်းရှင် နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် ကြိတ်ခွဲ ထုတ်လုပ်မှု အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ သည်။

            စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးသည် မိတ်သစ် ဆန်စက်လုပ်ငန်းအား စပါး ဆန် သိုလှောင်ထားရှိမှုနှင့် စပါးကြိတ်ခွဲထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက် တွင် ဒေသထွက်စာပါးဝယ်ယူကြိတ်ခွဲမှု၊ ကုန်သည်များမှ စပါးလာရောက်ကြိတ်ခွဲမှုအခြေအနေများကို မေးမြန်းပြီး ဧည့်မထ စပါး ၃၀၀၀တင်း သိုလှောင်ထား ရှိကြိတ်ခွဲရန်ရှိပြီး ကုန်သည်များ ကြိတ်ခွဲထားသော ဆန် ၁၅၀၀အိတ်ရှိကြောင်း၊ မိမိကိုယ်ပိုင်ကြိတ်ခွဲပြီး ဆန်အိတ်များမရှိ ကြောင်း၊  စပါးထွက်ရှိသော ကာလတွင် တစ်နေ့ကို စပါး၂၀၀၀ကြိတ်၍ ဆန် အိတ် ၄၀၀ ထွက်ရှိကြောင်း၊ ဆန်တန် အနေဖြင့် တစ်နေ့ကို ၂၀တန်ကြိတ်ခွဲနိုင်ကြောင်း ရန်ကုန်သို့ တင်ပို့မှု မရှိဘဲ  နယ်မြေအတွင်း သာရောင်းချကြောင်းနှင့် နဝလီကြိတ်ခွဲပြီး မိသားစုဝမ်းစာသာ ဆန် သိုလှောင်ထားရှိကြောင်း ရှင်းလင်းပြောပြသည်။   စားသုံးသူ ရေးရာဦးစီးဌာနမှ သိုလှောင်ရုံမှတ်ပုံ တင်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြီး ဆန်စပါးသိုလှောင်မှုလုပ်ငန်းစဉ် ကုန်ရ ကုန်ထုတ် ကုန်လက်ကျန် စာရင်းများ ထည့်သွင်းရမည်ဖြစ်၍ လုပ်ငန်းရှင်ကိုယ်တိုင် ဆောင်ရွက်တက်စေရန် အသိပေးပြောကြားပြီး ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

DOCA(ဧရာဝတီ)

ကုန်ပစ္စည်း သယ်ယူပိုဆောင်ရေး ကုန်ကား လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် တရားမဝင်ကုန်သွယ်မှုတာဆီးနိုင်ရေး အသိပညာပေး ဟောပြော ခြင်း

            (၇.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ကုန်စည်များသယ်ယူပို့ဆောင်သည့် ကုန်ကားပိုင်ရှင်  လုပ်ငန်း ရှင်(၆၀)ဦး နှင့် တွေ့ဆုံ၍ အသိပညာ ပေးဟော ပြောခဲ့ကြသည်။

            ညောင်တုန်းမြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေး နွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရ မည့် တာဝန်များ ကိုရှင်းလင်းခြင်း၊ မြို့နယ်အသီးသီးတွင် စီးပွားရေးလုပ်ငန်းရှင် အသေးစား၊ အလတ်စား။ အငယ်စားလုပ်ငန်းရှင်များရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အားကောင်းစေရန် ပြည်တွင်းထုတ်ကုန်ဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ တရားမဝင်ကုန်စည်များ ပိတ်ပင်တား ဆီနိုင်ရေး အဖွဲ့များဖွဲ့စည်း၍ တားဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွင်း၊ ဒေသအတွင်း  တရားမဝင်ကုန်သွယ်မှုလုပ်ဆောင်နေခြင်းများကို မဖြစ်ပေါ်စေခြင်းအလို့ငှာ ပြတ်ပြတ် သားသား တားဆီးကာကွယ်ရမည့်ဖြစ်ခြင်းကြောင့်  ကုန်ကားပိုင်ရှင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကုန်စည် သယ်ဆောင်ရာတွင် တရားဝင်လမ်းကြောင်းမှသာ ကုန်စည်များသယ်ယူပို့ဆောင်ရန် ဒေသတွင်း ထုတ်ကုန်များ တရားမဝင်ထုတ်လုပ်မှု မရှိစေရေးတရားမဝင်ကုန်သွယ်မှုကို  ထိထိရောက် ရောက် တားဆီးစစ်ဆေးအရေးယူဆောင်ရွက်မည်ဖြစ်၍  စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်၍ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များမှ လည်း သိရှိလိုသည်များ မေးမြန််းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 

DOCA( ဧရာဝတီ )

မုံရွာတက္ကသိုလ်တွင်စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မုံရွာတက္ကသိုလ်၌ စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ  ဆရာ/ဆရာမ (၁၅)ဦး၊  ကျောင်းသား/ ကျောင်းသူ ( ၂၈၅  )ဦး၊  စုစုပေါင်း ( ၃၀၀ )ဦး တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါ ဟောပြောပွဲတွင် မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်စန်းစန်းအေးက နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး  ဦးခမ်လျန်စွမ်းက စားသုံးသူဆိုသည်မှာ ၊ ဘာကြောင့်စားသုံးသူများ ကာကွယ်သင့်လဲ၊ မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ ကမ္ဘာ့တိုင်းပြည်များက မည်သို့မည်ပုံ ကာကွယ် ကြပါသနည်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအကြောင်းများနှင့် ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူ နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် တိုင်ကြားမှုများ အပေါ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် မှုများအကြောင်း၊ Consumer Call Center (1535) နံပါတ်ကို ဖုန်းခေါ်ဆို၍လည်း တိုင်ကြား နိုင်ပါကြောင်း စသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် တိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး  ဌာန၏ ပညာပေးလက်ကမ်း စာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေစာအုပ်များ ပေးအပ်ကာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို  (၁၁ꓽ၃၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်ရှိ ပဲအကြော်စုံထုတ်လုပ်ရောင်းချသည့် အကြော်ဖိုများသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးမြို့ နယ်တွင် ဇန်နဝါရီလ ( ၉ ) ရက်နေ့ နံနက်( ၀၉:၀၀ )နာရီအချိန်၌ ပဲအကြော်စုံထုတ်လုပ်ရောင်းချသည့်အကြော်ဖိုများသို့သွားရောက်၍လေ့လာကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သန်းသန်းဝင်း ခရိုင်ဉီးစီးမှူးဦးဆောင်၍  ဝန်ထမ်း( ၂ )ဦးနှင့် အတူသွားရောက်၍   မြို့သာရပ်ကွက်ရှိ “သိန်းရာဇာ” ပဲကြော်စုံဖိုများသို့  ပဲကြော်များကြော်လှော်နေမှုအခြေအနေများ၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချမှု အခြေအနေများ၊ စက်မှုလုပ်ငန်းသုံးဆီများ ခွဲဝေချထားမှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များမှ လုပ်ဆောင်နေမှုအခြေအနေများ၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းစဉ်တစ်လျှောက် လုပ်ကိုင်ဆောင်ရွက်နေသည်များအား သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိနှင့် ယခုဘဏ္ဍာနှစ်အတွင်း စည်ပင်လိုင်စင်၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းလိုင်စင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။      

DOCA(စစ်ကိုင်း)

ဆလပ်ရွက်၏ အကျိုးကျေးဇူးများ

          ဆလပ်ရွက်စားသုံးခြင်းဖြင့် ဆီးချိုဖြစ်နိုင်ခြေကို ကျဆင်းစေပြီး ဆလပ်ရွက်မှာ ကယ်လိုရီပါဝင်မှုူ နည်းသောကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ သွေးထဲမှ အကျိုး မပြုသော ကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းအဆီများကို လျော့ချပေးနိုင် တာတဲ့အတွက် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေမဖြစ်စေဖို့ ကာကွယ် ပေးနိုင်သလို၊ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါသည်။

          ယခုရာသီချိန်သည် ဆလပ်ရွက်ပေါများသော ရာသီဖြစ်သည့်အတွက် ဆလပ်ရွက်ကို လူအများက အကင်များဖြင့်တွဲစား၍သော်လည်း၊ မြန်မာ့ငပိနှင့် တွဲစားရာတွင်လည်းကောင်း၊ အသုပ်များသုတ်စားရာတွင်လည်းကောင်း အမျိုးမျိုး အသုံးပြုစားသုံးလျက်ရှိပြီး ဈေးကွက်တွင်

DOCA(ဧရာဝတီ)

ဟင်္သာတတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများဟောပြောပွဲ

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၇.၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ဟင်္သာတမြို့၊ တက္ကသိုလ်လမ်းမကြီး၊ ရွာသာကုန်းရပ်ကွက်ရှိ ဟင်္သာတတက္ကသိုလ်ဝန်းအတွင်း ပင်မလေးထပ်ဆောင်၌ တက္ကသိုလ်ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ပထမဦးစွာ ဟင်္သာတတက္ကသိုလ် ဒု-ပါမောက္ခချုပ်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင် က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့်ပြဌာန်းခဲ့ကြောင်း၊  မတ်လ(၁၅)ရက်နေ့သည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာ စိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက် နှင့် ကုန်စည်တွေ ပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့ သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ စီးပွားရေး လုပ်ငန်း၏တာဝန်များအကြောင်း စသည်တို့ကို  ရှင်း လင်း ဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍  AI ၏အသုံးဝင်ပုံ၊ ကောင်းကျိုး/ ဆိုးကျိုးများ အကြောင်း၊  Online ရောင်းဝယ်မှုနှင့်ပတ်သတ်၍ စားသုံးသူများ သိထားသင့်သည့် အချက်အလက် များ၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။  စားသုံးသူကာကွယ်ရေး လက်ကမ်းဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး နေလည် (၁၂:၀၀)နာရီ အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

          စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၆.၁.၂၀၂၅) ရက်နေ့ နေ့လည် (၁၄:၀၀) အချိန်တွင် မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊တာကြီးတန်းရပ်၊ ကျောင်းကြီးလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန၊အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူ ရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ် လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက် နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူ အသုံးပြု ခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြား ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်းစသည်တို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ