ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးကျင်းပခြင်း

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင် ခြင်းဆိုင်ရာလုပ်ငန်း များနှင့်ပတ်သက်၍ အသိပညာပေး Talk Showကို ၈.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြု ဗဟိုဌာန(Community Centre) ပြန်ဆက်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးရာတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးတို့က မေးမြန်း ဆွေးနွေးခြင်း၊ ဖြေကြားအသိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ဖြူးမြို့နယ်အတွင်း ပြည်သူများအသိပညာရရှိရေး အသိပညာပေး Talk Show များကို အွန်လိုင်း မှတစ်ဆင့် သိရှိစေရေးကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)