သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

၁၄.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင် ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများ မရှိပါကြောင်း တွေ့ရှိရသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

၁၃.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦး၊ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Good Choice အမှတ်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ အမေထွားမြေပဲဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ Mazin အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီများ အား စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ရောနှောဆီများရောင်းချမှု မရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ယိုမျိုးစုံထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၉.၁.၂၀၂၅ ရက်နေ့တွင် “ထက်နဂါး” အမှတ်တံဆိပ် ယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

          ၈.၁.၂၀၂၅ ရက်နေ့တွင်  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများအား ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

          ၈.၁.၂၀၂၅ ရက်နေ့တွင်  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ရွှေနိုင်ငံ (ဆေးဆိုင်)နှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ၎င်းဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိပါ ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၉.၁.၂၀၂၅) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင် လွန်းသဒ္ဒါအောင် (ဒုရဲအုပ်)နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ရွှေစန္ဒာထွန်းစိုးတို့မှ လူကုန်ကူးမှုအကြောင်း အသိပညာပေး ဟောပြောခြင်း၊ လူကုန်ကူးမခံရအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာ ပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်း မှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ (အ.ထ.က) ဘီးလင်းမှ ကျောင်းသား/ ကျောင်းသူ (၃၅)ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် (၁၅) ဦးတို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများကို မြို့နယ်အမျိုးသမီရေးရာ အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်၌ "စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်

(၇.၁.၂ဝ၂၅) ရက်နေ့၊ နေ့လယ် (၁၃:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက် များအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊           လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဘိုဘိုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေ၏  အခန်း(၂၃)ပါ တားမြစ်ချက်များဖြစ်သည့် ပုဒ်မ(၆၂)၊ (၆၃)၊ (၆၄)၊ (၆၅)၊ (၆၆)၊ (၆၇)၊ (၆၈) တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

DOCA(မွန်)

မော်လမြိုင်ခရိုင်ဦးစီးမှူးမှ Online Sales လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၇.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် နှင့် ဝန်ထမ်းများသည် Online Sales မှတ်ပုံတင်ထားသော ထာဝရ Online Sale လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်ဆင်းစစ်ဆေးခဲ့ရာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားလာသည့် အချက်များဖြစ်သည့် (၁)မှတ်ပုံတင်မည့်လုပ်ငန်းအမည် မှန်ကန်မှု၊ (၂)လုပ်ငန်းတည်ရှိရာလိပ်စာ မှန်ကန်မှု၊ (၃)လုပ်ငန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ် မှန်ကန်မှု၊ (၄)လုပ်ငန်း၏Logo၊ (၅)ကုမ္ပဏီမှတ်ပုံတင်(ရှိပါက)၊ (၆)SMEမှတ်ပုံတင်အမှတ် (ရှိပါက)၊ (၇)လုပ်ငန်းပိုင်ရှင်အမည်မှန်ကန်မှု၊ (၈)လုပ်ငန်းပိုင်ရှင်၏လိပ်စာမှန်ကန်မှု၊ (၉)လုပ်ငန်းပိုင်ရှင်၏ဖုန်းနံပါတ်မှန်ကန်မှု၊ (၁၀)လုပ်ငန်းပိုင်ရှင်၏မှတ်ပုံတင် မှန်ကန်မှု၊ (၁၁)နိုင်ငံသား/နိုင်ငံခြားသား မှန်ကန်မှု၊ (၁၂)မှတ်ပုံတင်လက်မှတ်လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ အမည်ပျက်စာရင်း (Black List) တွင်ပါဝင်ခြင်း မရှိကြောင်းထောက်ခံချက်၊ (၁၃)ရောင်းချနေသည့်ကုန်ပစ္စည်း/ ဝန်ဆောင်မှုအုပ်စု (တင်ပြစဉ် က ကုန်ပစ္စည်းအုပ်စု အတိုင်းကိုက်ညီမှု ရှိ/မရှိ)၊ (၁၄)ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှု သည်ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော(သို့) ကန့်သတ်ထားသော ကုန်စည် ဟုတ်/မဟုတ် (သို့)ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ ၊ (၁၅)ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ (၁၆)ရောင်းချနေသောကုန်စည်သည် ကိုယ်ပိုင်ထုတ်ကုန် ဟုတ်/မဟုတ်၊ (၁၇)ရောင်းချနေ သောကုန်စည်တွင် ပြည်တွင်း၌ထုတ်လုပ်/ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၏ လိပ်စာပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိနှင့် (၁၈)ရောင်းချနေသော ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြားစိစစ်တွေ့ရှိချက်များ ဟူသောအချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

          မွန်ပြည်နယ် ကျိုက်မရောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်‌ထွေးနှင့် စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံတို့ ပူးပေါင်း၍ ၃.၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်၌ ကျိုက်မရောမြို့နယ် ပိန်းနဲကုန်ကျေးရွာ၊ သိန်ဖြူကုန်း မူလတန်းလွန်ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ မှန်ကန်သော သတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကိုတိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များ သိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စား အစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာ ပြသ၍ အပြန်အလှန်မေးမြန်းခြင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ် များကို ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး ၊ စုစုပေါင်း (၅၄)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစေရန် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်မှ ၉၀ ရာခိုင်နှုန်းသည် လုပ်ကွက်ငယ် ခြံငယ်ရှင်းများဖြစ်ပြီး ခြံကြီး၊ ခြံလတ်များနှင့် ကုမ္ပဏီစိုက်ခင်းများမှာ ၁၀ ရာခိုင် နှုန်းအောက် စိုက်ပျိုးထားရှိ၍ ရော်ဘာအစေးခြစ်ဧက သုံးသိန်းကျော်ရှိသည်။

မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးစေရန် ရော်ဘာပင်အိုများအား ခုတ်လှဲပြီး တန်ဖိုးမြှင့်ထုတ်ကုန်ဖြင့် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားလုပ်ငန်းများ ထုတ်လုပ်လျက်ရှိသည်။ မွန်ပြည်နယ်အတွင်း ရော်ဘာသစ်ခွဲသား၊ သစ်ပါးလွှာစက်ရုံ (၂၃) ရုံရှိပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် ရော်ဘာသစ်ခွဲသား၊ သစ်ပါးလွှာ (၂၂၉၀၆၁)တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ထုတ်လုပ်ရောင်းဝယ်နေကြသည့် ရော်ဘာအမျိုးအစားများမှာ RSS ၊ MSR စသည့် အမျိုးအစားများဖြစ်ပြီး ပြည်နယ်အတွင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်နေသည့် မှိုင်ရုံ၊ ခရမ့်ရော်ဘာစက်ရုံ၊ တာယာစက်ရုံ၊ သရေးကွင်း၊ ပူဖောင်း၊ ဘောလုံး၊ ဖိနပ်လုပ်ငန်းများမှ တန်ချိန် ၁၅၀၀၀ ခန့်သုံးစွဲရာ ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသော ရော်ဘာများကို ပုဂ္ဂလိက ဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်များက စုစည်းကာ ရန်ကုန်၊ မန္တလေး ကုမ္ပဏီကြီးများထံသို့ တင်ပို့ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ