တောင်ငူမြို့နယ်၊ ကေတုမတီမြို့မဈေးရှိ ကုန်စုံဆိုင်များနှင့် အလှကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးများ၊ ကုန်ပစ္စည်းအရောင်းဆိုင်များ အားကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ ဦးနေစိုးထက်၊ ဒုဦးစီးမှူးတို့သည် တောင်ငူ ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ တောင်ငူမြို့နယ်၊ ကေတုမတီမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တောင်ငူမြို့နယ်၊ ကေတုမတီ မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များတွင် တရားမဝင် အလှကုန်များ၊ FDA ထောက်ခံချက်မပါရှိသောအလှကုန်များ၊ ဆိုးဆေးပါဝင်သောအရောင်တင်မှုန့်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှ အလှကုန်များနှင့်စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖေါ်ပြထားခြင်းရှိ /မရှိစစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်များနှင့်အလှကုန်ပစ္စည်း အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်စွာ ဖေါ်ပြထားခြင်းမရှိသည့် ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်မှာ ကြားခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)