သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ.မ.က သဲဖြူ(မြို့မ)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ

           စားသုံးသူရေးရာဦးစီးဌာန ၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရွှေဘုံသာ တာကြီးတန်းလမ်း၊ အမှတ်(၆)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း သဲဖြူ(မြို့မ)ကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၃ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

           ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           (၈.၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ် လက်ကျန်အခြေအနေနှင့် ရောင်းချမှု ဈေးနှုန်းအခြေအနေများကို မြေပြင်ကွင်းဆင်းစစ် ဆေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း ဘိလပ်မြေ လက်လီ/လက်ကား အရောင်းဆိုင်(၄)ဆိုင်ဖြစ်သော အောင်ကိုနိုင်၊ အောင်ပွင့်သစ်ဆန်း၊အောင်သပြေ၊ မင်းဆွေဦး ဘိလပ်မြေ ရောင်းချမှုအခြေအနေ ဆိုင်ရှိ ဘိလပ်မြေလက်ကျန်စာရင်း ဘိလပ်မြေ ဝယ်ယူရရှိမှု နှင့် ရောင်းချမှု ဈေးနှုန်းအခြေအနေကို ဆိုင်ရှင်များအား မေးမြန်းစစ်ဆေးခဲ့သည်။ ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေ လက်ကျန်များရှိပြီး ကြံနီ နှင့် ALPHA နှစ်မျိုးသာရောင်းချပြီး ကြံနီဈေးနှုန်း ငွေကျပ် ၁၆၅၀၀/-နှင့် Alpha ဈေးနှုန်း ငွေကျပ် ၁၈၀၀၀/- ဖြင့် ရောင်းချကြောင်း၊ ယခင်ဈေးနှင့် နှိုင်းယှဥ်ပါက အနည်းငယ်ဝေးဆက်နေပြီး ရန်ကုန်မှ မှာယူရောင်းချပြီး ပစ္စည်းမှာယူမှု ခက်ခဲနေပြီး ဒေသတွင် သီးနှံပေါ်ချိန်ဖြစ်၍ တောင်သူများ အဆင်ပြေ သည့်အတွက် ဆောက်လုပ်ရေးကာလ ဝယ်ယူသူများပြားလာပြီး အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိသဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့အတွင်းရောင်းချနေသော အိမ်ဆောက်ပစ္စည်းအမျိုးမျိုးမှ ဘိလပ်မြေ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိ/ မရှိကို ကွင်းဆင်းစ်စဆေး

          (၈.၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် အနေဖြင့် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူ လက်လီ/လက်ကား လုပ်ငန်းရှင်(၄)ဦး၏ ဘိလပ်မြေရောင်းချရာတွင် ပြတ်လပ်မှု ရှိ/မရှိ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ရှိ/မရှိကို မိတ်ဖက်ဌာနများနှင့်အတူ   ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဘိလပ်မြေ လက်ကျန်စာရင်းများအား စာရင်းကောက်ယူပြီး တင်ပြလျက်ရှိရာ မအူပင်ခရိုင်အတွင်း ဘိလပ်မြေ လက်လီ/ လက်ကား အရောင်းဆိုင်များ၌ မြေပြင်လက်ကျန်အခြေအနေနှင့် ဈေးကွက်အခြေအနေများကို စာရင်းကောက်ယူစစ်ဆေးဆောင်ရွက်ခဲ့ရာ ကြံနီ  ဈေးနှုန်ူး ငွေကျပ် ၁၇၀၀၀/-နှင့် Alpha ဈေးနှုန်း ငွေကျပ် ၁၈၀၀၀/- ဖြင့် ရောင်းချကြောင်း ၎င်းပစ္စည်းများ လိုချင်သလောက်ဝယ်ယူရရှိခြင်းမရှိပဲ ပွင်းလင်းရာသီ ဆောက်လုပ်ရေး ကာလအချိန်ရောက်လာ၍ ဝယ်လိုအားနှင့် ရောင်းလိုအား မညီမျှ၍ ဈေးအနည်းငယ်တက်ကြောင်း ဦးစစ်ငွေ၊ ကောင်းစည်သူကျော်၊ ဦးကျားဗိုလ်၊ ရတာနာထွန်း အရောင်းဆိုင်များမှ သိရှိရပါသည်၊

DOCA(ဧရာဝတီ)

ဓနုဖြူ အောင်ချမ်းသာ ဆန်စက်အား စပါးသိုလှောင် ဆန်ကြိတ်ခွဲမှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အောင်ချမ်းသာဆန်စက်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက (၈.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် သိုလှောင် ကြိတ်ခွဲ ထုတ်လုပ်မှုအခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးသည် ငါးဘတ်အိုင်ကျေးရွာရှိ အောင်ချမ်းသာ ဆန်စက်လုပ်ငန်းလည်ပတ်နေမှုကို ကြည်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်မှ လုပ်ငန်းအကြောင်းရှင်းလင်းပြောကြားရာ ဆန်စက်တွင် လက်ရှိစပါး ၂၀၀၀တင်းရှိပြီး ဆန်ဧည့်မထ လက်ကျန် ၂၀၀အိတ်ရှိပြီး၊ တစ်နေ့ကို မနက် ၆နာရီမှ ည ၆နာရီထိ ဆန် ၁၀တန်မှ ၁၅တန်ကြားကြိတ်နိုင်ကြောင်း၊ ဆန်များကို ဒေသတွင်းသာ လက်ကား၊ လက်လီဆန်ဆိုင်များကို ရောင်းချ ကြောင်း ကိုရှင်းလင်း ပြောပြခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာနမှ MyRoတွင် မှတ်ပုံတင် လက်မှတ်ရရှိပြီးပါက ဆန်/စပါးသိုလှောင်ရုံ လစဉ် စပါး၊ ဆန်လက်ကျန်စာရင်းကို ဖြည့်သွင်းဆောင်ရွက်နိုင်ရေးနှင့် ဆန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆန်စက်ပိုင်ရှင်အား ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ဧရာဝတီ)

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ် ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ပင်းတယမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ၊ မြို့မဈေးအတွင်းရှိကလေးအာဟာရဖြည့်စွက်စာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ်ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ပင်းတယမြို့မဈေးအတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာရောင်းချသည့် အရောင်းဆိုင်များအား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

မင်းကြီးအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင် (ဦးစီးမှူး) ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍   တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ “မင်းကြီး”အမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် “မင်းကြီး”အမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်တို့ သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂၅ ခုနှစ်၊  ဇန်နဝါရီလ( ၈)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူ များသည် ကျိုင်းတုံမြို့ပေါ်ရှိ ဘိလပ်မြေလက်လီ၊ လက်ကားရောင်းချသည့်ဆိုင်များတွင် ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ပေါ်ရှိ  ဘိလပ်မြေ အ‌ရောင်းဆိုင်များတွင် ဘိလပ်မြေများပြတ်လပ်မှုမရှိသည်ကို  စစ်ဆေးတွေ့ရှိရပြီး ဘိလပ်မြေဈေးနှုန်းများအနေဖြင့် ကျားအမှတ်တံဆိပ် (40)kg တစ်အိတ်လျှင် (၂၆၀၀၀)ကျပ်၊ ဆင်အမှတ်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ စိန်အမှတ်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင် ဒီဇင်ဘာလနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ယင်းသို့ ဘိလပ်မြေဈေးနှုန်းကျဆင်းရခြင်းမှာ ထိုင်းဘတ်ငွေဈေးနှုန်းအနည်းငယ်ကျဆင်း၍ မြန်မာကျပ်ငွေ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တနင်္သာရီတိုင်းဒေသကြီးတွင် Thursday Talk ကျင်းပပြုလုပ်ခြင်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ နေလယ် (၁၃း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

            အဆိုပါ Thursday Talk ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ  ဝန်ထမ်း တစ်ဦးမှ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် Doca Application အသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်ရာ စနစ်အသုံးပြုမှုနှင့်ပတ်သတ်သည့် အချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ၊ ဂရုပြု ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များ မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ် စကားပြောကြားခဲ့ကာ ၁၄း၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ရှိ လက်ဝတ်ရတနာအရောင်းချသည့် Online လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိ စစ်ဆေးခြင်းဆောင်ရွက်ခြင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ