သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)  သည် ၁၀.၁၀.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော Char Char (စတိုး)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Lucky အမှတ်တံဆိပ်ပါ လပ်ကီးထောပတ်မရွေး တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင် ဒေါ်ဆိုင်းလုလုမိုင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

 

 

   မြစ်ကြီးနားခရိုင်စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၀.၁၀.၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ “Cafe-60 Tea House”၊ လုပ်ငန်းရှင် (၂)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက် နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးဆီနှင့် ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သတ်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

ဖျာပုံမြို့နယ်အတွင်းရှိ “ပီတိသုခ”ဆေးဆိုင်အား Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ ပီတိသုခဆေးဆိုင်အား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်အတွင်းရှိ “ပီတိသုခ”ဆေးဆိုင်တွင် Dumex Dupro ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်အား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၈)၊ မြင့်မိုရ်လမ်း၊ ဈေးကုန်း အနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ “ဒေါ်ချိုချို”ကလေးကစားစရာပစ္စည်းများ ရောင်းချသည့် လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်ပတ်သက်၍လည်းကောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

 

ဖျာပုံမြို့နယ်အတွင်းရှိ “ထာဝရ”ဆေးဆိုင်အား Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ ထာဝရဆေးဆိုင်အား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်အတွင်းရှိ “ထာဝရ”ဆေးဆိုင်တွင် Dumex Dupro ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာ မှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်အား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇွန်နှင့်မွန်အလှပစုဝေးရာလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

  (၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် အုန်းနှဲကုန်းကျေးရွာ၊ ဒရယ်ဘို ကျေးရွာ၊ လှည်းကူးမြို့နယ်ရှိ ဇွန်နှင့်မွန်အလှပစုဝေးရာလုပ်ငန်း အား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးမှ  လုပ်ငန်းရှင်ဖြစ်သူနှင့် တွေ့ဆုံကာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းဆွေးနွေးပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို Online မှတ်ပုံတင် လျှောက်ထားစဉ်က အချက်အလက်များကို မြေပြင် စစ်ဆေးချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ DOCA Application တွင်ထည့်၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးများအလိုက် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်အတွင်းရှိ ဈေးများအလိုက် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်သော လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများ မေးမြန်းခဲ့ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းစေရေးအတွက် လူသုံးကုန်၊ စားသောက် ကုန်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဌာန်းထားသည့်အတိုင်း ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ၊ မပါနှင့်တင်သွင်းသည့်ကုမ္ပဏီလိပ်စာများကို စစ်ဆေးပြီး ရောင်းချသူလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာလျှင် ရောင်းချရန်နှင့် စားသုံးသူဘေးအန္တရာယ်ကင်း သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ပိုင်းခရိုင်အတွင်းရှိ Modern Mart များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  (၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် မြောက်ပိုင်းခရိုင်အတွင်းရှိ Modern Mart များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ကုန်ပစ္စည်းတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းပြည့်စုံခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲ လျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ကျော်(၂)ဆေးဆိုင်အား Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ “ကျော်(၂)” ဆေးဆိုင်အား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက် (၁၂:၀၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်အတွင်းရှိ “ကျော်(၂)”ဆေးဆိုင်တွင် Dumex Dupro ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်အား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အင်းစိန်မြို့နယ်ရှိ စားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄) ဦးတို့သည် (၉.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ ဘိုကုန်းဈေး ရှိ အမှတ် (၂၀၇)ဆိုင်တွင် ရောင်းချနေသူ ဒေါ်စန်းစန်းနွယ်ဆိုင်သို့ စားအုန်းဆီရောင်းချနေခြင်း အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချပေးပြီး စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပတ်ကို (၅၀)ကျပ်သားနှုန်းဖြင့် တစ်လ လျှင် (၂)ပိဿာရရှိမှာဖြစ်ပြီး ရောင်းချချိန်ကိုလည်း ဆီကားဝင်ပြီး ညနေပိုင်းအထိ ရောင်းချပေးပါ ကြောင်း၊ နေ့စဉ်အရောင်းစာရင်းကိုလည်း ရေးသွင်းထား ပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှ လည်း ထုတ်ရန်ကျန်သောစာအုပ်များ အား နောက်နေ့တွင် ပြန်လည်ထုတ်ပေးရန် တိုင်ကြားချက်များ မရှိအောင်လည်း ဂရုစိုက်ဆောင်ရွက်လိုကြောင်း စည်းကမ်းချက်များအား လိုက်နာမှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ