သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သတ်မှတ်ရည်ညွှန်းစျေးနှင့် အညီ အိမ်ထောင်စုအလိုက် ဆီရောင်းချစေရေး ဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် လယ်တော်အဝေးပြေးကားဝန်းအတွင်းရှိ ဟင်္သာတခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရုံး၌ (၁၂.၇.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့နယ်ရှိ စားအုန်းဆီခွဲတမ်းရလက်လီ/ လက်ကားကိုယ်စားလှယ်များနှင့် တွေဆုံ၍ သတ်မှတ်ရည်ညွှန်းစျေးနှင့် အညီ အိမ်ထောင်စုအလိုက် ရောင်းချပေးရန်ရရှိသော ဆီအရေအတွက်အား အပြည့်အဝရောင်းချပေးရေး၊ ပြင်ပဆီနှင့် ရောနှောဆီများရောင်းချမှုမရှိစေရေး၊ ရပ်ကွက်/ ကျေးရွာများဆီဖြန့်ဖြူးရောင်းချရာတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုများဆီ လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ရက်အနည်းငယ်စောင့်ဆိုင်း၍ အိမ်ထောင်စုပြည့်စုံအောင် ရောင်းချပေးရေးနှင့် ရရှိသော ဆီခွဲတမ်းအရေအတွက်အပေါ် မသမာသောနည်းလမ်းများသုံး၍ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ရပ်ကွက်/ကျေးရွာနေ ပြည်သူများလက်ဝယ်အရောက် ဆီစာအုပ်များဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့်ဆောင်ရွက်စေရေး ဆီလက်လီ/ လက္ကားကိုယ်စားလှယ်များအနေဖြင့် အလေးထား စိစစ်ကြပ်မတ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ပြီး နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“ပလိပ်‌၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်စျေးတန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

           ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်းပြီး ဇူလိုင်လ(၁၀)ရက်နေ့တွင် ပလိပ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ရှိ ကျောင်းမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည် ။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်များရောင်းချရာတွင် သန့်ရှင်း သပ်ရပ်စွာထားရှိရန် ၊ ဆိုးဆေးများပါရှိသော အစားအသောက်များအား ရောင်းချခြင်းမပြုရန် ၊  အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် ၊ အစားအသောက်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် အစားအသောက်များကိုရွေးချယ် ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCa(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

        ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၉.၇.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဆန်အရောင်းဆိုင်များသို့ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝင်းထိုက်ဆန်ဆိုင် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင် များတွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွေဘိုပေါ်ဆန်းဆန်(၂၄)ပြည် တစ်အိတ်လျှင် (၁၉၅၀၀၀)ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင်(၁၈၀၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည်တစ် အိတ်လျှင်(၆၅၀၀၀)ကျပ်၊ ဖန်သီးသုခဆန်(၂၄)ပြည်တစ်အိတ်လျှင်(၈၅၀၀၀)ကျပ်၊ အညားသားဆန်(၂၄) ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်များဖြင့် ရောင်းချပြီး၎င်းဆန်များကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

           ဆန်ဈေးနှုန်းများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဝင်းထိုက်ဆန်ဆိုင်ပိုင်ရှင် ဒေါ်ခင်သီသီ အား ဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ဈေးနှုန်းကြီးမြင့်ရောင်းချမှုမရှိစေရေး၊ဈေးနှုန်းများတည်ငြိမ်စေရေး၊ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCa(မန္တလေး)

ကြည်ကြည် ငရုတ်သီးကြော်လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ   

             မြင်းခြံမြို့၊ အမှတ်(၂၀)ရပ်ကွက်ရှိ ‘‘ကြည်ကြည်’’ ငရုတ်သီးကြော်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သည့် လုပ်ငန်းရှင် ဒေါ်တာမ မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ လုပ်ငန်းသုံးစားအုန်းဆီလျှောက်ထားနိုင်မှုအခြေအနေများနှင့် ပတ်သက်၍ .၇.၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက် တွေ့ဆုံရာ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်း ချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ် သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များနှင့် လုပ်ငန်းသုံး စားအုန်းဆီလျှောက်ထားမှုနှင့်စပ်လျဉ်း၍  လုပ်ငန်းပမာဏနှင့်အမှန်ကုန်ကျ မည့်ဆီပမာဏများအား လုပ်ငန်းခွင်သို့ကွင်းဆင်းစိစစ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCa(မန္တလေး)

 

သက်သာသောဈေးနှုန်းဖြင့်စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆီအသင်းတာဝန်ခံတို့သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ များရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

          နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူ စားသုံးနိုင်ရန်ထုတ်ပေးသော စားအုန်းဆီများကို စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ရောင်းချ ရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းရောင်းချမှုရှိစေရေး၊ စားအုန်း ဆီများဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင်သာစေရန် ရောင်းချသည့်နေ့ရက်နှင့် ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍  ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာ ရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကိုသာရောင်းချမှုရှိစေရေးနှင့် အဆိုပါစားအုန်း ဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့အတွက် ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီရောင်းချပေးနေမှုများအား အစဉ်တစိုက်ကြီးကြပ်စိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း(Talk Show)

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ်မြို့နယ် တာဝန်ခံ၊ ဦးစန်းအောင်(ဒု-ဦးစီးမှူး)သည် (၇.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး(Talk Show)ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုအသိပညာဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ် ဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ဖော်ပြထားပြီး ကုန်စည်၏အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်လိပ်စာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုပမာဏအချိုးအစား၊ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဓာတ်မတည့်ကြောင်းဖော်ပါချက်နှင့် ကြိုတင်သတိပေးချက်များ၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များကို သိသာထင်ရှားစွာဖော်ပြရန် လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့် အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ထက်ပို၍တွဲလျက်ဖြစ် ဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

မိတ္ထှီလာမြို့နယ်ရှိ မင်းမြန်မာ စားသောက်ဆိုင်ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဦးစားပေးရွှေးချယ်ထားသည့်   ကုန်စည်၊ ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အနေဖြင့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုဖြစ်သော စားသောက်ဆိုင်များ၊ အစားအသောက် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်း မင်းမြန်မာစား သောက်ဆိုင်အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်(၉)  ရက်နေ့တွင်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိ ရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြုပြင်ရောင်းချမှုတွင်သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက် များ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့်သတင်း အချက်အလက်များကို အသိပေးခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခမည်မျှ ကောက်ခံသွားမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခ ကောက်ခံခြင်းရှိ/မရှိ၊ ဈေးနှုင်း (Menu) ကဒ် ထားမှုရှိ/မရှိ၊ လုပ်သားများ ဆေးစစ်ထားမှုရှိ/မရှိ၊ ကုန်ကြမ်းများသန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တ ရာယ်ကင်းရှင်းမှုရှိ/မရှိ၊ အသား၊ငါးသိုလှောင်တဲ့ အခြေအနေ (ရေခဲသေတ္တာ၊ စားဖိုဆောင်စသဖြင့်) သန့်ရှင်သပ်ရပ်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်အ.လ.က(၉)တွင်စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ

           မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ် ၊ အ.လ.က(၉)တွင်  စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ၂၀၂၆ခုနှစ် ၊ ဇူလိုင်လ (၃)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

           ဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဌာန ၊  ခရိုင်ဦးစီးမှူးရုံးရှိ ဒေါ်သိမ့်သူဇာမောင်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများအား လည်းကောင်း စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအားအကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ် တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင်ဆရာ/မနှင့် ကျောင်းသား/ သူဦးရေ (၁၂၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

     

   မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သတင်းနှင့်ဆောင်းပါးရေးသားမှုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ၇.၇.၂၀၂၆ ရက် အင်္ဂါနေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင်  သတင်းနှင့် ဆောင်းပါးရေးသားမှုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။    အဆိုပါဆုပေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး၊ဦးဇေယျာဆွေမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် ယနေ့ကျင်းပသည့်ဆုပေးပွဲမှာ   ၂၀၂၅ ခုနှစ်နိုဝင်ဘာလမှစ၍ ၂၀၂၆ ခုနှစ်ဧပြီလအထိ တိုင်းဦးစီးမှူးရုံး၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးရှိ အရာထမ်းနှင့်အမှုထမ်းများမှ စားသုံးသူရေးရာဦးစီးဌာန၏ Website  www.doca.gov.mm  ၊ Commerce Journal နှင့် နိုင်ငံပိုင် သတင်းစာများတွင် သတင်းနှင့် ဆောင်းပါးများ ရေးသားပါဝင်မှုများအား ဆုပေးသည့် အခမ်းအနား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးအဖြစ် တာဝန်ယူသည့်ကာလမှစ၍ တတိယအကြိမ်မြောက် ဆုပေးသည့်အခမ်းအနားဖြစ်ပါကြောင်း၊သတင်းရေးသားရာတွင် စေတနာထား၍ ရေးသားခြင်းဖြင့် အချင်းချင်းအပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဦးစေတနာ၊  တစ်ဦးမေတ္တာခံယူမှု၊ စိတ်ဖိစီးမှုနည်း၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာစေပါကြောင်း၊  ဌာန၏နာမည်ဂုဏ်သတင်း ကောင်းများဖန်တီးဆောင်ရွက်သွားကြရန်နှင့် သတင်းရေးသားရာတွင် AI Application တွင်လည်း ရှာဖွေ၍ အချက်အလက်များတိတိကျကျဖြင့် သိချင်သည်များမေး၍ကိုးကားနိုင်သည့်အချက်အလက် များရယူနိုင်ပါကြောင်း ပြောကြားပါ သည်။  ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ သတင်းပါဝင်မှုအများဆုံးဖြစ်သည့် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးသန်းစိုး အား ပထမဆုချီးမြှင့်ခြင်း၊ တစ်ဦးချင်းသတင်းအများဆုံး ရေးသားပါဝင်သည့် မြင်းခြံခရိုင်ဦးစီးမှူးရုံး မှ ဒု-ဦးစီးမှူးဒေါ်သူဇာမိုးအား ပထမဆုချီးမြင့်ခြင်း၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဦးရဲလင်းထက်မှ ခရိုင်အလိုက်ဒုတိယသတင်းအများဆုံး ရေးသားသည့် မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းအား ဆုချီးမြှင့်ခြင်းနှင့် တစ်ဦးချင်းသတင်းရေးသားပါဝင်မှုအနေဖြင့်    ဒုတိယအများဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေ အား ဆုချီးမြှင့်ခြင်း၊ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအိမှခရိုင်အလိုက် တတိယသတင်းအများဆုံး ရေးသား ပါဝင်သည့် ကျောက်ဆည်ခရိုင်ဦးစီးမှူး၊ ဦးမောင်ထူးအား တတိယဆုချီးမြှင့်ခြင်းနှင့် တစ်ဦးချင်း ရေးသားမှု တတိယအများဆုံးဖြစ်သည့် မြင်းခြံခရိုင်ဦးစီးမှူးရုံး မှ ဒေါ်သင်းသင်းဆွေအားလည်း ကောင်း၊သတင်းနှင့်ဆောင်းပါးအထူးဆုအဖြစ် ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးတင်မျိုးခိုင် အား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေမှ သတင်းများအား အရေအတွက် သာမက အရည်အသွေး ကောင်းသော သတင်းများ ရေးသားကြဖို့ တိုက်တွန်းပြောကြားခဲ့ပြီး၊အဆိုပါဆုပေးပွဲအခမ်းအနား တွင်မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးရှိအရာထမ် နှင့် အမှုထမ်း များ၊ ကျောက်ဆည်ခရိုင်၊မိတ္ထီလာ ခရိုင်၊ မြင်းခြံခရိုင်ဦးစီးမှူးများမှ  In Person ဖြင့် တက် ရောက်ခဲ့ပြီး၊ စုစုပေါင်း(၅၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCa(မန္တလေး)

အခြေခံမီးသတ်ပညာသင်တန်းတွင် သင်တန်းသားများအား အသိပညာပေးဟောပြောဆွေးနွေး

            ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ပြုလုပ်သော အခြေခံမီးသတ်ပညာသင်တန်းအား ၆-၇-၂၀၂၆ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန် ညောင်ဦးမြို့ရှိ Aruem Palace Hotel Bagan  ၌ကျင်းပပြုလုပ်ရာ ညောင်ဦးခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား Online Sale နှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

                  Online Sale နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်း အဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ Online  ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာ ချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင် သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရ မည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ ဖုန်းနံပါတ်များအား အသိပညာပေးဆွေးနွေး ခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သင်တန်းသားများ အားလုံး စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCa(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ