မိတ္ထီလာမြို့နယ်အ.လ.က(၉)တွင်စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ

Powered by Drupal

           မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ် ၊ အ.လ.က(၉)တွင်  စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ၂၀၂၆ခုနှစ် ၊ ဇူလိုင်လ (၃)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

           ဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဌာန ၊  ခရိုင်ဦးစီးမှူးရုံးရှိ ဒေါ်သိမ့်သူဇာမောင်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများအား လည်းကောင်း စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအားအကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ် တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင်ဆရာ/မနှင့် ကျောင်းသား/ သူဦးရေ (၁၂၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)