သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ်တွင်Gasifireဖြင့် လည်ပတ်နေသောဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား (၂၁-၁၁-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

       ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် စာသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံဦးစီးမှူး ဦးအောင်ကျော်သက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးမှူး တိုမှ မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များ ဖြစ်‌သော အေးမေတ္တာ ဆန်စက်၊ ဒေါ်အေးအေးနွဲ့၊ မြသိန်းတန်ဆန်စက်၊ တင်ရီ ဆန်စက်၊ ရွှေလဝန်း ဆန်စက်၊ အောင်မျိုးသိန်းဆန်စက်၊ လရိပ်စံ ဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

တန်မြင့်ဆန်များထုတ်လုပ်နေသည့် ရွှေဝါနဒီဆန်စက်

        ရွှေဝါနဒီဆန်စက်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ ရန်ကုန်၊ပုသိမ်လမ်းမကြီး၊မိုင်တိုင် ၁၉/၃-၁၉/၅ အကြားတွင် တည်ရှိပါသည်။

          ရွှေဝါနဒီဆန်စက်အကျယ်အဝန်းမှာ( ၁၆.၂၆ )ဧကခန့် ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စပါးများ ကိုစတင်ကြိတ်ခွဲ ထုတ်လုပ်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး(၁၀၈၅၄.၇၁/-) ကျပ်သန်း ရင်းနှီးမြုပ်နှံထားရှိကြောင်းနှင့် ဝန်ထမ်းဦးရေ (၁၂၀) ဦး လုပ်သားဦးရေ  (၅၀၀) ခန့် တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဝါနဒီ ဆန်စက်ပိုင်ရှင် ဦးလူမြင့်မောင်မှ သိရသည်။

          မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများကို ၂၀၂၅ ခုနှစ် ၊နိုဝင်ဘာလ တတိယပတ်တွင် ရွှေဝါနဒီစက်ရုံသို့ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် ရွှေဝါနဒီဆန်စက်ပိုင်ရှင် ဦးလူမော်မြင့်မောင်မှ လိုက်လံ ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆန်စက်တွင် စပါးအခွံချွတ်စက်၊ Husker ( SATAKE, JAPAN ) ဆန်အချောထုတ်လုပ်စက်၊ Rice Mill (SATAKE, JAPAN )၊ ဆန်ကွဲပြန်လည် သန့်စင်ဆန် (China ) များတပ်ဆင်အသုံးပြု ထားပြီး၊ တန်းမြင့် ဆန်များထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်အထိ အရည် အသွေးမြှင့်ဆန်များထုတ်လုပ် ဆောင်ရွက်မှုများကို ရှင်းလင်းပြေပြသည်။

          ရွှေဝါနဒီဆန်စက်၏ စက်ကြိတ်ခွဲအင်အားနှင့် သိုလှောင်နိုင်မှု အင်အားများကို ထပ်မံရှင်းပြရာ ဆန်စက်စက်ကြိတ်အင်အားအနေဖြင့် (၂၄) နာရီလျှင် (၄၄၀) တန်ကြိတ်ခွဲနိုင်ပြီး၊ ပြန်လည်သန့်စင် ခြင်းအနေဖြင့် (၂၄) နာရီလျှင် (၁၂၀) တန်ထိ ထုတ်လုပ်နိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ရွှေဝါနဒီဆန်စက်၏ တန်မြင့် ဆန်ထုတ်လုပ်နေမှု ၊နိုင်ငံခြားဈေးကွက်ရရှိမှုနှင့် တောင်သူများ၏ စပါးအရည်အသွေး အလိုက် ဈေးကောင်းပေးဝယ်ယူမှုတို့အပေါ် အားရကျေနပ်မှုရှိကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်တွင် ပြည်ပပို့ကုန်တင်ပိုနိုင်သည့် လုပ်ငန်းတစ်ခု အဖြစ်ရပ်တည်ဆောင်ရွက်နိုင်သည်ဖြစ်၍ တွန်းအားပေး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ဓနုဖြူမြို့နယ် ရပ်ကွက်၊ အမှတ်() (အ.မ.က) ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်မူးယစ်အဖွဲ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာတို့နှင့်အတူ (၂၁၊၁၊၂၀၂)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီ အချိန်တွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ (၄၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူမှ စားသုံးအခွင့်အရေး (၈)ချက် လိုက်နာရမည့် တာဝန် (၄)ချက် နှင့် မြန်မာစာကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကိုနမူနာပုံစံပြသကာ ထိုကဲ့သို့သော ကုန်စည်နှင့် စားသောက်ကုန် များကို အဓိကထားအသုံးပြုစားသောက်သင့်ကြောင်းကိုလည်းကောင်း၊Online Sale ဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးခြင်းနှင့် အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် လိမ်လည်မှုများ မခံရစေရန် အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များအား ရှင်းလင်းခဲ့ပြီး စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုများရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center N0.1535 သို့ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်းအား အသိပညာပေးခဲ့သည်။   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှတာဝန်ရှိသူမှ မူးယစ်ဆေးဝါးအန္တရာယ် အသိညာ ပေးခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား(၁၂၀)ဦး စုစုပေါင်း(၁၂၈)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ကျောက်ဆည်မြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာ(၂၅)ရက်နေ့တွင် ကျောက်ဆည်မြို့၊အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ် ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်ဇာဇာဝင်းမှ ဓါတုဆိုးဆေးများပါဝင်သော အစားအစာများအား ဝယ်ယူစားသုံးခြင်း မပြုရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည် ။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများ ၊ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ / ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများအား  စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)       

အသေးစား၊အငယ်စား၊အလတ်စား(MSME)ဒေသထွက်ကုန်များပြပွဲကျင်းပပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်ညောင်တုန်းမြိုနယ်၏ဒေသထွက်အသေးစား၊အငယ်စား၊အလတ်စား(MSME)ဒေသထွက်ကုန်များပြပွဲ၊ဈေးရောင်းပွဲတော်တွင်ကုန်များကို (၂၂-၁၁-၂၀၂၅ မှ ၂၃-၁၁-၂၀၂၅) ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချခဲ့ ပါသည်။

      ပြပွဲတွင် ညောင်တုန်းမြို့နယ်မှ ဒေသထွက်ကုန်များဖြစ်သည့် သရဖူမြေပဲဆီ၊ MONKEY Electric Bicycle ,Delta Queen (နွားနို့၊ ဒိန်ချဉ်) (Top) (နွားနို့၊ ဒိန်ချဉ်) Master Feed Mill ငါးအစာတောင့်၊ ထက်ထက်ဇီးတော်ဖီ၊ ဟေမာန်နွေ ဆပ်ပြာအမျိုးမျိုး ၊ ဒေသထွက်ကုန် ငှက်ပျောကြော် အမျိုးမျိုး၊ King’s Food ဆန် ကြာဆန်၊ ကြိတ်ခွဲသည့် အစားအမျိုးစား အမျိုးမျိုး၊ ဆန်နှင့် ပဲအမျိုးမျိုး တို့ကို ခင်းကျင်းပြသခဲ့ပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ပြခန်း (၆)ခန်းတွင် စနစ်တကျပြသခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်/စပါး သိုလှောင်ရုံများ သို့ကွင်းဆင်းခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်၊ ရေလဲလမ်းရှိ ကျော်မင်းစိုး ဆန်/စပါးသိုလှောင်ရုံအား ဆန်စပါး သိုလှောင်မှု နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ကွင်းဆင်းလေ့လာ စီစစ်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျော်မင်းစိုး သိုလှောင်ရုံ ပိုင်ရှင်နှင့်တွေ့ဆုံ၍ စပါးဝယ်ယူမှု သိုလှောင်ရုံမှ စပါးများ ဆန်စက်တွင် ကြိတ်ခွဲမှု လုပ်ငန်းများကို မေးမြန်းပြီး ဒေသတွင်းရောင်းချမှုနှင့် ရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်/ဆန်ကွဲ၊ ဖွဲ့နု များကို ရန်ကုန်ဘုရင့်နောင် တင်ပို့မှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံ စပါး/ဆန် လက်ကျန်အခြေအနေများကို ကြည်ရှု့လေ့လာခဲ့ပြီး လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

 

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးသည် ရပ်ကျေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဌာနတို့နှင့်အတူ ၂၁-၁၁-၂၀၂၅ ရက်နေ့၊ နံနက်( ၁:၀၀  )နာရီအချိန်တွင် ဓနုဖြူမြို့နယ် ငါးဘတ်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် (၁၂)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက တက်ရောက်လာသည့် လုပ်ငန်းရှင်တို့အား စားသုံးဆီ အမှတ်တံဆိပ် (ဗူးဆီ)များနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွန်းအမှတ်အသားများနှင့်၊ FDA ထောက်ခံချက်ပါ သော ဆီဘူးများကို ရောင်းချရန်နှင့် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံအောင် ဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များကို ရောင်းချရန်၊  တရားမဝင်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာထားဌာများမှ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များပါဝင် သည့် ကုန်စည်များအကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်း များသည် ညောင်တုန်း မြို့နယ် ညောင်ဝိုင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဌာန၊ ရပ်ကွက်ကျေးရွာ ရပ်မိရပ်ဖများ ညောင်တုန်းဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ (၂၁.၁.၂၀၂၄) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြ ထားသော ကုန်စည်များ ကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည် များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူ များ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလို ပါက  Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းConsumer Call Center 1535 သို့ လုပ်ငန်းရှင်နှင့် စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ဆီလုပ်ငန်းရှင် (၁)ဦးတက် ရောက်ခဲ့ကြပြီး တက်ရောက်လာသော လုပ်ငန်းရှင်များဘက်မှလည်း သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)                                   

“မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင်ဆန်စက်အား ကွင်းဆင်းအသိပေး”

                   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင်ဆန်စက်အား  မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့် ကုန်ရ၊ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online My Ro)တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသောသိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါးသိုလှောင်မှု လုပ်ငန်းစဉ်များ၏ ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် ၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ ပြည့်စုံ ဆန်ဆိုင်အား(My Ro)တွင်မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် နိုဝင်ဘာလ(၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး  မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြည်စုံဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice On line My Ro) တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅) နှင့် အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင် မှတ်ပုံတင်ခြင်းလုပ်ငန်း များကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်များရောင်းချရာတွင် လစဉ်ထုတ်ပြန်သော သတ်မှတ်ရည်ညွှန်းဆန်စျေးများဖြင့် ရောင်းချရန်လိုအပ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ