သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

   ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာ ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တ ရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများ‌ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ ဆန်နှင့်စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း Super Market, Mini Mart များနှင့် ဆန်ဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ နောက် လယ်ရပ်နှင့် တလိုင်းစုရပ်ရှိ ဆန်အရောင်းဆိုင်များနှင့် ဆီအရောင်းဆိုင်များအား သတ်မှတ် ရည်ညွှန်းစျေးများနှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီး ဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဝင် များဖြင့် သတ်မှတ်ထားသောရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)

 

ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံး အနေဖြင့် (၈-၁၀-၂၀၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဘိလပ်မြေ အရောင်းဆိုင်(၄)ဆိုင်သို့ သွားရောက်၍ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချမှု အခြေအနေများကို အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ဆိုင်တွင်‌ရောင်းချပြီး လက်ကျန်အခြေ အနေနှင့် လက်ရှိရောင်းချနေမှု ဈေးနှုန်းအခြေအနေအား စာရင်းကောက်ယူခြင်းများ  ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရန်ကုန်မြို့မှ လက်ကားဝယ်ယူရရှိပြီး၊ ပန်းတနော်မြို့နယ်တွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု မရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့နယ်ရှိ Pusi Lay အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒါးပိန်တောင်ကျေးရွာအုပ်စု၊ သခွတ်ပင်ရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ “Pusi Lay အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်း”အမည်ဖြင့် Online  စနစ်ဖြင့်ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင်ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသောစာရင်း ကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဈေးဆိုင်များနှင့်ရပ်ကွက်အတွင်း ရောင်းချနေသောဆေးဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ စားသောက်ကုန်အမျိုးမျိုးရောင်းချသည့်ဆိုင်များ ဆေးဝါးအရောင်းဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်တောင်ပိုင်းခရိုင်)မှ ဦးဆောင်၍ ရှောင်  တခင် ကွင်းဆင်းစစ်ဆေးခြင်းအား အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လိုက်ပါ၍ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသီဟ(အစားအသောက်)နှင့် ဦးစီးအရာရှိ ဦးမင်းကိုလတ် ဆေးဝါးနှင့်အဖွဲ့ဝင် များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်စုံ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ PHS ဦးဝေယံစိုးဝင်း၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်စုစုနိုင်၊ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာန ခွဲစာရေး ဦးတင်ထွန်းဦးတိုသည် စားသောက်ကုန်များဖြစ်သော မုန့်ဟင်းခါးဖတ်၊ ညှပ်ဖတ်၊ နန်းကြီး၊ ခေါက်ဆွဲ၊ ပဲသွေး၊ ငရုပ်သီးစိမ်းမှုန့်၊ မျှစ်ချဉ်၊ မျှစ်ဝါ၊ ဂျင်းချဉ်၊ ဂျယ်လီမေမေ(နီ၊ဝါ)၊ ကြက် အူချောင်းတို့တွင် ဖော်မလင်နှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ရပ်ကွက်အတွင်းရောင်းချသော ဆေးဆိုင်များဖြစ်သော ထွန်းဝေဆေးဆိုင်၊ ရာပြည့်ဆေးဆိုင်၊ အေးမေတ္တာဆေးဆိုင်၊ သစ်ဆန်းဆေးဆိုင်၊ ဦးစံရွှေ+ဒေါ်တင်အိဆေးဆိုင်များ တွင် လိုင်စင်များရှိ/မရှိ စစ်ဆေးခဲ့ကြရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ အထက်ပါအတိုင်း ဆေးဝါးများ သက်တမ်းကျော်လွန်ရောင်းချခြင်းမပြုလုပ် ရန် FDA Reg ထောက်ခံချက်များ ပါဝင်ရှိသော ဆေးဝါးများကိုသာ ဝယ်ယူရောင်းချကြရန် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ် စားအုန်းဆီလက်လီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ဦးစီးမှူး အနေဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ၈.၁၀.၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ စားအုန်းဆီလက်လီကိုယ်စားလှယ် (၆)ဦး၏ ဆီဆိုင်သို့  သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

      မအူပင်မြို့နယ် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း ဥက္ကဌနှင့်  မိတ်ဖက်ဌာနများ ဖြစ်ကြသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ မအူပင်မြို့မဈေးအတွင်းရောင်းချတေသော စားအုန်းဆီလက်လီအရောင်းဆိုင် (၆)ဦးဆိုင်သို့ ဆီဆိုင်ဖြန့်ဖြူရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် စားအုန်းဆီလက်လီ ကိုယ်စားလှယ်များ ပြည်သူများကို ဆီရောင်းချရာတွင်  သတ်မှတ်ချက်နှင့် စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရျိမရှိ၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များက သတ်မှတ်ချက်များနှင့်အညီ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါ သည်။

DOCA (ဧရာဝတီ)

“ သုံးခွမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောစားသုံးဆီအမျိုးမျိုးတွင်ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းအား အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်း ကိုအခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြား ချက်အမှတ် (၁/၂၀၂၁)တို့အား ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

  ထို့နောက် စားသုံးဆီအမျိုးမျိုး ရောင်းချသောလုပ်ငန်းများအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် စားသုံးဆီအပါအဝင် အခြားကုန်စည်များကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင်ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း”

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချသောဆေးဆိုင်များသို့ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကလေး အာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးရှိ အောင်ဆေးဆိုင်၊ အမှတ်(၄) ရပ်ကွက် အောင်ဇေယျလမ်းရှိ စူပါဆေးဆိုင်၊ နေခြည်ဆေးဆိုင်၊ ကောင်းမွန်ဆေးဆိုင်နှင့် ဟောင် ကောင်ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

   

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးများ ၁၀/၂၀၂၅ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံးနှင့် ခရိုင်ရုံးဝန်ထမ်းများသည် ၁၀/၂၀၂၅ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၈-၁၀-၂၀၂၅ ရက်နေ့ နေ့လယ်  (၁၃:၀၀)နာရီအချိန်က Zoom Meeting ဖြင့် အစည်းအဝးပြုလုပ်ခဲ့ရာ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ၁၂ဦး နှင့် မြို့နယ်မှ ၅ဦးတက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာ ဧရာဝတီတိုင်း ဒေသကြီးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ဒေသန္တရာဆိုင်ရာ အကြီးအကဲများ ကွင်းဆင်းလေ့လာ ဆောင်ရွက်မှု များကို ခရိုင်အဆင့်ဆင့်မှ တာဝန်ရှိသူများက တာဝန်ကျေပျွန်စွာ ဆောင်ရွက်ပေးနိုင်ရန်၊ လုပ်ငန်းလိုအပ်ချက်များနှင့် ဆောင်ရွက်မှု အခြေအနေများကို ပြည်စုံမှန်ကန်စွာတင်ပြနိုင်ကြရန်၊ လိုအပ်တာများကို ကူညီဆောင်ရွက်ပေးနိုင်ရန်၊ မိမိတို့နယ်မြေဒေသနှင့် မိမိတို့ရုံးဝန်များကို ပွင့်လင်းရာ သီရောက်ရှိပြီဖြစ်၍ သန့်ရှင်သာယာလှပစေရေး စနစ်တကျဆောင်ရွက်ထားကြရန်၊ တိုင်းဒေသကြီး MSME ကုန်စည်ပြပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသော ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ဝန်ထမ်းများ အခမ်းအနားပွဲကို ယူနီဖောင်းများ ဆောင်ထားရန်၊ သတ်မှတ်ယူနီဖောင်းဝတ်ဆင်ကြရန်နှင့် ပြည်စုံစွာဝတ်ဆင်ကြရန်ကိုမှာကြားပြီး ခရိုင်များမှ အသီးသီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်မှုအခြေအနေများကို တင်ပြရန်ပြေကြားခဲ့သည်။

     ဆက်လက်၍ ခရိုင်အသီးသီးမှတင်ပြကြပြီး မအူပင်ခရိုင်မှ ခရိုင်ဦးစီးမှူးမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြရာ စက်တင်ဘာလ သတင်းရေးသာပါဝင်နှိုင်မှုအခြေအနေများ၊ လက်တစ်လော ဆန်/စပါးသိုလှောင်ရုံများ လက်ကျန်မြေပြင်ကွင်းဆင်းစစ် ဆေးခြင်းများပြု လုပ်ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းကူညီဆောင်ရွက်မှုအခြေအနေများ၊ စားအုန်းဆီထုတ်ယူခွင့် စာအုပ်များ ကျေးရွာနေ ပြည်သူများထံသိူ့ ရာခိုင်နှုန်းပြည့်ပေးပို့ဆောင်ရွက်ပြီးစီကြောင်းနှင့် ပြည်သူများမှ လိုအပ်ချက်များရှိပါက ဌာနသို့ ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဆီရောင်းချမှု အခက်အခဲမရှိစေရေး ၊ အငြင်းပွားမှုမရှိစေရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆီများကို အမှန်တကယ်လိုအပ်သော နေရာများသို့ု့ာ ဖြန့်ဖြူးပေးနိုင်ရန်၊  ဒေသတွင်းစပါးထွက်ရှိမှု အစိုဓာတ် ကွင်း ဈေးနှုန်းများ မြို့နယ်များအနေဖြင့် စုံစမ်းတင်ပြနိုင်ရန် ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို တင်ပြခဲ့သည်။

     တိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အနေဖြင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်း အသစ်များ ၁၀ဦးထက်မနည်း ခန့်ထားပေးနိုင်ရေးစီစဉ်ဆောင်ရွက်နိုင်ရန် နှင့် ဝန်ထမ်းများ ဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကို မှာကြားခဲ့ပြီး အစည်းအဝေးကို ၃နာရီခွဲအချိန်တွင် ရှုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

စုစံစက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ (၃)ဦး တို့သည်(၁၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀0)နာရီအချိန်တွင် မြေကွက်အမှတ် (၇/၄၁-B) အမှတ်(၃) လမ်းမကြီးဘေး၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်ရှိ စုစံ(အမှတ်-၃) စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စုစံ(အမှတ်-၃)စက်သုံးဆီဆိုင်မှ တာဝန်ခံ ဦးကျော်လွင်ဌေးမှ ပူးပေါင်းပါဝင်လျက် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော ဈေးနှုန်းများအား စားသုံးသူပြည်သူများ သိသာမြင်သာအောင် LED ဘုတ်ထောင်ထားကြောင်းတွေ့ရှိရပြီး စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (2730)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (2800)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (2505)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (3050)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ