
ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ပြုလုပ်သော အခြေခံမီးသတ်ပညာသင်တန်းအား ၆-၇-၂၀၂၆ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန် ညောင်ဦးမြို့ရှိ Aruem Palace Hotel Bagan ၌ကျင်းပပြုလုပ်ရာ ညောင်ဦးခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား Online Sale နှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Online Sale နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်း အဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ Online ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာ ချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင် သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရ မည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ ဖုန်းနံပါတ်များအား အသိပညာပေးဆွေးနွေး ခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သင်တန်းသားများ အားလုံး စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
DOCa(မန္တလေး)
