
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်၍ ဇူလိုင်လ( ၆ )ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ပွဲတော်အုပ်” လက်ဖက်နှင့်အကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
အဆိုပါ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးရာတွင် လက်ထောက်ညွှန်ကြားရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၀) ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စီးပွားရေးလုပ်ငန်းရှင်က အာမခံချက် ပေးရမည့်အချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)ပုဒ်မ ၄၁အရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပြီး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်း ရရှိပါ သည်။
DOCA(စစ်ကိုင်း)
