သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကြံခင်းမြို့နယ် Online စနစ်ဖြင့်ရောင်းချသူလုပ်ငန်းရှင်အား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၁၉) ရက် နေ့ နေလယ် (၁၄:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ သခွတ်တန်း၊ ဘက်ရဲ အမှတ်.၁နယ်မြေရှိ Thuya Ya ငါးမျှားပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနေအိမ်၌ Online ရောင်းချသူ ကိုသူရထွန်းနှင့်တွေ့ဆုံကာ Online ရောင်းချမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ Online စနစ်ဖြင့် ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်း ဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ် ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ  စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြမှု တို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် ကိုသူရထွန်းနှင့်တွေ့ဆုံ၍ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁၁/၂၀၂၅)အား ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၁.၁၀.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၂၀)ဦး ကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေး ကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပထမဦးစွာ စားသုံးသူရေးရာဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများအမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စပါးအရည်အသွေးအလိုက် စစ်ဆေးမှု၊ ဆန်ထွက်နှင့် ဆန်အရည်အသွေးထိခိုက်မှု အခြေအနေတို့အား အသေးစိတ်ရှင်းလင်း ဆွေး နွေးခဲ့ပါသည်။ ဆွေးနွေးပို့ချချက်များ အပြီးတွင် သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်း အစီအစဉ်ကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဇလွန်မြို့ “ဓနသိဒ္ဒိ”ဆန်စက်သို့ ဆန်စပါးလက်ကျန်စာရင်း ကောက်ယူနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၇.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၃၀)အချိန်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ဓနသိဒ္ဒိ”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန် စပါး အွန်လိုင်း(MyRo)တွင် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့် သွင်းနိုင် ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စက်၌ စပါးဝယ်ယူနေမှုအပေါ် စပါးအမျိုးအစားအလိုက်ဝယ်ယူနေမှု ကွင်းစျေး၊ စက်အရောက် စျေး၊ အစိုဓာတ်အပေါ်အလေးချိန်ယူမှု၊ ဝယ်လိုအား၊ ဆန်ကြိတ်ခွဲမှု ရောင်းလိုအား၊ ဆန်စျေးကွက်၊ စပါး/ဆန်လက်ကျန်အခြေအနေများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆန်စပါး လက်ကျန်အခြေအနေများ အား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ဇလွန်မြို့မဈေးအတွင်းရှိ ဗူးသွပ်ဆီအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် ဇလွန်မြို့ လမ်းမတော်(မ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း မြို့မစည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ဗူးသွပ်ဆီအမျိုးမျိုးအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက် ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များအကြောင်း၊ တားမြစ်ချက်များ စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံ ဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk  အစီအစဉ် ကျင်းပဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင်  စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၂၀)ဦးတက်ရောက်ခဲ့ပြီး Online Virtual စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အသိပညာများအမြဲမပြတ် ကြိုးစားသင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များ အပြင် အခြား ဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်းသိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်  လိုအပ်ကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာမှ စားသုံးသူကာကွယ်ရေးဥပဒေအရ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ရွှေဘိုခရိုင် (၁၁/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်အားတွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၃.၁၁.၂၀၂၅) ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်၊ (၅.၁၁.၂၀၂၅)ရက်နေ့တွင် ဆန်ရွေးစက်လုပ်ငန်းရှင်၊ (၁၃.၁၁.၂၀၂၅) ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်၊ (၂၀.၁၁.၂၀၂၅)ရက်နေ့တွင် မုန့်လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊  အမိန့်၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကြံခင်းမြို့ ပန်းရံစုရွာ၊ တလိုင်းကွင်းအုပ်စုရှိ ပြည်သူများအား စားအုန်းဆီဖြန့်ဝေရောင်းချမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကြံခင်းမြို့ ပန်းရံစုရွာ၊ တလိုင်းကွင်းအုပ်စုရှိ ပြည်သူများအား စားအုန်းဆီ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်း စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

     ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကြံခင်းမြို့နယ်၊ ပန်းရံစုရွာ၊ တလိုင်းကွင်းအုပ်စုရှိ အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည် ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဆီဝယ်စာအုပ်ဖြင့်ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်း မှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်     အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည် အိမ်မဲမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ (၂၁.၁၁.၂၀၂၅)ရက်နေ့  ညနေ(၁၅:၀၀) နာရီက ကုန်မျိုးစုံလုပ်ငန်းရှင်များ အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့် ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်း၊ အခန်း(၁၄) ပုဒ်မ(၂၇)ပါဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြော ဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာသစ် အထက ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ်၊ ရွာသစ်အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများလွန်ကဲစွာပါဝင်နေခြင်း၊ သက်တမ်း လွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ ထို့နောက်ကျောင်းမုန့်ဈေး တန်းစားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များအား သွားရောက်စစ်ဆေးခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ ကျောင်းသားကျောင်းသူ (၁၅၀)ဦး၊ ဌာနဆိုင်ရာ(၃)ဦး စုစုပေါင်း(၁၅၃)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အလှကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၂၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အလှကုန် ရောင်းချသည့် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အလှကုန်ရောင်းချသည့် လုပ်ငန်းရှင် များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်း ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန်  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး    Online  Sale  မှတ်ပုံတင် လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ အလှကုန် ရောင်းချသည့်လုပ်ငန်းရှင်များမှ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းအား အသေးစိတ်သိရှိလိုပါက www.eComreg.gov.mm  website  မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ ပါသည်၊ ဆွေးနွေးပွဲသို့  လုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ