မြန်အောင်မြို့ လမ်းဘေးဝဲယာရှိ စားသောက်ကုန် ဈေးဆိုင်များအား  သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂--၂၀၂၆) ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်မှစ၍ မြန်အောင်မြို့နယ် အတွင်းရှိ လမ်းဘေးဝဲယာဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင်ပါဝင်မူ ရှိ/မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/မရှိနှင့် မိမိတို့စျေးဆိုင် ဝန်းကျင်တွင် သန့်ရှင်းမှုရှိ/ မရှိ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်အတွင်းရှိ လမ်းဘေးဈေးဆိုင် များတွင် ရောင်းချသော အစားအသောက်များ၊ အသုပ်စုံအရောင်းဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များနှင့် ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန် ကုန်စည်များ ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး မိုးရာသီကာလ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရန် ဈေးဆိုင် များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ သန့်ရှင်းမှုရှိစေရေး၊ ဓာတုဆိုးဆေးများပါသော အစား အသောက်များ မရောင်းချရန်နှင့် မိမိတို့စျေးဆိုင်ဝန်းကျင်တွင်သန့်ရှင်းမှုရှိစေရန် အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ‌ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)