သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်”

      သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းလာစေရန် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့ နယ်တွင် အောက်တိုဘာလ(၁)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ထုတ်ပိုးရောင်းချလျက်ရှိသော ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အန္တရာယ်လျော့ နည်းလာစေရေး၊ ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့အား အလွန်အကျွံ သုံးစွဲခြင်းများ လျော့ချနိုင် ရေးတို့အတွက် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးရောင်းသူများနှင့် ဈေးဝယ်လာ စားသုံးသူပြည်သူများ အား ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သော ဒေသထွက် ကြာဖတ်၊ ဌက်ပျောဖတ်၊ အင်ဖတ် နှင့် စက္ကူအိတ်များဖြင့်သာ ထုတ်ပိုးရောင်းချကြရန်နှင့် ဈေးဝယ်လာသူများ အနေဖြင့်လည်း လက်ဆွဲခြင်း၊ ချိုင့်များ ယူဆောင်၍ ဝယ်ယူကြရန် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေး အလေးထား ဆောင်ရွက်ကြရန်၊ ပလတ်စတစ်ပစ္စည်း အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် စားသုံးသူပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် သန့်ရှင်းလတ်ဆက်သော အသီးအရွက်၊ အသား၊ ငါးများကိုသာ ဝယ် ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ MPT( Fiber net) နှင့် ATOM (Fiber net ) သို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ MPT (Fiber net) နှင့် ATOM (Fiber net) သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေး ပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ ကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီသော ကွန် ယက်ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ ကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တရုတ်နိုင်ငံသို့ ပြောင်းဆံ တင်ပို့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှုး ဦးအောင်ဇော်၊ ညောင်တုန်းမြို့နယ် ဦးစီးမှုး ဦးအောင်လွင်နှင့် အဖွဲ့ဝင်များသည် (၂၆..၂၀၂) နေ့တွင် ညောင်တုန်းမြို့နယ်ရှိ Northen Mann Loi Co.Ltd ရှိပြောင်းဆံများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တင်ပိုနိုင်မှုအခြေအနေများ၊ ယခုနှစ် ပြောင်းတင်ပို့ရန် ဆောင်ရွက်ထားရှိမှု၊  သိုလှောင်ထားရှိမှုအခြေအနေများ၊  အခြောက်ခံမှုနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံ၏ GACC သတ်မှတ်အရေအသွေး စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်းချနိုင်ရေး၊ ၂၀၂၅ခုနှစ် စက်တင်ဘာလအထိ ပြောင်းတင်ပိုရန် ဆောင်ရွက်နိုင်မှုအခြေအနေ၊ ယခုရာသီတွင် ပြောင်းတင်ပို့ရန် စီစစဉ်ဆောင်ရွက်မှုအခြေအနေတို့ကို ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ လမ်းမတော်(မ)ရပ်ကွက်ရှိ ပြည်သူများအား ဆီစာအုပ်ဖြင့် ရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၃၀.၉.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ဇလွန်မြို့ လမ်းမ တော်(မ)ရပ်ကွက်အတွင်းရှိ ခွဲတမ်းရ စားသုံးဆီအရောင်းဆိုင် များအား သတ်မှတ်ရည်ညွှန်း ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အိမ်ထောင်စုများ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချနေမှုများ အား ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေး ရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချ ရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရ သည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စု မြစ်ကျိုးရွာရှိ ခွဲတမ်းရ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁.၁၀.၂၀၂၅) ရက်နေ့ ၊နံနက်(၉:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍  လေးမျက်နှာမြို့ ကညင် သောင်အုပ်စု မြစ်ကျိုးရွာရှိ စားအုန်းဆီ လက်လီ၊ လက္ကား အရောင်းဆိုင်များအား  ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များ ဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လေးမျက်နှာမြို့နယ်အတွင်းရှိ  လက်လီကုန်စုံဆိုင် များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ  ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ် မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ် လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းစားသုံးဆီအမျိုးမျိုးအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားအုန်းဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်းများကို အောက်တိုဘာလ(၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်း မြို့နယ် မြို့မဈေးအတွင်းရောင်းချသော ဦးတင်ဦး ကုန်မျိုးစုံရောင်းဝယ်ရေး၊ ဒေါ်ရီရီသန်း ကုန်စုံ ဆိုင်၊ ဦးစန်းဌေး ကုန်စုံဆိုင်တို့မှ Meizan (ဟင်းသီးဟင်းရွက်ဆီ အဆင့်မြင့်စားအုန်းဆီ)၊ Duck (ဘဲလေးဟင်းသီးဟင်းရွက်ဆီ)(အဆင့်မြင့်စားသန့်စင်ထားသောစားအုန်းဆီ)၊ရွှေပဲဆီသန့်(အာမခံမြေပဲဆီစစ်စစ်)၊  Meizan (မေဇင်ရာနှုန်းပြည့်သဘာဝမြေပဲဆီစစ်စစ်)၊ အမေထွား (သဘာဝ မြေပဲဆီ)၊ HASU (ဟင်းသီးဟင်းရွက်ဆီစားအုန်းဆီ)တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ကြသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ များ နေ့စဉ်စားသုံးနေရသော အခြေခံစားသောက်ကုန်များတွင် ချက်ပြုတ်ကြော်လှော်ရာ၌ မရှိ မဖြစ် နေ့စဉ်သုံးစွဲရသော စားအုန်းဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရန် လိုအပ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တွင် ပါရှိသော အချက်အလက်များနှင့် ပြည့်စုံမှသာ ဝယ်ယူတင်သွင်းရောင်းချရမည်ဖြစ်ကြောင်း ရောင်းချသော လုပ်ငန်းရှင်များသို့ တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ကွမ်းခြံကုန်းမြို့နယ်အတွင်းရောင်းချသောစားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြုံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ရန် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာရေး အဖွဲ့ဈေးတာဝန်ခံ ဦးထွန်းထွန်း၊ အခွန်ကောက်စာရေး ဦးသန့်ဇင်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန မှ ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ် ကွက်အတွင်းရောင်းချသော ဦးဟိန်းသော်ဇင်ဦး (လက်လီလက်ကား)အရောင်းဆိုင်၊ ဦးခင်မောင် အေး (လက်လီ)အရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက်မှ ဦးကျော်လွင် (လက်လီ)အရောင်းဆိုင်၊ ဦးရဲဝင်းဟိန်း (လက်လီ)အရောင်းဆိုင်၊ မြို့မရပ်ကွက်မှ ဦးဟိန်းမင်းလတ်(လက်လီ)အရောင်းဆိုင်၊ ဦးကျော်သူရအောင်(လက်လီ)အရောင်းဆိုင်၊ ဒေါ်မြသီတာကျော်(လက်လီ)ဆိုင်များနှင့် မြို့မဈေး အတွင်းရောင်းချသော ဒေါ်လဲ့လဲ့သင်း (လက်လီ)ဆိုင်၊ ဒေါ်မျိုးသူဇာထွန်း (လက်လီ)အရောင်းဆိုင် ဦးစန်းဌေး (လက်လီ)အရောင်းဆိုင်၊ ဦးမြင့်မင်းသူ (လက်လီ)အရောင်းဆိုင်များသို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ ခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီ၊ လက်ကားဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချ နေသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

     ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဦးတင်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးများကို ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂%အမြတ်နှင့် သယ်ယူခ၊ လုပ်သားခများကို ထည့်သွင်းတွက်ချက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် ရောင်းချသည့် လက်လီလက်ကားကိုယ်စားလှယ် လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းနှင့် အခြေခံစားသောက်ကုန်စည်များ ကုန်ဈေးနှုန်းတည်ငြိမ်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

   ၁-၁၀-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းနှင့် အခြေခံစားသောက်ကုန်စည်များ ကုန်ဈေးနှုန်း တည်ငြိမ်မှု ရှိမရှိ ကုန်ဈေးနှုန်း မြင့်တက်မှု မရှိစေရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးက ဦးအောင်ကျော်သက် နှင့် ပူးပေါင်းအဖွဲ့က အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်များရှိ ကုန်စုံဆိုင်မှ ရောင်းချသော အခြေခံစာသောက်ကုန်ဈေးနှုန်းများကို မေးမြန်းစာရင်းကောက်ယူခြင်း၊  ကုန်စည် ဈေးနှုန်းများ ပုံမှန် တည်ငြိမ်လျှက်ရှိကြောင်းနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများရောင်းချရာတွင် ဆိုင်ရှင်များကို သင့်တင့်မျှတသောဈေးဖြင့်သာ ရောင်းချရန် ဈေးကစားခြင်းမပြုရန် အသိပေးပြောကြားခဲ့ပြီး ပန်းတနော်တွင် ရောက်ချနေသော အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်း ဘိလပ်မြေ ရန်ကုန်မှ မှာယူရ ခက်ခဲ့ ကြောင်း ပစ္စည်းပြတ်လပ်မှုများရှိကြောင်း သိရှိရပြီး ပစ္စည်းများ သိုလှောင်ထားခြင်း မရှိကြောင်း အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းပုံမှန်ဖြင့်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီအမျိုးမျိုးအား ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရပ်ကွက်နှင့် ရပ်ကွက် အတွင်း ကုန်မျိုးစုံဆိုင်များ၌  အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီးဗူးများတွင်  ကုန်အညွှန်း အမှတ် အသားပြည့်စုံမှုရှိ/မရှိနှင့် ထောက်ခံချက် အမှတ်ပါဝင်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တို့နှင့်ပူးပေါင်း၍ (-၁၀-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေး ခြင်းများ ဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများက မြသီတာ ကုန်စုံဆိုင် ဦးရသီဟ ၊ ဒေါ်လှလှမွန်ကုန်စုံဆိုင်၊ ရွှေမိုးကုန်စုံဆိုင် ဦးမြအောင် ကုန်စုံဆိုင်ကို စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန် စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိပြီး ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံ ချက်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပင်ယင်းဝယ်ယူရသော ဈေးနှုန်းများ ဖြတ်ပိုင်များ သေခြာစွာ သိမ်းဆည်းထားရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုရန် အထူးဂရုပြရောင်းချရန်၊ သင်တင့်မျှတသော ဈေးဖြင့် ရောင်းချနိုင်ရေးကို အသိပေး ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၃.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဗားကရာဆိပ်ကမ်းနှင့် ထူးဆိပ်ကမ်းအား အကောက် ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ