သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

       မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်ဆီအသင်းတာဝန်ခံ တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ရှိ စံပြ၊ မကျီးစောက်၊ ကောင်းပင်စည်ကျေးရွာ များရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးရာတွင် မှန်(၆)နှင့် အညီရောင်းချမှုရှိစေရေး ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

          နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူ စားသုံးနိုင်ရန်ထုတ်ပေးသော စားအုန်းဆီများကို စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ရောင်းချ ရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းရောင်းချမှုရှိစေရေး၊ စားအုန်း ဆီများဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင်သာစေရန် ရောင်းချသည့်နေ့ရက်နှင့် ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍  ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာ ရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကိုသာရောင်းချမှုရှိစေရေးနှင့် အဆိုပါစားအုန်း ဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့ အတွက် ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီရောင်းချပေးနေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက် ကြီးကြပ်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် 

DOCA(မန္တလေး)

 

         

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

                       ၂၀၂၆ ခုနစ်၊ ဇွန်လ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေးနှင့် MSME စက်မှုလုပ်ငန်း သုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးရှိဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများ တွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစား တွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိ ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက်စားအုန်းဆီများကိုလည်း ကွင်းဆင်း စိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာ များ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၂) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို နံနက် ၁၀:၄၅  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၁၅-၆-၂၀၂၆ ရက်နေ့(၁၁:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ပရိဘောဂပစ္စည်းအမျိုးမျိုး    ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် ဦးဝင်းသိန်းဦး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ (၂)၊ပုဒ်မခွဲ(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ  ကုန်စည်ကို ထုတ်လုပ်ခြင်း၊  ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊  သယ်ယူပို့ဆောင်ခြင်း၊  ရောင်းချခြင်း၊  ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်း သို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေး ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေခြင်း ကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း   ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဥ်း ၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ကတိပြုထား သော အာမခံချက်နှင့်  ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း စသည့်အချက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)                           

မြို့နယ်တွင်း ပုဂ္ဂလိကဆေးခန်းများအား ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၉.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ညောင်တုန်းမြို့နယ်အတွင်း ပုဂ္ဂလိကဆေးခန်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသတ်မှတ်ချက်နှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရေး ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိပုဂ္ဂလိက အထူးကုဆေးရုံနှင့် ဆေးခန်းများသို့ ကွင်းဆင်း၍ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းများ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူအားဝန်ဆောင်မှုပေးရာတွင် ထင်ယောင်ထင်မှားမဖြစ်စေရေး၊ ဆေးဝါးများအား သတ်မှတ်အပူချိန်တွင် ထားရှိစေရေး၊ ထိန်းချုပ်ဆေးဝါး ထားရှိသော ပုဂ္ဂလိကအထူးကု ဆေးရုံများတွင် သတ်မှတ်အအေးခန်းတွင် သီးခြားထားရှိ၍ နေ့စဉ်မှတ်တမ်းထားရှိစေခြင်း၊ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းဖွင့်လှစ်ခွင့် လိုင်စင်မှတ်တမ်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ အခန်းအပူချိန်တိုင်း ကိရိယာများထားရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သုံးစွဲလျက်ရှိသော ဆေးဝါးများအား မှတ်တမ်းထားရှိ၍ သက်တမ်းကုန်ဆုံးမည့် ရက်စွဲများအား အမြဲတစေ စစ်ဆေးသုံးစွဲစေခြင်း၊ မြန်မာနိုင်ငံဆေးဝါးထောက်ခံချက် အမှတ်ပါရှိသော ဆေးဝါးများသာ သုံးစွဲစေရန်၊ ဆေးရုံဆေးခန်းအတွင်းအပြင် နေရာစုံ၌ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁)ပုဒ်မ(ဇ)ပါ ထင်ယောင်ထင်မှားဖြစ်စေသည့် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျည်းသည့် သဘာဝအရည် အသွေးကိုဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသလက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကိုဖြစ်စေ စားသုံးသူကိုလွဲမှား ယူဆမှုဖြစ်စေသော အပြုအမူအပြောအဆိုများ မပြုလုပ်ရန်၊ ရရှိနိုင်သော ဝန်ဆောင်မှုဆိုင်ရာများအား စားသုံးသူများကို တိကျသေချာရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ကြရန်၊ မိမိတို့ကြော်ငြာထားသည်နှင့် ကိုက်ညီသောဝန်ဆောင်မှုများ ပေးဆောင်ရန် စသည်တို့ကို စစ်ဆေးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၆ခုနှစ်၊ မေလအတွင်း ပခုက္ကူခရိုင်၏  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံး သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များ နှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသောစစ်ဆေးရေးအရာရှိများကဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါ သည်။

     ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလအတွင်း အသင့်စားမုန့် အမျိုးမျိုးအား ဦးစားပေး ကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထား ခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်၊ စတိုးဆိုင် များတွင် (၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်းရပ်ကွက်ရှိ စတိုးဆိုင်တွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် (၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်၊ ဈေးကွက်မရောက်မီ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက် ခြင်းအား ပခုက္ကူမြို့မှ (၁)ကြိမ်၊ ဆိပ်ဖြူမြို့မှ (၁)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် ဆေးဝါး၊ စားသုံးဆီနှင့် စက်သုံးဆီ များအား သတ်မှတ်ရည်ညွှန်းဈေးနှင့်အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက် ကွင်းဆင်းခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

   ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်းအရာများကို အသိပညာပေးခြင်း၊ မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်စေရန်တို့ကို အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်မှ မိဘပြည်သူများအား အွန်လိုင်းမှတ်ပုံရန် အသိ ပညာပေးခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအနေအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက် ရောင်းချသည့် လုပ်ငန်းရှင်များအား   အသိ ပညာပေးဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦး စီးမှူး၏ ကြီးကြပ်မှူဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာန ခွဲတာဝန်ခံနှင့် ဝန်ထမ်း တို့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောဆေးနှင့် ဆေးဝါး များကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ အား ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိနှင့် တရားဝင်တင်သွင်းထားသော ဆေးဝါးများကိုသာ ရောင်းချသွားရန် သက်ဆိုင်ရာအစိုးရဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သက်တမ်း လွန်ဆေးဝါးများ ရောင်းချခြင်း မရှိသည်ကိုစစ်ဆေး တွေ့ရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းဖြင့် အဝတ်အထည်ရောင်းချသည့် လုပ်ငန်းရှင်အား အသိပညာပေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက် သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံ လိုအပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများအား သိရှိစေ ရန် ရည်ရွယ်၍(..၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး အွန်လိုင်းဖြင့် အဝတ်အထည်များ ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက အွန်လိုင်းဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များအနေ ဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်း မရှိလျှင် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ အွန်လိုင်းမှတ်ပုံ တင်ထားခြင်းဖြင့် အွန်လိုင်းရောင်းချနေသော လုပ်ငန်းများမှ အဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်း များစသည့် ကုန်စည်အမျိုးမျိုးကို စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင်ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ် မှတ်ပုံတင် လျှောက်ထားရန်အတွက် မှတ်ပုံတင်ရမည့် အချက်အလက်များ၊ မှတ်ပုံတင်ရမည့် website နှင့် အွန်လိုင်း မှတ်ပုံတင် လက်မှတ်ရရှိသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ အခြား သိကောင်း စရာများ၊ လိုအပ်  သည်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးဆီအမျိုးမျိုး ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားသုံးသူ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော စားသုံးဆီ များ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့၌ စားသုံး ဆီ အမျိုးမျိုး ရောင်းချသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့သွားရောက်၍ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးနှင့် ပတ် သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(/၂၀၁၉) ကုန်စည် အုပ်စု()ခုတွင် ပါရှိရမည့်အချက်အလက်များ ပြည်စုံစွာဖော်ပြထားမှု ရှိ/မရှိ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(/၂၀၂၁)နှင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်အမှတ်(/၂၀၂၄)တို့နှင့် ကိုက်ညီမှုရှိ/မရှိ၊  ထိုညွှန်ကြားချက် များအား လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက် နိုင်ရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးဆီလုပ်ငန်းရှင်များသို့ အသိပညာပေးခြင်းတို့ကို ဆောင် ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ကွင်းဆင်း စစ်ဆေးမှု အရ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပါအချက်အလက် ပြည့်စုံစွာဖော်ပြသည်ကိုလည်း တွေ့ရှိရပါသည်။

DOCA(မကွေး)

 

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအား သိစေဖို့ Talk Show ပြုလုပ်စို့

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ပပရွှေသည် (၂.၆၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအား Talk Show ဖြင့် အသိပညာ‌ပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အသိပညာပေးဆွေးနွေးရာတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအား ၂၀၁၂ခုနှစ်၊ ပြည်‌ထောင်စုလွှတ်တော်အမှတ် (၁၃)၊ ၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၈) ရက် (၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်) နေ့တွင် ဤဥပဒေကို ပြဌာန်းလိုက်ကြောင်း၊ မျှော်မှန်းချက်သည် စားသုံးသူများ အသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရမည်ဖြစ်ကြောင်း၊ ရည်ရွယ် ချက်မှာ နိုင်ငံသား၏  အကျိုးစီးပွားကို အထောက်အကူပြုမည့် ကုန်စည်များနှင့်ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့်ဝန်ဆောင်မှုများကို ကန့်သတ်တား ဆီးရန်၊ ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်း မှုနှင့်ပြည်ပသို့ တင်ပို့မှုတို့ကို တားဆီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုးနှင့် တိရစ္ဆာန်တစ်မျိုးမျိူးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်တို့နှင့် စပ်လျဉ်း၍ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ခိုင်းစေမှု၊ မွေးမြူမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊  လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ ဝန်ဆောင်မှုတစ်မျိုးမျိုးကို အရေးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်း ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပုဒ်မ(၄)အရ ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ် မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့် ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်း နိုင်ကြောင်း အသိပညာပေးခဲ့ပါသည်။

          ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်း များ၊ ဝါသီးနှံနှင့်ဝါဂွမ်း၊ ဆင့်ပွားဈေးကွက်ဖြန့်ချီရေးလုပ်ငန်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်များအား ထုတ်ပြန်ခဲ့ ကြောင်း၊ ပြစ်မှုပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၅ )တွင် ပုဒ်မ (၄) အရ ထုတ်ပြန်ထားသော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်မည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၆) အရ တရားရုံးသည် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးစေရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန်ဖြစ်စေ၊ အခြားနည်းစီမံခန့်ခွဲစေရန် ဖြစ်စေ အမိန့်ချမှတ်နိုင်ကြောင်း၊ ပုဒ်မ (၇) အရ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများ အဖြစ် သတ်မှတ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့၊  ကြယ်စင်စုစာကျက်ဝိုင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်တာဝန်ခံတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို (..၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သရက်မြို့၊ ပြည်တော်အေး ရပ်ကွက်()လမ်းရှိ ကြယ်စင်စုစာကျက်ဝိုင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဦးကြည်ဆွေဦး(စာကျက်ဝိုင်းတာဝန်ခံဆရာကြီး)မှ အဖွင့်မိတ်ဆက် စကားပြောကြားပြီး ဒေါ်နွဲ့ယဉ်ဝင်း(ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန စတင်ဖြစ်ပေါ်လာပုံ အကျဉ်း နှင့် မိမိတို့ဌာနသည် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)အရ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါ ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          ထို့နောက်ဒေါ်ရီရီထွေး(ဒုတိယဦးစီးမှူး)မှ ကုန်အညွှန်း အမှတ်အသားများအကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉၊အခန်း၂၃)အရ တားမြစ်ထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှု များအကြောင်းနှင့် စားသုံးသူ မိဘပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသ ကြီးဦးစီးမှူးရုံး၊ ခရိုင်တာဝန်ခံ ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ ( CICC )ရုံး များထားရှိပြီး လာရောက်တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့် စားသုံးသူ ရေးရာဦးစီးဌာန၏ (Website) တစ်ခုဖြစ်သော WWW.doca.gov.mmတို့တွင် ဝင်ရောက် လေ့လာ တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး  ကျောင်းသား/ကျောင်းသူ Grade (11)နှင့် Grade(12) (၈၅)ဦး၊ ဆရာ/ဆရာမ(၂)ဦးတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ