သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ်ရှိ “ဇော်”စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစိစစ်ခြင်း

     ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဒေါ်နိုင်နိုင်မော် ပိုင်ဆိုင်သော “ဇော်” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

    ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဦးရဲနိုင် ပိုင်ဆိုင်သော “သာမညဖြိုး” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်တွင် အများပြည်သူများ သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဆန်ရောင်းချပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ဆန်စပါး ကုန်သည် အသင်း၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဆန်စပါးကုန်သည်အသင်းရုံး၌ အများပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်  ဝယ်ယူစားသုံး နိုင်ရေးအတွက် ပေါ်ဆန်းဆန် (၁) ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်ရောင်းချမှုအနေဖြင့် ပေါ်ဆန်းဆန်(၁၀) အိတ်၊ ဧည့်မထဆန် (၁၀) အိတ် အား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

     ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကဇောင်း”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

    အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကဇောင်း” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ကဇောင်း”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ချောင်းတွင်း”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

      ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ချောင်းတွင်း”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

    အဆိုပါတွေ့ဆုံပြောကြားရာတွင် “ချောင်းတွင်း” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ချောင်းတွင်း”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)မှစ၍ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိအား မအူပင်မြို့နယ် လျှပ်စစ် ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် မြန်မာလို ကုန်အညွှန်းအမှတ်အသားများကို သိသာထင်ရှားစွာဖော်ပြထားကြောင်း တွေ့ရှိရပြီး မိမိတို့ ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသောကုန်ပစ္စည်းများ မရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ယခုကဲသို့ စစ်ဆေးမှုကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ကျားပဲမုန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဘုရားလမ်းဒေါင့်ရှိ  ကျားပဲမုန့်လုပ်ငန်းရှင်  ၏ ပဲမုန့်လုပ်ငန်းအား  ဒေါ်ခိုင်ခိုင်လင်း၊နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့်အတူ (၂၂.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်  (၁၅:၀၀) နာရီ အချိန်တွင်  ဈေးကွက်မရောက်မီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

    စစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးက ဈေးကွက်မရောက်မီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းခြင်း၊ ထုတ်လုပ်သည့် ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု ကုန်စည်ဖော်ပြချက် အမှတ်တံဆိပ်များကို ကြည်ရှု စစ်ဆေးခြင်း၊ ရောင်းချမည် မုန့်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှု အခြေအနေများကို ဆွေးနွေးခြင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက လုပ်ငန်းလိုင်စင်စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဌာန၏ လမ်းညွှန်းချက်များအကြောင်းကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်အား အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အနေဖြင့် စားသုံးသူအခွင့်အရေး များ အပြည့်အဝရရှိစေရန်၊ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် မအူပင်မြို့နယ် စားသောက်ုန်ထုတ်လုပ်ငန်းဖြစ်သည့် MKK ပဲမုန့်လုပ်ငန်းရှင်အား ၂၂.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မအူပင်မြို့နယ် မင်းလမ်းရှိ လုပ်ငန်းပိုင်ရှင်အား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ‌ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူး က လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့် တာဝန်များ၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များသိရှိစေရန်အတွက် ရောင်းချသည့်စားသောက်ဖွယ်ရာများ၏  အမျိုးအစား၊ အရွယ်အစားများတွင် ဈေးနှုန်းအားဖော်ပြထားရန်နှင့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အသားတင်းပမာဏ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊များကို ဖော်ပြထားခြင်းကို စစ်ဆေးခြင်း၊ စားသုံးသူများ ဝယ်ယူခြင်းမပြုမီ ကုန်စည်တန်ဖိုးကို  ကြိုတင်အသိပေးသွားရန်၊စားသုံးသူကာကွယ်ရေးဥပ‌ဒေပါစီးပွား‌ရေးလုပ်ငန်းရှင်သည် စားသုံးသူ အပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့်ဖော်ပြရမည့် အာမခံချက်များကိုလိုက်နာ ဆောင်ရွက်သွား ရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များ အကြောင်း အသိပညာ ပေးဆွေး နွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စားအုန်းဆီအရောင်းဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် စစ်ကိုင်းခရိုင် စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution  ကုမ္ပဏီမှ ခွဲတမ်းရရှိသော စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ  စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၇၆၀ဝိ/-) ဖြင့်စစ်ကိုင်းဆီဆိုင်မှ ဒါးဝယ်ဈေးရပ်ကွက်နှင့် လင်းလင်းဆီဆိုင်မှ ဆွမ်းချက်၊ စီတီးနှင့် ပုဂံရပ်ကွက်များသို့ စာအုပ်စနစ်ဖြင့်  ရောင်းချကြောင်း၊ နေ့အလိုက် သတ်မှတ်ပေးထားသော ဗီနိုင်းလ်များနှင့် မှန်(၆)မှန်(စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်) ဗီနိုင်းများချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ထားသောရည်ညွှန်းဈေးထက် ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီးဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များချိတ်ဆွဲ၍ ရောင်းချမည့်ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်တွင် ကော်ဖီမစ်အမျိုးမျိုးနှင့် အသင့်စား ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ဈေးဆိုင်များ၌ အသင့်သောက် ကော်ဖီနှင့် လက်ဖက်ရည်ထုတ်များ၊ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်း ရှင်းစေရန်ရည်ရွယ်၍ (၂၂-၁၁-၂၀၂၅) နေ့၊နံနက် ၉ နာရီ အချိန်က ညောင်တုန်းမြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ရပ်ကွက် အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန် ပစ္စည်းများ၊  စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ကြပြီး အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန် များ တွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထား သိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး အလှကုန်များတွင် သတ်မှတ် ချက်နှင့် အညီ ဖော်ပြချက်များ ကိုက်ညီမှုရှိမရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောနှောရောင်းချခြင်း ရှိမရှိကိုစစ်ဆေးခဲ့ပြီး စတိုးနှင့် ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ