
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲမှ ဝန်ထမ်းများသည် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်ရှိ K-Mark စတိုးဆိုင်သို့ ၁၇.၉. ၂၀၂၆ရက်နေ့ နံနက် ၁၁း၀၀ နာရီ အချိန်ခန့်တွင် ထောပတ်ကိတ်၊ ပလိန်းကကိတ်၊ ငှက်ပျော ကိတ်နှင့် နို့စိမ်းကိတ်များပေါ်တွင် ကပ်နှိပ်ထားသော ကုန်ညွှန်းအမှတ်အသားများသည် မြန်မာ ဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိ၊ ညွှန်ကြားချက် ၂/၂၀၁၉ နှင့် ကိုက်ညီမှု့ ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)
