သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ် ဆီလုပ်ငန်းရှင်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျဆောင်ရွက်ရေး အသိပညာပေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ရုံးဝန်းအတွင်း ညောင်တုန်းမြို့နယ် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ ၊နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်တွေ့ဆုံ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး  ဒေါ်ချိုမီဇင် က ဦးဆောင်၍ ဆီလုပ်ငန်းရှင် (၇) ဦးအား စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊  စားအုန်းဆီများကို ဆီထုတ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျရောင်းချရန်၊ ပြင်ပမှ ဝယ်ယူရရှိသည့် စားအုန်းဆီများကို ရောင်းချခြင်းမပြုရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချခြင်း မပြုရန် ၊ စားသုံးသူပြည်သူများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပြေပြစ်စွာ ဝန်ဆောင်မှုပေးရန်၊ ဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်သည့် စာရင်းမှတ်တမ်းများကို မှန်ကန်စွာ ထားရှိရန်နှင့် သက်ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်၊ စားသုံးသူများအတွက် စားအုန်းဆီ လုံလောက်စွာရရှိစေရန်နှင့် စနစ်တကျဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများ အစိုးရမှ ခွဲတမ်းချထားပေးသောဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် အခြင်အတွယ် မှန်ကန်စေရန် လမ်းညွှန်ချက်များကိုလည်းကောင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ခြင်း၊ အလေးချိန် မပြည့်မဝ‌ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်၍ ဆီများကို သိုလှောင်ထားခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနများမှ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြင်းထန်စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် ဓာတ်မြေဩဇာအရောင်းဆိုင်အား ပူးပေါင်းကွင်းဆင်းစစ်ဆေး

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် တောင်သူများ စိုက်ပျိုး ရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ဓါတ်မြေဩဇာ အရောင်း ဆိုင်များ၌ ကွင်းဆင်း စစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် နဂါးနီ စိုက်ပျိုးရေးဆေး၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာ ရောင်းဝယ်ရေးဆိုင်ရှိ ဓာတ်မြေဩဇာများ၏ အရည်အသွေး၊ အလေးချိန်မှန်ကန်မှုနှင့် သတ်မှတ်ရောင်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် ဓာတ်မြေဩဇာများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိကိုလည်း စိစစ်ခဲ့ကြောင်း သိရသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓါတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင် ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဓါတ်မြေဩဇာများ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှု မရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦး ဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့မှ ထုတ်ပြန်ထားသည့် ဥပဒေစည်းကမ်း ချက်များနှင့်အညီ အရည်အသွေးမှန်ကန်စေရေး ဓါတ်မြေဩဇာများ သိုလှောင်ပြီး ဈေးကစားခြင်းများ မရှိစေရေးအတွက် သမဦးစီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ပူးပေါင်း၍ စိုက်ပျိုး ရေး ဆေး မျိုးစေ့နှင့် ဓါတ်မြေဩဇာရောင်းဝယ်ရေး ဆိုင်များအား သက်ဆိုင်ရာဌာနတို့၏ ဥပဒေများနှင့်အညီ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ပန်းတနော်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

       စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီ ဈေးနှုန်းများ သင့်တင့်မျှတမှုရှိစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းဒေသကြီး စွမ်းအင်ဝန်ကြီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တွင် ရောင်းချဖြန့်ဖြူးနေသော စက်သုံးဆီဆိုင်များမှ စက်သုံးဆီများကို သတ်မှတ်ထားသည့် စံလီတာပမာဏအတိုင်း ပြည့်မီစွာ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရောင်း ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှုရှိ/မရှိကိုလည်း စိစစ်ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများက ဆိုင်ပိုင်ရှင်များအား စက်သုံးဆီများကို သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာ ချိန်တွယ်ရောင်းချရန်၊ ဈေးနှုန်းများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချရန်နှင့် စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် အဆိုပါ စစ်ဆေးမှုကို ပန်းတနော်မြို့နယ်အတွင်း စက်သုံးဆီဈေးကွက် တည်ငြိမ်ရေးနှင့် စားသုံးသူပြည်သူများ မှန်ကန်သော ပမာဏ၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များအား ရပ်ကွက်နေပြည်သူများ စားအုန်းဆီရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ‌‌ ဒေါ်ရည်မွန်သန့်နှင့် ဝန်ထမ်းများသည်  မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့    (၁၄.၉.၂၀၂၆)ရက်နေ့ ‌ နေ့လည်(၁၄;၀၀)နာရီ အချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေးထားသောစားသုံးဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသော နှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန် ပြည့်ဝမှန်ကန် စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီး တစ်ကြိမ်လျှင်(၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ညွှန်ကြားချက် များအားလိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်များ အားကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

                  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးလှထွဠ်ဦးနှင့် ဝန်ထမ်း များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၉.၂၀၂၆) ရက်နေ့၊ မွန်လွှဲ(၁၅း၀၀) အချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်၊အမှတ်(၁)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမျတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြိး ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်းကြားချက်များ အား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားပါမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊၊မော်ကျွန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ သုခစံဆန်စက်တွင် ဆန်စပါးလက်ကျန်စာရင်းနှင့်My Ro တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊မော်ကျွန်း မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မော်ကျွန်းမြို့၊ ကျွန်းကလေးကျေးရွာရှိ သုခစံဆန်စက်သို့ (၁၄.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။   

                ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်း မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်ဦးသန်းစိုးအား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်း ဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန် နှင့်MyRoတွင် မှတ်ပုံတင် ထားသည့် သတ်မှတ်ပမာဏထက်ပိုမို သိုလှောင်ခွင့်မရှိကြောင်း ၊မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊   ကုန်ထုတ်၊    ကုန်လက်ကျန်စာရင်းများအား  အချိန်မီ  Update   ဖြည့်သွင်းနိုင်ရေး နှင့်  မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရန်နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်    မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍    (၁၃.၉.၂၀၂၆) ရက်နေ့      နေ့လည်(၁၄;၀၀)နာရီက    မော်ကျွန်းမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော အာမို၊ကောမတ်တံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြား ဓါတ်မြေ ဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ  ဖော်ပြထားခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်းမရှိစေရန်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိနှင့်သတ်မှတ်ဈေးနှုန်းထက် ပိုမို မရောင်းချ ရန် ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆောင်ရွက်

              ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးထက်ဘုန်းနိုင် နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ် ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဦးကောင်းဆက်အေးချိုတို့ ပူးပေါင်း၍ (၁၀-၉-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန အငယ်တန်းစာရေး ဦးကောင်းဆက်အေးချို က ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဖြစ်သော  ပုဒ်မ ၄၁ အရ  စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များထုတ်ပိုး ပြင်ဆင်မှုအပေါ်တွင် ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ထားသော ကုန်စည်၏ တံဆိပ်အမှတ် အသား၊ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသား တင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကုန်စည်များအပေါ်တွင် စတင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲအား သိသာထင်ရှားစွာဖော်ပြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ ကျန်းမားရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက် များအား စားသုံးသူများသိရှိနိုင်စေရန်ကြိုတင် သတိပေးချက်များအားဖော်ပြရမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

 

ကန့်ဘလူမြို့ပေါ်ရှိ မုန့်မျိုးစုံလုပ်ငန်းအား ဈေးကွက်မရောက်မီ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ် ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့ သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ ရှိုင်း ”  မုန့်မျိုးစုံလုပ်ငန်းအား ဈေးကွက်မရောက်မီ ကုန်စည်များကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာ ကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရမည့် အချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့် တာဝန်(၁၁)ချက်အကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် “အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ  အသိပညာပေး Talk Show” ဆွေးနွေးပွဲ ကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက်(၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေး ရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      တာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့် တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မည်သူမဆို အွန်လိုင်းရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် Online မှတ်ပုံတင် ခြင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ eComReg System(www. Ecomreg .gov.mm)တွင် မိမိကိုယ်တိုင် မှတ်ပုံတင်လျောက်ထားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်မရှိပဲ ဆောင်ရွက်မည်ဆိုပါက အရေးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊  အရေးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါ ပြစ်မှုနှင့်ပစ်ဒဏ်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)      

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ