ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Aug 2024

      လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ Es Sider ရေနံတင်ပို့သည့်ဂိတ်သည် Sirte မြစ်ဝှမ်းရှိရေနံတွင်းများမှ ပိုက်လိုင်းတစ်လျှောက် မီးလောင်ကျွမ်းမှုကြောင့် ရေနံစိမ်းများစီးဆင်းမှု ရပ်တန့်သွားကြောင်း Argus က ဩဂုတ်လ ၁၃ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့သည်။

     လစ်ဗျာနိုင်ငံရှိ အကြီးဆုံးရေနံမြေကြီး Sharara တွင် ဆန္ဒပြမှုများကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းပြီးနောက် တစ်ပတ်အကြာတွင် ထိုသို့သော အနှောင့်အယှက်များ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

21 Aug 2024

        ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ် လက်ကျန်လများကို ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တင်ပို့မှုကြီးထွားနှုန်းကိုထိန်းထားနိုင်ပါက ၂၀၂၄ခုနှစ်တွင် ၉နှစ်ဆက် ကုန်သွယ်ရေးပိုငွေရရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့ကြပါသည်။ အဆိုပါ ၇လတာကာလတွင် နိုင်ငံ၏တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၂၆.၉၈ဘီလီယံရှိခဲ့ပြီး ၁၅.၇% မြင့်တက်လာကာ ကုန်သွယ်ရေးပိုငွေ ၁၄.၀၈ဘီလီယံရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး၏ အဆိုအရသိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၁၀ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ပြီး ၂၀၂၄ခုနှစ် တစ်နှစ်စာလုံးအတွက် ကုန်သွယ်ရေးပို့ငွေအ

21 Aug 2024

         စင်္ကာပူနိုင်ငံသည် မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသော ဆန်မျိုးများကိုတီထွင်ရန်နှင့် အာရှတစ်ဝန်းတွင် ပျံ့နှံ့နေသောဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကျန်းမာရေးနှင့်ညီညွတ်သော စပါးမျိုးများကိုပြုစုပျိုးထောင်ရန် ဖိလစ်ပိုင်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

21 Aug 2024

      တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးအထွက်များသော Shan Xi ပြည်နယ်ရှိ ကုန်စည်တင်သွင်းမှုနှင့် တင်းပို့မှုစုစုပေါင်းသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၇ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၄ခုနှစ်၊ ပထမခုနစ်လတွင် ယွမ် ၁၀၁.၂ဘီလီယံ(အမေရိကန်ဒေါ်လာ၁၄.၂ဘီလီယံခန့်) ရှိကြောင်း သြဂုတ်လ ၁၇ရက်နေ့တွင်ဖော်ပြခဲ့သော တရားဝင်အချက်အလက်များအရသိရသည်။

        ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြည်နယ်၏ပို့ကုန်သည် ၁၂.၅ရာခိုင်နှုန်းတိုးကာ ယွမ်၆၁.၅ဘီလီယံရှိပြီး သွင်းကုန်သည် ၁၈.၂ရာခိုင်နှုန်းမှ ၄၀.၅ဘီလီယံယွမ်အထိမြင့်တက်လာခဲ့ကြောင်း Tai yuan ပြည်နယ်၏ အကောက်ခွန်ဗျူရိုထုတ်ပြန်ချက်အရသိရသည်။

21 Aug 2024

      ဂျာမဏီနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များသည် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံထက် ပိုလန်နိုင်ငံသို့ ကုန်ပစ္စည်းပိုမိုရောင်းချခဲ့ကြောင်း သြဂုတ် ၁၆ရက်နေ့တွင်ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုတစ်ခုအရသိရသည်။

  ဂျာမဏီနှင့် အရှေ့ဥရောပနိုင်ငံများကြား ကုန်သွယ်မှုကိုမြင့်တင်ရန်ရည်ရွယ်သည့် စည်းရုံးရေးအဖွဲ့ဖြစ်သည့် အရှေ့ဥရောပစီးပွားရေးဆက်ဆံရေး ကော်မတီ၏ အချက်အလက်များအရ ပိုလန်သို့ ဂျာမဏီမှ ကုန်ပစ္စည်းတင်ပို့မှုသည် ၄.၆ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုနှစ်၏ ပထမခြောက်လတွင်း ယူရို ၄၈.၄ဘီလီယံ(ဒေါ်လာ ၅၃.၂ဘီလီယံ)ရှိကြောင်းပြသခဲ့သည်။

19 Aug 2024

    မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်ပမာဏသည် မကြာသေးမီက ကျဆင်းလာခဲ့ ပြီးနောက် လာမည့်လများအတွင်း ပြန်လည်တိုးလာနိုင်ပြီး တန်ချိန် နှစ်သန်းအထိ ရောက်ရှိနိုင်ခြေ ရှိသည်ဟု ဈေးကွက်သုတေသနအဖွဲ့များက ခန့်မှန်းတွက်ချက်လျက်ရှိကြောင်း မလေးရှား အခြေ စိုက် Bernama သတင်းဌာနက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖော်ပြပါသည်။

     မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်မှာ ၂၀၂၄ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံး အကြိမ်ကျဆင်းလျက် ဇူလိုင်လတွင် တန်ချိန် ၁ ဒသမ ၇၃ သန်း ခန့်သာရှိပြီး ယခင်လ လက်ကျန် ပမာဏ နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။

19 Aug 2024

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ (၇) လတွင် ဆန် ၃၇၉၅၄၆ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ တန်ချိန် ၃၆၂၇၀၈ ရှိရာ ၄.၆% တိုးတက်လာကြောင်း၊ တန်ဖိုးအား ဖြင့် ဒေါ်လာ ၂၈၀ သန်း ရရှိခဲ့ရာ ယခင်နှစ်ကာလတူ၌ စံချိန်တင်ခဲ့သော ဒေါ်လာ ၂၅၃ သန်းထက် ပိုမိုခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၁၂-၈-၂၀၂၄ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

19 Aug 2024

 ကမ္ဘောဒီးယားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှု သိသာစွာတိုးမြှင့်ရန် ရည်ရွယ်လျက် ကာလရှည် ဆန်ထောက်ပံ့မှု သဘောတူညီချက်တစ်ရပ်ကို ထူထောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) နှင့် စင်ကာပူနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချမှုလုပ်ငန်းများ အနက် တစ်ခုဖြစ်သည့် NTUC FairPrice Group တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရပါသည်။

19 Aug 2024

     အိန္ဒိယနိုင်ငံ ကီရာလာ (Kerala) ပြည်နယ်၌ ရော်ဘာဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ ရော်ဘာဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ RSS အဆင့် ၄ မှိုင်းခံရော်ဘာပြားများ၏ တစ် ကီလိုဂရမ်ဈေးနှုန်းမှာ ၂၄၇ ရူပီး ရှိပြီး အဆိုပါဈေးနှုန်းသည် ၂၀၁၁ ခုနှစ် ဧပြီ လ ၅ ရက်နေ့တွင် စံချိန်တင်ရရှိခဲ့သည့် ၂၄၃ ရူပီး ထက်ကျော်လွန်မှုရှိခဲ့ကြောင်း၊ Kottayam မြို့ရှိ ကုမ္ပဏီတစ်ခုမှ ရော်ဘာပြားများကို ၂၅၅ ရူပီးနှုန်းပေး၍ ဝယ်ယူနေသည့်အတွက် ရော်ဘာသမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

19 Aug 2024

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် သဘာဝရော်ဘာစေး (Natural Rubber Latex) ၁၇၃၉၁၅ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ ပမာဏဖြစ်သည့် ၁၇၀၉၆၈ တန်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် ပမာဏအနည်းငယ် တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယား ရော်ဘာအထွေထွေ ညွှန်ကြားမှု ဦးစီးဌာန၏ ၁၁-၈-၂၀၂၄ ရက်နေ့ အစီရင်ခံစာအရ သိရှိရသည်။

19 Aug 2024

    ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ရာတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီစေရေးနှင့် စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှု နောက်ဆုံးအခြေအနေများကို  ပုံမှန်သတိပြုဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရှိရသည်။

19 Aug 2024

   အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီဥတုအခြေအနေ ကောင်းမွန်ခြင်းက ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှု မြင့်မားပြီး လက်လီဈေးနှုန်းများ နိမ့်ကျမှု ဖြစ်စေနိုင်သဖြင့် ပဲမျိုးစုံတင်သွင်းမှုမှာ ယခင်နှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၄၇ ဒသမ ၃၈ သိန်းမှ လျော့ကျလျက် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သိန်း ၄၀ မှ ၄၅ သိန်းအတွင်းသာ တင်သွင်းရဖွယ်ရှိကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲ သီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌ Bimal Kothari က ဩဂုတ်လ ၉ ရက်နေ့၌ ပြောကြားခဲ့သည်။

Pages