ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Aug 2024

     ထိုင်းနိုင်ငံသည် ရုရှား၊ အာမေးနီးယား၊ ဘီလရုဇ်၊ ကာဇတ်စတန်နှင့် ကာဂျစ်စတန်တို့နှင့်ဖွဲ့စည်းထားသည့် Eurasian Economic Union (EAEU) တို့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်းနိုင်ငံဆိုင်ရာ ကာဇတ်စတန်နိုင်ငံသံအမတ်ကြီး Arman Issetov နှင့် အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် အပြန်အလှန်အကျိုးစွားပွား၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ အစရှိသည့် များစွာသောနယ်ပယ်တို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နည်း

13 Aug 2024

     ၂၀၂၄ခုနှစ် ပထမ ၆လတာကာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀.၉၅ဘီလီယံရှိခဲ့ပြီး အလုပ်သမားဦးရေ ၁၂၂၅၀၄၂ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေးဝန်ကြီး Bahlil Lahadolia ကပြောကြားခဲ့ပါသည်။ ဂျကာတာမြို့တွင် ဇူလိုင်လ ၂၈ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၂.၃ရာခိုင်နှုန်းကြီးထွားလာခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်ဖြစ်သည့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၁.၂၉ဘီလီယံပြည့်မီရန်အတွက် ၅၀.၃ရာခိုင်နှုန်းကိုရောက်ရှိန

12 Aug 2024

        Brexit နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဗြိတိန်သို့တင်သွင်းလာသော အစားအစာများကို ဗြိတိန်၏ဓာတ်ခွဲခန်းစွမ်းရည်နည်းပါးမှုကြောင့် စမ်းသပ်ရန် ဥရောပသို့ ပြန်လည်ပို့ဆောင်ထားကြောင်း အစားအသောက်အဖွဲ့များကပြောကြားခဲ့သည်။ ယူကေ၏ အစားအစာထောက်ပံ့မှုပေါင် ၁၀၀ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးအဖွဲ့ ၃၀ကိုကိုယ်စားပြုသည့် SPS လက်မှတ်လုပ်ငန်းအဖွဲ့သည် အစိုးရထံစာရေးပြီး ဂျာမနီကဲ့သို့သောနိုင်ငံများသို့တင်သွင်းလာသော အစားအစာနမူနာတချို့ကို နယ်စပ်မှမထွက်ခွာရသေးချိန်တွင် စမ်းသပ်ရန် အဖွဲ့ဝင်များအား အကြံပြုထားကြောင်းသိရသည်။ ဓာတ်ခွဲခန်း အဆောက်အဦများမရှိခြင်းသည် အပိုကုန်ကျစရိတ်များ၊ ကြာရှည်နှောင့်နှေ

12 Aug 2024

       တိုရွန်တို (Reuters) - ကနေဒါအလုပ်သမားသမဂ္ဂ Unifor က အမေရိကန်ပြည်ထောင်စု၏ အဆိုပြုထားသည့်  အတိုင်းအတာတချို့နှင့်ကိုက်ညီစေရန် တရုတ်မှထုတ်လုပ်သည့် လျှပ်စစ်ကားများ (EVs) အားလုံးကို အခွန်စည်းကြပ်ရန်  ကြာသပတေးနေ့တွင်  တောင်းဆိုလိုက်ပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ အလားတူလှုပ်ရှားမှုများအပြီးတွင် ကနေဒါသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်ခြင်းရန် ဇူလိုင်လတွင် လူထုညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။

12 Aug 2024

     ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတာ ကာလတွင် ဗီယက်နမ်နိုင်ငံ၏ အပြန်အလှန် ကုန်သွယ်မှုပမာဏ အမေရကန်ဒေါ်လာ ၄၄၀ ဘီလီယံရှိပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၇ ဘီလီယံနှင့် တင်သွင်းမှု တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံရှိကာ လွန်ခဲ့သည့် နှစ်တူညီကာလထက် ၁၅.၇% နှင့် ၁၈.၅% အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတွင် ပြည်တွင်းကဏ္ဍမှ ၂၇.၈% နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ ၇၂.၂% ရှိကြောင်း သိရပါသည်။ တင်သွင်းမှုတွင် ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံဖြင့် ၂၁.၅% မြင့်တက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံဖြင့် ၁၇% မြင့်တက်ခဲ့ကြောင်းသ

12 Aug 2024

    ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom သည် ဇူလိုင်လတွင် ဥရောပသို့ ပျမ်းမျှနေ့စဉ် သဘာဝဓါတ်ငွေ့ ထောက်ပံ့မှုသည် ယခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅.၇% တိုးလာကာ ပြီးခဲ့သော ဇွန်လကထက် ၁၂% အထိ ပိုများလာကြောင်း Reuters ၏ တွက်ချက်မှုအရ သိရသည်။

12 Aug 2024

    အဌမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တနင်္ဂနွေနေ့တွင် ပြီးဆုံးခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပကုန်သွယ်မှု စာချုပ်များ စုစုပေါင်း တန်ဖိုး ယွမ် ၈ ဘီလီယံ (ဒေါ်လာ ၁၁၂ သန်း) ခန့် လက်မှတ်ရေးထိုးခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

   ယခုနှစ် ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၈၂ နိုင်ငံ၊ ဒေသများစွာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပါဝင်ပြသခဲ့ပြီး ကုမ္ပဏီပေါင်း ၂၀၀၀ ကျော် ပါဝင်ခဲ့သည်။ ယင်းတို့အနက်မှ ထက်ဝက်နီးပါးသည် တောင်အာရှနှင့် အရှေ့တောင်အာရှရှိနိုင်ငံအားလုံးကို လွှမ်းခြုံထားသည့် ပြည်ပကုမ္ပဏီများဖြစ်သည်။

12 Aug 2024

      စင်္ကာပူနိုင်ငံရှိ စတိုးဆိုင် တစ်ဆိုင်သည် မေလက ဓါတ်ခွဲခန်းသုံးအသားများကို အများပြည်သူများထံသို့ တိုက်ရိုက်ရောင်းချလျက်ရှိပြီး ၎င်းသည် လူသားမျိုးနွယ်အတွက် အစားအသောက်အပိုင်းတွင် မှတ်သားဖွယ်ရာ အခိုက်အတန့်ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

      ပြီးခဲ့သော စနေနေ့က Huber’s Butchery ဆိုင်သို့ လာရောက်လည်ပတ်စားသောက်ကြသောဧည့်သည်များအား ထောပတ်သီး၊ Picn de gallo နှင့် နံနံပင်တို့နှင့်အတူ Toco shells တွင် ထည့်သွင်းရောင်းချလျက်ရှိသည်။

12 Aug 2024

      ကုမ္ပဏီမှ စာရွက်စာတမ်းများအရ Geely မှ ငွေကို အရစ်ကျဖြင့် နှစ်ဆင့်ခွဲ၍ ပေးချေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်မော်တော်ကားအုပ်စုသည် ၎င်း၏ Coventry အခြေစိုက်လုပ်ငန်းခွဲသို့ ပေါင် ၇၀ သန်းနှင့် မေလတွင် ပေါင် ၅၀ သန်းအား ရင်းနှီးမြှုပ်နှံရန် စုဆောင်းခဲ့သည်။

12 Aug 2024

     တောင်ကိုရီးယားနိုင်ငံ၏ ကင်မ်ချီတင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် စံချိန်သစ်တင်ခဲ့ပြီး ကိုရီးယားအစားအစာများအား မြောက်အမေရိကနှင့် ဥရောပတို့၌ လူကြိုက်များလာခြင်းကြောင့် ယခုနှစ်၏ပထမနှစ်ဝက်တွင် စံချိန်သစ်တင်ခဲ့ကြောင်း ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

12 Aug 2024

     ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏နောက်ဆုံးတင်ပို့မှုအပြီး လေးနှစ်အကြာတွင် သကြားကြမ်း ၂၅၃၀၀ မက်ထရစ်တန်အား ယခုနှစ်အတွင်း အမေရိကန်သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထံမှ သိရသည်။

    Sugar Regulatory Administration (SRA) သည် ပြီးခဲ့သည့် သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် သကြားအမိန့်အမှတ်စဉ်(၃)အား ထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေနှင့် ဝါရှင်တန်၏ သကြားခွဲတမ်းကိုလည်း ဖြည့်ဆည်းပေးရန်အတွက် ပြည်တွင်း ထုတ်လုပ်သူများအား အချက်ပြပေးခဲ့သည်။

12 Aug 2024

      တရုတ်အစိုးရပိုင် လုပ်ငန်းတစ်ခုသည် အမေရိကန်ကုမ္ပဏီ Space x ၏ starlink ကမ္ဘာ လုံးဆိုင်ရာ အင်တာနက်ကွန်ရက်ကို ပြိုင်ဆိုင်ရန် ဒီဇိုင်းထုတ်ထားသည့် megaconstellation ဂြိုလ်တုများအတွက် ပထမအသုတ်အား ဩဂုတ်လ ၅ ရက်နေ့က လွှင့်တင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့သည်။

Pages