ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Aug 2024

   အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံ၏ အမေရိကန်သို့ တင်ပို့မှုလျော့ကျပါက ထိုင်းနိုင်ငံသည် အမေရိကန်သို့ ပိုမိုမြင့်မားစွာ တင်ပို့နိုင်ပြီး အကျိုးကျေးဇူးရရှိနိုင်ကြောင်း စက်မှုလုပ်ငန်းစီးပွားရေးရုံး(OIE) ၏ ပြောကြားချက်အရ သိရ ပါသည်။ OIE၏ ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ Warawan Chitaroon က ထိုင်းနိုင်ငံသည် အာဆီယံတွင် အဓိကကုန်ထုတ်လုပ်ရသည့်နိုင်ငံဖြစ်ပြီး နိုင်ငံများစွာသို့ ကုန်ပစ္စည်းများ တင်ပို့လျှက် ရှိကြောင်းနှင့် ကုန်သွယ်ရေးစစ်ပွဲသည် ထိုင်းကုန်ထုတ်လုပ်သူများနှင့် တင်ပို့သူများ ကို အခွင့်အလမ်းသစ် ပံ့ပို့ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိ

26 Aug 2024

     ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ထံမှ  ၁ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်း ခွင့်ပြုချက်ရပြီးနောက် တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်းကုမ္ပဏီသည် ၂၀၂၆ ခုနှစ်မှစ၍ ဘတ်ထရီလျှပ်စစ်မော်တော်ယာဉ်များနှင့် ဘတ်ထရီများကို ထိုင်းနိုင်ငံ၌ တိုက်လုပ်သွားရန် စီစဉ်နေကြောင်း သိရပါသည်။ EV 3.5 ဟုသိကြသည့် လျှပ်စစ်မော်တော်ယာဉ်သုံးစွဲရန် ဆွဲဆောင်မှု ကမ်းလှမ်းချက်အောက်ရှိ စီမံကိန်းအတွက် ဘုတ်အဖွဲ့ထံမှ ခွင့်ပြုချက်ရရှိပြီး နောက်အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ အစိုးရသည် ထုတ်လုပ်သူများကို ဆွဲဆောင်မှု မက်လုံးများ စီစဉ်ပေးသည့်အပြင် သုံးစွဲသူများအတွက်လည်း လျှပ်စစ်မော်တော

26 Aug 2024

     အာရှနှင့် ပစိဖိတ်အတွက် အာဂျင်တီနားကုန်သည်များအသင်း (ACCAP)၏ ဥက္ကဌဖြစ်သူ Rallys Pliauzer က နယ်ပယ်စုံတွင် အာဂျင်တီးနားနှင့် ဗီယက်နမ်အကြားဆက်ဆံရေးသည် စဉ်ဆက်ဖွံ့ဖြိုုးတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး အထူးသဖြင့် ကုန်သွယ်ရေးတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး အလားအလာသည် ဆက်လက်အားကောင်းနေကြောင်း ပြောကြားခဲ့ပါသည်။ Pliavzer သည် အဆိုပါစကားကို ဩဂုတ်လ ၁၄ ရက်နေ့က ၎င်း၏ အေဂျင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဗီယက်နမ်တွင် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်ရေး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်မှုအလားအလာအတွက် ဆွေးနွေးပွဲတွင် အခိုင်အမာပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုအခ

26 Aug 2024

     ဗီယက်နမ်နိုင်ငံသည် ကမ္မာ့ရှစ်ခုမြောက် အကြီးမားဆုံးလက်ဖက်ခြောက်တင်ပို့သူဖြစ်ပြီး ယခုနှစ်၏ ပထမ ၇ လတွင် လက်ဖက်ခြောက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်‌ဒေါ်လာ ၁၃၅ သန်း ရရှိခဲ့ကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၃၄.၈ % မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ လက်ဖက်ခြောက်တင်ပို့သည့် ပျမ်းမျှဈေးနှုန်းသည် တစ်တန်ကို ၁၂၇၂.၇ အမေရိကန် ဒေါ်လာရှိခဲ့ပြီး ၁.၆ % မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ(၁)လတည်းတွင် လက်ဖက်ခြောက် တင်ပို့မှုတန်ချိန် ၁၆၀၀၀ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉ သန်း ဝင်ငွေရရှိခဲ့ကာ ၁၄.၅% နှင့် ၆.၈% အသီးသီးမြင့်တက်ခဲ့သည်ဟု စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ပကုန်သွယ်ရေး အေ

26 Aug 2024

     ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့၏ ကုန်သွယ်မှုသည် ယခုနှစ်ပထမ ၇ လတာ ကာလတွင် သိသာထင်ရှားသည့် ကြီးထွားမှုပြသခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယကျော် ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၃.၅ % မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းမှု နက်ရှိုင်းခြင်းကို ပြသခြင်းဖြစ်ကြောင်း သိရပါသည်။ အချက်အလက်များအရ ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် တူညီကာလထက် ၃၇% မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုလိုမြင့်တက်လာမှုသည် အဝ

26 Aug 2024

     အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့် ဘတ်ငွေတန်ဖိုးအားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် မူလခန့်မှန်းထားသည့် ဆန်တန် ၇.၅ သန်းကို ကျော်လွန်၍ ဆန် တန်ချိန် ၈.၂ သန်းကို ပြည်ပသို့တင်ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနအဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipet က ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလကထက် ၂၅.၁% အသီးသီးမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်.

26 Aug 2024

     ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသဆိုင်ရာကျယ်ပြန့်သော စီးပွားရေးအဖွဲ့အစည်း (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယခုနှစ် ပထမ (၇)လတွင် အမေရိကန်ဒေါ်လာ ၁၉.၈၇ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၆.၈ % မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါကာလ အတွင်း ကမ္ဘောဒီးယား၏ RCEP အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၆၂.၉% ရှိကြောင်း သိရပါသည်။ ဇန်နဝါရီလမှ ဇူလိုင်အလတွင်း ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅.၁၉ ဘီလီယံ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို RCEP နိုင်င

26 Aug 2024

     တရုတ်နိုင်ငံ အီလက်ထရောနစ်နှင့် အိမ်သုံးပစ္စည်းကုမ္မဏီဖြစ်သည့် Haier သည် ဘတ် ၁၀ ဘီလီယံရင်းနှီးမြှပ်နှံမည့် ၎င်းတို့၏ ပထမဆုံး ari- con ထုတ်လုပ်မည့် စက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ပြီး လျှင်မြန်စွာ ကြီးထွားလာသည့် ဘတ်  ၁၀ ဘီလီယံတန်ဖိုးရှိသော ထိုင်းနိုင်ငံ  air- con ဈေးကွက်သို့ ဝင်ရောက်လာမည်ဟု သိရပါသည်။ Haier ၏ အရှေ့တောင် အာရှတွင် ပထမဆုံး စက်ရုံကို ချောင်ဘူရီပြည်နယ်၏ WHA အရှေ့ပင်လယ်ကမ်းခြေ စက်မှုဇုန်တွင် တည်ဆောက်မည်ဟု သိရပါသည်။ Haier အုပ်စု၏ ဘုတ်အဖွဲ့ဥက္ကဌဖြစ်သူ Zhou Yunjie ကထိုင်းနိုင်ငံတွင် စက်ရုံတည်ဆောက်ရခြင်းသည် အိမ်နီးချင်းနိုင်ငံများသို့ ကောင်းမွန်သေ

26 Aug 2024

    အမေရိကန်ဖက်ရှင်လုပ်ငန်းအသင်း၏ လတ်တလောသဘောထား ကောက်ခံချက်ဖြစ်သည့် အမေရိကန်သို့ အထည်အလိပ်တင်ပို့သည့်နိုင်ငံများ၏ ယှဉ်ပြိုင်နိုင်စွမ်းရည်အရေးသာမှု နှိုင်းယှဉ်ချက်တွင် ဗီယက်နမ်နိုင်ငံက တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်ထက် စုစုပေါင်းအမှတ်ရရှိမှု မြင့်မားခဲ့ကြောင်း သိရပါသည်။ အဆိုပါ သဘောထားကောက်ခံချက်အရ ဗီယက်နမ်နိုင်ငံသည် ၎င်းတို့၏ တန်ဖိုးမြင့်ထုတ်ကုန်များ ကွဲပြားစွာ ထုတ်လုပ်နိုင်သောစွမ်းရည်ကြောင့် ပိုမိုကောင်းမွန်သော ယှဉ်ပြိုင်နိုင်မှုတွင် နှာတစ်ဖျား အသာရနေကြောင်း သိရပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် ကျယ်ပြန့်၍ စုံလင်သော ထုတ်ကုန်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်သည့်စွမ်းရည်တွင် ဦးဆောင်

26 Aug 2024

       လက်ရှိအရှိန်အဟုန်နှင့် လတ်တလောအချိန်များအတွင်း တည်ငြိမ်သော နှစ်ဆခန့် ကြီးထွားလာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ စံချိန်တင်အမေရိကန်ဒေါ်လာ ၇ ဘီလီယံထိ ရရှိနိုင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင်  ဗီယက်နမ်နိုင်ငံသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့်  အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါကဏ္ဍသည် တင်ပို့သည့်ထိပ်ဆုံးဈေးကွက် ၁၀ ခုတွင် နယ်သာလန်မှလွဲ၍ ကိန်းဂဏန်း ၂ ဆထိ ကြီးထွားမှုပြခဲ့ကြောင်း သိရပါသည်။  ဗီယက်နမ်နိုင

26 Aug 2024

     အင်ဒိုနီးရှားသမ္မတဂျိုကိုဝီသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါမှ နာလန်ထူလာပြီး နောက်နိုင်ငံ၏တည်ငြိမ်သော စီးပွားရေးကြီးထွားလာမှုသည် ၅ ရာခိုင်နှုန်း အထက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ဂျိုကိုဝီက ၁၆-၈-၂၀၂၄ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့အတိုင်ပင်ခံစုံညီနှစ်စဉ်အစည်းအဝေးပွဲတွင် ပါလီမန်အဖွဲ့ဝင်များကို ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဂျိုကိုဝီက အင်ဒိုနီးရှားနိုင်ငံသည် ကပ်ရောဂါကာလအပြီး စီးပွားရေး မြန်ဆန်စွာ နာလန်ထူပြီး ဆက်လက်ပင် ကြီးထွားလာသည့်နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်ကြောင်းနှင့် စီးပွားရေးကြီးထွားမှုသည် ၅ ရာခိုင်နှုန်းအထက်တွင် ဆက်လက်ရှိနေကြောင်း ပြေ

26 Aug 2024

      Oppo သည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ဗီယက်နမ်စမတ်ဖုန်းဈေးကွက်၌ ပထမဆုံးအကြိမ်အဖြစ် Samsung ကို ကျော်တက်သွားခဲ့သည်။ တရုတ်စမတ်ဖုန်းအမှတ်တံဆိပ် Oppo ၏ ရောင်းအားသည် တစ်နှစ်ထက်တစ်နှစ် ၁၁၀ ရာခိုင်နှုန်းတက်လာပြီး ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းရှိကြောင်း ဈေးကွက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Canalys မှ ပြောကြားခဲ့သည်။ ၎င်း၏နောက်တွင် တောင်ကိုးရီးယားကုမ္ပဏီ Samsung မှ ၂၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ Xiaomi မှ ၂၀ ရာခိုင်နှုန်း ၊ အမေရိကန်ကုမ္ပဏီ Apple မှ ၁၆ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ Vivo မှ ၆ရာခိုင်နှုန်းနှင့်အခြားကုမ္ပဏီများမှာ ၁၀ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရပ်တည်လျက်ရှိကြသည်။ ဈ

Pages