၂၀၂၅ ခုနှစ်၊ သြဂုတ်လ တရုတ်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ရည်

Powered by Drupal

            တရုတ်နိုင်ငံ၏ တန်ဖိုးမြင့်စက်မှုထုတ်လုပ်မှုသည် သြဂုတ်လတွင် ယခင်နှစ်ကထက် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် လက တစ်နှစ်ထက်တစ်နှစ် ၅.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းသည် ၅.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ လျှပ်စစ်ဓာတ်အား၊ အပူ၊ ဓာတ်ငွေ့၊ ရေထုတ်လုပ်မှုနှင့် ထောက်ပံ့ ရေးလုပ်ငန်း၏ တန်ဖိုးမြင့်ထုတ်လုပ်မှုသည် ၂.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

          တရုတ်နိုင်ငံ၏ စားသုံးသူကုန်ပစ္စည်းလက်လီရောင်းချမှုသည် နိုင်ငံ၏ စားသုံးမှုကိုဖော်ပြ သည့် အဓိကညွှန်ပြချက်ဖြစ်ပြီး သြဂုတ်လတွင် ယခင်နှစ်ကထက် ၃.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါ သည်။

          တရုတ်နိုင်ငံ၏ သွင်းကုန်ပစ္စည်းလက်လီရောင်းချမှုသည် နိုင်ငံ၏ စားသုံးမှုကို ဖော်ပြသည့် အဓိက ညွှန်ပြချက်ဖြစ်ပြီး သြဂုတ်လတွင် ယခင်နှစ်ကထက် ၃.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          တရုတ်နိုင်ငံ၏ သွင်းကုန်နှင့်ပို့ကုန်များသည် သြဂုတ်လတွင် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ အချက်အလက်များအရ (Belt and Road) ‌ဒေသ များရှိ နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် ၁၅.၃ ထရီလီယံ အထိ ရောက်ရှိခဲ့ပါသည်။

          ပုဂ္ဂလိက လုပ်ငန်းကုန်သွယ်မှု၏ အဓိက မောင်နှင်အားကို ပြသခဲ့ပြီး သွင်းကုန်နှင့်ပို့ကုန် ၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ် ၁၆.၈၉ ထရီလီယံ အထိရောက်ရှိခဲ့ပါသည်။၄င်းသည် နိုင်ငံ၏ စုစုပေါင်း ၅၇.၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ယခင်နှစ်အလာတူကာလထက် ၂.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ ပါသည်။

          စားသုံးသူညွှန်းကိန်း CPI သည် သြဂုတ်လတွင် ယခင်နှစ်အလားတူကာလထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ စားသောက်ကုန်နှင့် စွမ်းအင်မပါသော CPI သည် ၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ထုတ်လုပ်သူအညွှန်းကိန်း PPI သည် သြဂုတ်လတွင် ယခင်နှစ်ထက် ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ထိုကျဆင်းမှုသည် ယခင်နှစ်ကထက် ၀.၇ ရာခိုင်နှုန်း ကျဉ်မြောင်းခဲ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)